Ads (728x90)



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFF Suzuki Cup 2012 ခြေစစ်ပွဲ လက်မှတ်များကို လာမည့် စက်တင်ဘာလ
၂၂ ရက်နေ့မှ စတင်၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ လက်မှတ်နှုန်းထား အနေဖြင့် အထူးတန်း ၃၀၀၀ ကျပ်
နှင့် ရိုးရိုးတန်း ၁၀၀၀ ကျပ်သတ်မှတ်ထားပြီး အွန်လိုင်းနှင့် ရတနာပုံ Call Centre တို့မှလည်း ကြိုတင်မှာယူနိုင်ကြောင်း သိရှိရသည်။

လက်မှတ်အတုအပများ ကာကွယ်ရန်အတွက် လက်မှတ်များကို 2D barcode စနစ်တပ်ဆင်ထားပြီး ဘောလုံးကွင်း
ဝင်ပေါက်ဂိတ်များတွင် စက်များဖြင့် စစ်ဆေးသွားမည်ဖြစ်သည်။ ကွင်းဝင်ခွင့် လက်မှတ်ဝယ်ယူရာတွင် နိုင်ငံသား မှတ်ပုံတင် ကတ်ပြား
ယူဆောင်လာရမည်ဖြစ်ပြီး မှတ်ပုံတင်တစ်ခုလျှင် ၄စောင်အထိ ၀ယ်ယူနိုင်မည် ဖြစ်သည်။ အဆိုပါလက်မှတ်တွင် ၀ယ်ယူသောသူ၏
မှတ်ပုံတင်နံပါတ်ကို ထည့်သွင်းထားမည်ဖြစ်ပြီး အဆိုပါ စနစ်မှာ နိုင်ငံတစ်ကာပြိုင်ပွဲများတွင် ကျင့်သုံးနေသော စနစ်ဖြစ်သည်။
အရပ် ၁၀၀ စင်တီမီတာ (၃ပေ ၃လက်မခန့်)အောက် ကလေးများအနေဖြင့် လက်မှတ်ဝယ်ယူ ရန်မလိုအပ်ပဲ အုပ်ထိန်းသူနှင့်အတူ
တစ်ခုံတည်းထိုင်ရမည် ဖြစ်သည်။


ရတနာပုံ call centre မှ ကွင်းဝင်လက်မှတ်မှာယူလိုသူများ အနေဖြင့် နံနက် ၉နာရီမှ ၆နာရီအထိ ၁၈၇၆သို့ဆက်သွယ်
မေးမြန်းဆောင်ရွက်နိုင်ပြီး ကြိုတင်လက်မှတ် ၀ယ်ယူနိုင်မည့် စင်တာ ၄ခု ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး ပွဲစဉ်ကစားမည့်ရက်များ၌လည်း
သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းများတွင် နံနက် ၁၀နာရီမှ ၆နာရီအထိ ၀ယ်ယူနိုင်မည်ဖြစ်သည်။
ကြိုတင်လက်မှတ်ဝယ်ယူနိုင်သည့် စင်တာများ
၁။ MRTV-4 Show room
့မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်း၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။ ရန်ကုန်မြို့။ ဖုန်း ၀၁- ၂၉၄၈၄၉။
၂။ Digital Showroom
အမှတ်.၃၀၉။ ဗညားဒလလမ်း။ ကျောက်မြောင်း၊ တာမွေမြို့နယ်။ ဖုန်း- ၀၁၂၉၄၈၄၉။
၃။ Digital Show room
၃၉ လမ်း။
၎။ Digical Showroom
အမှတ် (၂၀) လေးထောင့်ကန်လမ်း။ ဇ၀န၊ သင်္ဃန်းကျွန်းမြို့နယ်။
၅။ ရတနာ ပုံ Call Centre
1876 (၂၄ နာရီ)


 မြန်မာနေရှင်နယ်လိဂ် ၀ဘ်ဆိုဒ်မှ ပြန်လည်ကူးယူဖော်ပြပါသည် ။ 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...