Ads (728x90)


ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်(FFC) ဥက္ကဋ္ဌ  HE Gen. Sao Sokha  ဦးဆောင်သောအဖွဲ့သည် လာမည့်သြဂုတ်လ(၁)ရက်နေ့တွင်
်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တည်ထောင်ထားသည့် မန္တလေးဘောလုံးအကယ်ဒမီသို့ လေ့လာရေးခရီး လာရောက်မည်ဖြစ်သည်။
 
ကမ္ဘောဒီးယားဘောလုံးကိုယ်စားလှယ်အဖွဲ့တွင် FFC ဥက္ကဋ္ဌ  HE Gen. Sao Sokha နှင့်အတူ ဒုတိယဥက္ကဋ္ဌ HE Brig. Gen. Khiev Sameth ၊
အထွေအထွေအတွင်းရေးမှူး  Mr. Kul Sophana ၊ ရုံးအဖွဲ့ခေါင်းဆောင် Mr. Keo Sareth တို့(၄)ဦးပါဝင်မည်ဖြစ်ပြီး သြဂုတ်(၁)ရက်နေ့တွင်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ လာရောက်တွေ့ဆုံဆွေးနွေးကာ မန္တလေးမြို့ရှိ မြန်မာ့ဘောလုံးအကယ်ဒမီသို့ သြဂုတ်(၂)
ရက်နေ့တွင် သွားရောက်လေ့လာကြမည်ဖြစ်သည်။


မြန်မာနှင့် ကမ္ဘောဒီးယားဘောလုံးကိုယ်စားလှယ်များ ပြီးခဲ့သည့် ဖီဖာကွန်ဂရက်စ်တွင် တွေ့ဆုံခဲ့စဉ်က
မြန်မာ့ဘောလုံးလောကအတွက် မျိုးဆက်သစ်များမွေးထုတ်ပေးမည့် မန္တလေးဘောလုံးအကယ်ဒမီနှင့် ပုသိမ်ဘောလုံးအကယ်ဒမီ တို့က
ပြီးခဲ့သည့် ၂၀၁၀နှင့် ၂၀၁၁ ခုနှစ်များက ဖွင့်လှစ်ပေးခဲ့ပြီး ယင်းတို့ကို ဖီဖာမှထောက်ပံ့ငွေနှင့် MFF ဥက္ကဋ္ဌဦးဇော်ဇော်၏ စိုက်ထုတ်ငွေများဖြင့်
တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ပုသိမ်ဘောလုံးအကယ်ဒမီကို နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကိုယ်တိုင်
တက်ရောက်ဖွင့်လှစ်ပေးခဲ့သလို မန္တလေးဘောလုံးအကယ်ဒမီကိုလည်း ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာနှင့်အဖွဲ့ဝင်များက လာရောက်ဖွင့်လှစ်
ပေးခဲ့သည်။
 
အာဆီယံဒေသတွင် မြန်မာ၊ထိုင်း၊ဗီယက်နမ်၊မလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊စင်ကာပူ စသည့်နိုင်ငံများတွင်သာ ဘောလုံးအကယ်ဒမီများဖြင့်
ဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး သြဂုတ်(၁)ရက်နေ့တွင်လာရောက်မည့် ကမ္ဘောဒီးယားနိုင်ငံတွင် ဘောလုံးအကယ်ဒမီထားရှိနိုင်ခြင်း မရှိသေး
ပေ။ ယင်းအတွက် မြန်မာ့ဘောလုံး အကယ်ဒမီများကို လာရောက်လေ့လာကြခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။


ပုသိမ်ဘောလုံးအကယ်ဒမီကို နိုင်ငံတော်ဒုတိယသမ္မတနှင့်ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးစဉ်က  


မြန်မာနေရှင်လိဂ်ဆိုဒ်မှ...... 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...