Ads (728x90)



အော်..ယောက်ျား..ယောက်ျား...

 ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် ပြောပါလိမ့်မယ်

.... ' သူ့ကိုကြိတ်ကြိုက်နေတယ် ' ... လို့

အဲလိုမှ မလုပ်ပြန်ရင်လဲ ... ' အဲဒီ မိန်းမက ဘာမှ မဟုတ်ပါဘူးကွာ ' ... တဲ့

သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ် ... ' သူ့ရုပ်နဲ့ပဲများနေတာ ' ..လို့

အဲလိုမှ မ၀တ်ပြန်ရင်လဲ ' တိုက်ဂေါ 'တဲ့

သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် ...' စွာတေးမ '...လို့

ငြိမ်နေပြန်တော့လဲ ... ' ငတုံးမလေးပါကွာ...ငါလိမ့်ချင်သလို လိမ့်လို့ရပါတယ် '...တဲ့

သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် ... ' ငဖျံမ '...လို့

သူကများ ပိုတော်နေရင်တော့လဲ ...' အရည်အချင်းကြောင့် '...တဲ့

သူ့ကိုများ မကြိုက်ဘူးဆိုရင် ... " လက်ဖက်ရည်ဆိုင်မှာ ရေနွေးအိုးတအိုးနဲ့တစ်နေ့လုံးထိုင်ပြီး...

ဒီစော်ကဘာကြီးဘာကွာ....ညာကြီးပါကွာ.....

ဘယ်တုန်းကငါနဲ့ဘယ်လို....ဘာဖြစ်ခဲ့တယ်...ညာဖြစ်ခဲ့တယ်...

အခုမှအထာတွေပိုနေတာပါကွာ......စတဲ့စတဲ့....အတင်းတွေပြောလာပါလိမ့်မယ်

သူ့ကို ကြိုက်မိပြန်တော့လဲ ... သင့်ကို အနိုင်ကျင့်နည်းပေါင်းစုံနဲ့ တရားဝင်

အနိုင်ကျင့်လာပါလိမ့်မယ်....

ချစ်နေတဲ့ အမူအရာများ ပြမိရင်ပြောပါလိမ့်မယ် ... ' ငါက ပိုင်ပါတယ်ကွာဆိုပြီး

နောက်ကွယ်မှာ လျှောက်ဖေါဦးမယ်....

အဲလို အမူအရာမပြပြန်တော့လဲ ...

 ' မင်းကတကယ်မချစ်လို့ နောက်တစ်ယောက်ရှာတာ'...တဲ့

အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် ... ' ပစိပစပ် '...လို့

မတိုင်ပင်ဘဲ နေပြန်တော့လဲ ... ' သူ့ကို မယုံကြည်လို့ '...တဲ့

သူ့ကိုများ အော်ငေါက်မိရင် ပြောပါလိမ့်မယ် ...

' ယောက်ျားကိုလွှမ်းမိုးမယ့်မိန်းမ ' ...လို့

သူကများ အော်ငေါက်ရင်တော့ ' ဆုံးမတာ '...တဲ့

ပေးထားတဲ့ ကတိ ဖျက်မိရင် ပြောပါလိမ့်မယ် ... ' ကတိမတည်တဲ့မိန်းမ '...လို့

သူဘက်ကဖျက်ရင်တော့ ...' မလွဲမရှောင်သာလို့ပါ ' ...တဲ့

မိန်းကလေး......... shopping သွားမိရင် ပြောပါလိမ့်မယ် ...'

ပိုက်ဆံဖြုန်းတဲ့မိန်းမ..လို့

သူ ပိုကာ ဆွဲတာကျတော့ ...' အပျင်းပြေပါ '...တဲ့

သင် စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် ...' သူအားပေးတတ်လို့ပါ '...လို့

သူအောင်ရင်တော့ ... ' အရည်အသွေးကြောင့် ' ...တဲ့

သူများကိုများ မတော်တဆ နာကျင်စေမိရင် ပြောပါလိမ့်မယ် ...

' အကြင်နာတရားမဲ့တ့လဲူ' ...လို့

သူ့ကြောင့်များ သင်ခိုက်မိရင်တော့ ... ' အထိမခံ ရွှေပုဂံ ' ...တဲ့

သူနဲ့ အတူတူ အပြင်သွားလို့ သူပိုက်ဆံ ရှင်းရမယ်ဆိုရင် ......

ဝလာမှာစိုးလို့နည်းနည်းပဲစားတဲ့......

ကိုယ့်ဘာသာ ရှင်းမယ်ဆိုရင် အစားဆိုတာ ကောင်းကောင်းစားရတယ်တဲ့

ယောက်ျားတွေ အကြိုက် ဆယ်ခါလိုက်လဲ

မလိုက်တစ်ခါ ရှိခဲ့ပါမူ...

သွားပုတ်လေလွင့်..လျှောက်ပြောတတ်၏

( blog တွေလည်း လျှောက်ရေးတတ်၏ ..)တဲ့......

ရည်းစားသက်တမ်းကြာလာလို့ သူတို့အသစ်ကလေးရှာချင်ပြီဆိုရင်.......မင်းကို

ချစ်တာမဟုတ်ခဲ့ပါဘူး ...ခဏ သာယာမိတာပါတဲ့........

(ဗလောင်းဗလဲကိုကောင်းကောင်းပြောတတ်သေးပါတယ်..............)

ဒီစာကို ယောက်ျားတွေဆီ ပို့ပေးမိရင် ပြောပါလိမ့်မယ် ... ' မဟုတ်မဟတ်တွေ'...လို့..

မပို့ပြန်ရင်လည်း ... ' အတ္တသမားတွေ ' တဲ့.... :D



လင်းလွန်းရဲ့စိတ်ကူး အိမ်မက်များမှ - တဆင့်ပြန်လည်တင်ပြပါသည်။....

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...