Ads (728x90)

မြန်မာနေရှင်နယ်လိဂ်(၂၁)ပတ်မြောက်ပွဲစဉ်တွေကို ယနေ့ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ  မကွေး၊ဇေယျာရွှေမြေ၊KBZ နဲ့ ရက္ခပူရ အသင်းတွေနိုင်ပွဲကိုယ်စီ
ရရှိသွားခဲ့ပြီး ပရိသတ်အကြိုက် ပွဲစဉ်တွေဖြစ်ခဲ့ပါတယ်။ တောင်ကြီးကွင်းမှာ အိမ်ရှင် KBZ အသင်းက ဟံသာဝတီကို ပထမပိုင်းမှာသွင်းယူခဲ့တဲ့ ဂိုးတွေ
နဲ့ အနိုင်ရရှိသွားခဲ့ပြီး ရန်ကုန်၊ရတနာပုံ စတဲ့အမှတ်ပေးဇယားထိပ်ကပြိုင်ဘက်တွေကို တစ်ပွဲလျော့ကစားပြီး ဆက်လက်ဖိအားပေးထားနိုင်ခဲ့ပါတယ်။
အိမ်ရှင်အတွက် ပွဲအစ(၂)မိနစ်မှာ ကျော်ဇေယျာဝင်းက သွင်းယူပေးခဲ့ပြီး ပွဲချိန်(၄၅)မိနစ်မှာ ချားစ်အိုဘီက သွင်းယူပေးခဲ့တယ်။ အသင်းကြီးတွေနဲ့
တွေ့တိုင်း ဒုက္ခတွေ့အောင်လုပ်တတ်တဲ့ ဟံသာဝတီအသင်း ဒီတစ်ခါတော့ တောင်ကြီးအခြေစိုက် KBZ ကိုအခက်တွေ့အောင်မလုပ်နိုင်ခဲ့ပါဘူး။
 
“ဟံသာဝတီအသင်းမှာ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ ရှိတယ်။ကျွန်တော် သံယောဇဉ်ရှိတဲ့ ကစားသမားတွေ ရှိတယ်။ ဒါပေမဲ့ ဒီနေ့ပွဲမှာ
သူတို့ဟာ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေပါ။ ကျွန်တော့်အတွက် အရေးကြီးဆုံးအချက်က သူတို့ကို အနိုင်ရရှိရေးပါပဲ။ ဒီထက်ဘာမှ မပိုပါဘူး။
သူတို့ဘက်ကလည်း ဒီလိုပဲဖြစ်ပါလိမ့်မယ်” လို့ အသင်းဟောင်းကို ပြန်ရင်ဆိုင်ခဲ့ရတဲ့ KBZနည်းပြ ဆီဗာဂျီက ဆိုတယ်။ ဆီဗာဂျီဟာ ယခင် ဥဿာ
ယူနိုက်တက်တဖြစ်လဲ ဟံသာဝတီယူနိုက်တက်ကို ပထမဆုံးအကြိမ် ရှုံးထွက်ဖလားချန်ပီယံဆု ရယူပေးခဲ့သူပါ။ KBZ ဟာဒီနိုင်ပွဲကြောင့် ချန်ပီယံဆု
အတွက် တွန်းအားဖြစ်လာခဲ့ပြီး လာမယ့်အပတ် (၁-၈-၁၂)ရက်နေ့မှာ MNL လက်ကျန်ပွဲစဉ်အဖြစ် ဧရာဝတီယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ
ဧည့်ခံကစားရပါမယ်။


"ဟံသာဝတီအသင်းမှာ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ ရှိတယ်။ကျွန်တော် သံယောဇဉ်ရှိတဲ့
ကစားသမားတွေ ရှိတယ်။ ဒါပေမဲ့ ဒီနေ့ပွဲမှာ သူတို့ဟာ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေပါ။"



 

