Ads (728x90)


အသင်းတို့ လာမည့် သြဂုတ်လ(၇)ရက်နေ့တွင် ပဒုမ္မာကွင်း၌ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
 
ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အားကစားက ပြည်ထဲရေးကို (၃-၁)ဂိုးဖြင့် အနိုင်ရသွားခဲ့ပြီး ရမှတ်(၁၆)မှတ်ဖြင့် ဗိုလ်လုပွဲ
တက်ခဲ့ခြင်းဖြစ်သည်။ ပြည်ထဲရေးသည် အမှတ်ပေးဇယားတွင် ဇူလိုင်(၂၇)ရက်နေ့အထိ ဒုတိယနေရာမှရပ်တည်နေခဲ့ပြီး တတိယနေရာမှ
အား/ကာ နှင့်ယမန်နေ့က အဆုံးအဖြတ်ပွဲစဉ် ကစားခဲ့ရာ အရေးနိမ့်သွားသောကြောင့် မူလနေရာအားလက်လွတ်ခဲ့ရပြီး ဗိုလ်လုပွဲတက်ခွင့်
လည်း ဆုံးရှုံးသွားခဲ့ရသည်။ အား/ကာအသင်းသည် ပွဲကျန် တစ်ပွဲအဖြစ် ပုဂ္ဂလိကအသင်းဖြစ်သည့် စံမြန်မာနှင့်ကစားရဦးမည်ဖြစ်သော်လည်း
ဗိုလ်လုပွဲလက်မှတ်ရရှိနေပြီးဖြစ်သဖြင့် သက်သောင့်သက်သာ ကစားနိုင်တော့မည်ဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲတွင် ပထမရရှိသည့်အသင်းကို ပထမဆုဖလား၊ ဆင့်ပွားဖလား၊ ရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ် (၁၀)သိန်း ပေးအပ်ချီးမြှင့်မည်
ဖြစ်ပြီး ဒုတိယရရှိသည့်အသင်းကိုငွေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ် (၆) သိန်း၊တတိယရရှိသည့် အသင်းကို ဆုကြေးငွေကျပ် (၃)သိန်းပေးအပ်
ချီးမြှင့်သွားမည်ဖြစ်သည်။


 
MFF Digicel Women Cup 2012 ဗိုလ်လုပွဲသို့ ပို့ဆောင်ရေးက (၇)ပွဲကစား(၁၈)မှတ်ဖြင့်လည်ကောင်း၊ အားကာ က(၆)ပွဲကစား(၁၆)မှတ်ဖြင့်
လည်းကောင်း ဗိုလ်လုပွဲသို့ အသီးသီးတက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပွဲစဉ်များကို အသင်း(၈)သင်း ပတ်လည်အမှတ်ပေးစနစ်
ဖြင့် ယှဉ်ပြိုင်ကစားလျက်ရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးနှစ်သင်းကို ဗိုလ်လုပွဲထပ်မံကစားစေသည့်စနစ်ဖြင့် ကျင်းပနေခြင်းဖြစ်သည်။ ယနေ့ဇူလိုင်
လ(၂၉)ရက်နေ့အထိ အမှတ်ပေးဇယား ရပ်တည်မှုမှာ အောက်ပါအတိုင်းဖြစ်သည်။
MFF Digicel Women Cup 2012 အမှတ်ပေးဇယား ရပ်တည်မှု
ပို့ဆောင်ရေး          (၇)ပွဲ  ၁၈ မှတ်
အား/ကာ              (၆)ပွဲ  ၁၆ မှတ်
ပြည်ထဲရေး            (၇)ပွဲ ၁၅ မှတ်
အခြေခံပညာ(က)    (၆)ပွဲ   ၆ မှတ်
ကာကွယ်ရေး          (၆)ပွဲ   ၇ မှတ်
်အခြေခံပညာ(ခ)      (၆)ပွဲ   ၃ မှတ်
ကချင်ပြည်နယ်        (၅)ပွဲ   ၃ မှတ်
စံမြန်မာ                 (၅)ပွဲ   ၀ မှတ်
ပွဲစဉ် (၂၄)    ၂၉.၇.၂၀၁၂    အခြေခံ (ခ)နှင့် ကချင်ပြည်နယ်      (၁၅း၃၀) နာရီ
ပွဲစဉ် (၂၃)    ၃၀.၇.၂၀၁၂    အခြေခံ (က)နှင့်စံမြန်မာ               (၁၅း၃၀) နာရီ
ပွဲစဉ် (၂၇)    ၃၁.၇.၂၀၁၂    ကာကွယ်ရေးနှင့် ကချင်ပြည်နယ်    (၁၅း၃၀) နာရီ
ပွဲစဉ် (၂၆)     ၃.၈.၂၀၁၂        အားကစားနှင့် စံမြန်မာ              (၁၅း၃၀) နာရီ
ဗိုလ်လုပွဲ        ၇.၈၂၀၁၂        ပို့ဆောင်ရေးနှင့်အား/ကာ           (၁၅း၃၀) နာရီ
ပွဲစဉ်များအား ပဒုမ္မာကွင်းတွင် ကျင်းပမည်ဖြစ်သည်။

မြန်မာနေရှင်လိဂ် ဆိုဒ်မှ.....ပြန်လည်ကူးယူဖော်ပြပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...