Ads (728x90)


မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၁ ၏ တနင်္ဂနွေနေ့ပွဲစဉ် အဖြစ် သုဝဏ္ဏကွင်း၌ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့
ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အတွက် အဖွင့်ဂိုးကို နယူချီ၏ ဖြတ်တင်
ပေးပို့မှုမှ တစ်ဆင့် အပိုင်ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ မိနစ်၂၀၌ ဆောက်သမ်းမြန်မာ ကစားသမား အောင်ရဲထွဋ်က ရန်ကုန်ယူနိုက်တက်ဂိုးသမား
နိုင်ဇေယျာထွန်းနှင့် တစ်ဦးချင်းအတွေ့၌ အပိုင်ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ထိုနောက် ၂၇ မိနစ်တွင် ဆီဆာက ဧရိယာထိပ်မှ ကန်ချက်ပြင်းပြင်း
ဖြင့် ကန်သွင်းယူခဲ့ရာ ဆောက်သမ်းမြန်မာ ဂိုးသမား ဇာနည်မင်း လေပေါ်ပျံဝဲ ကာကွယ်ခဲ့သော်လည်း မတက်နိုင်ပဲ ဂိုးပေးလိုက်ရသည်။
  မိနစ် ၇၀မှာ ရန်ကုန်ယူနိုက်တက် ရရှိသည့် ထောင့်ကန်ဘောမှ တစ်ဆင့် ဆီဇာ ခေါင်းတိုက်သွင်းယူပြီး ရန်ကုန်ယူနိုက်တက်အသင်း တတိယဂိုး
ရရှိခဲ့ပြန်သည်။ ၈၅မိနစ်တွင် ရာဇာဝင်းသိန်း၏ ပေးပို့မှုမှ တစ်ဆင့် ရရှိသော ဘောလုံးကို နယူချီက ကန်သွင်းယူခဲ့ပြီး ရန်ကုန်ယူနိုက်တက်
အသင်းက၄-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။



အောင်ဆန်းကွင်းတွင် ကျင်းပခဲ့သော ချင်းယူနိုက်တက်နှင့် ရတနာပုံပွဲစဉ်တွင် (၀-၄) ဂိုးဖြင့် ချင်းယူနိုက်တက်အသင်း အနိုင်ရခဲ့သည်။
ရတနာပုံအသင်းမှကိုနေးအဒမ်မာက တစ်ဦးတည်း ဟတ်ထရစ် သွင်းယူသွားခဲ့သည်။ ကိုနေးအဒမ်မာသည် ရတနာပုံအသင်းအတွက်
အနိုင်ဂိုးများကို ၇မိနစ်တွင်လည်းကောင်း ၁၅ မိနစ်တွင်လည်းကောင်း၊ မိနစ် ၄၀တွင်လည်းကောင်း သွင်းယူပေးခဲ့သည်။ ရတနာပုံအသင်း
အတွက် ၄ဂ်ုးမြောက်ဂိုးကို မာဆီရိုက ၄၇မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရတနာပုံအသင်းက ချင်းယူနိုက်တက်အသင်းကို
၎-၀ ဂိုးဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယား ထိပ်ဆုံးကို ဆက်လက်ဦးဆောင် နေဆဲ ဖြစ်သည်။


မြန်မာနေရှင်နယ်လိဂ် ဆိုဒ်မှ ပြန်လည်ကူးယူဖော်ပြပါသည်/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...