မုံရွာမှာကစားခဲ့တဲ့ ဇေယျာရွှေမြေနဲ့ နေပြည်တော်ပွဲစဉ်မှာလည်း အိမ်ရှင်အသင်းက (၂-၁)ဂိုးနဲ့အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ဧည့်သည်အသင်းက
ပွဲချိန်(၂၅)မိနစ်မှာ ဇော်လင်းရဲ့ဂိုးနဲ့ ပထမပိုင်းပြီးတဲ့အထိဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း(၅၂)မိနစ်ရောက်မှသာ ဆာဆာက အိမ်ရှင်အတွက်ပြန်ချေပ
တာပါ။ ဆာဆာဟာ ဒီဂိုးကြောင့် ရဂိုး(၁၉)ဂိုးအထိရှိလာခဲ့ပြီး ဒီရာသီဂိုးသွင်းအများဆုံးဆုအတွက် အခြေအနေကောင်းနေဆဲဖြစ်ပါတယ်။ ဇေယျာ
ရွှေမြေအတွက် (၃)မှတ်ရစေမယ့်ဂိုးကိုတော့ လေလွှင့်အချိန်ပိုဖြစ်တဲ့ ပွဲချိန်(၉၂)မိနစ်ရောက်မှသာ အောင်ချမ်းမိုးက သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။
 
ရန်ကုန်မှာကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲမှာတော့ မကွေးနဲ့ရက္ခပူရတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပါတယ်။ အောင်ဆန်းကွင်းပွဲစဉ်မှာ ရက္ခပူရက မောဝ်ရ၀တီကို(၀-၄)ဂိုး
နဲ့အနိုင်ရသွားခဲ့ပါတယ်။ ရက္ခပူရအသင်းအတွက် ပွဲချိန်(၁၈)မိနစ်မှာ ကျော်ကျော်ချစ်က အဖွင့်ဂိုးသွင်းပေးခဲ့ပြီး မောဝ်ရ၀တီဘက်က အောင်ဆန်းမြင့်
(၅၀)မိနစ်နဲ့ မျိုးမြင့်အောင်(၇၆)မိနစ်တို့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ကြတယ်။ မိနစ်(၉၀)မှာတော့ ၀ါရင့်ကစားသမား ညွန့်ဝင်းက သွင်းယူပေးခဲ့တာကြောင့်
ရခိုင်ပြည်နယ်ကိုယ်စားပြုအသင်း (၄)ဂိုးပြတ်နိုင်ပွဲရသွားတာဖြစ်ပါတယ်။
 
သုဝဏ္ဏကွင်းပွဲစဉ်မှာတော့ ဧရာဝတီ နိုင်ပွဲပျောက်သွားခဲ့ပြီး မကွေးကို(၂)ဂိုးပြတ် အရေးနိမ့်သွားပါတယ်။ မကွေးအတွက် ပွဲချိန်(၃၈)မိနစ်မှာ နောက်ခံ
လူ ဇော်မင်းထွန်းက ပင်နယ်တီကနေ သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းပွဲချိန်(၆၈)မိနစ်မှာ မျိုးဇော်ဦးက ဧရာဝတီကွင်းလယ်လူ မီရိုရဲ့တုန့်ဆိုင်းနေမှုကို
အခွင့်အရေးယူသွားပြီး ဒုတိယဂိုးသွင်းယူပေးသွားတာပါ။ ဒီပွဲမှာ ဒဏ်ရာကြောင့် လူမစုံခဲ့တဲ့ ဧရာဝတီအသင်း အမှားများနေခဲ့ပြီး နိုင်ငံခြားသားတွေ
ဖြစ်တဲ့ မီရို၊ဂျူပီတာနဲ့ ဂျွန်တို့လည်း အသင်းအတွက် ကောင်းကောင်းမပေးဆပ်နိုင်ခဲ့ကြပါဘူး။ (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရတဲ့ ဧရာဝတီအတွက်တော့
ဒီရာသီအမှတ်ပေးချန်ပီယံဆုဟာ တဖြည်းဖြည်းခက်ခဲ့လာတာ တွေ့ရပါတယ်။

 


မြန်မာနေရှင်နယ်လိဂ် ဆိုဒ်မှကူးယူဖော်ပြပါသည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...