Ads (728x90)


သမ္မတအမိန့်ဖြင့်ရပ်ဆိုင်းသောမြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန် CPI တရုပ်ကုမ္မဏီကြိုးပမ်းမှုသတင်း ပြည်တွင်းထုတ်ဂျာနယ်များတွင်မဖေါ်ပြရန် စာပေစီစစ်ရေးမှသတိပေး။

မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် CPI ကုမ္မဏီမှ ကောကိမ်းလျောင်( ဒါရိုက်တာ နှင့် ဒုအထွေထွေမန်နေဂျာ)နှင့်တာဝန်ရှိသူများစုစုပေါင်း၁၀ ယောက်ကျော် မြစ်ဆုံရွာနှင့် အောင်မြင်သာရွာဒေသခံများ အိမ်သို့ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ဇွန်လိုင် (၁) ရက်နေ့မှစတင်ကာ စည်းရုံးရေးဆင်းကြောင်း CPIကုမ္မဏီ နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သော ဒေသခံတစ်ဦးကပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတအမိန့်ဖြင့်ရပ်ဆိုင်းထားခဲ့သော အဆိုပါမြစ်ဆုံစီမံကိန်းကို CPI တာဝန်ရှိသူက မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ပြီး သမ္မတအမိန့်ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်မှုသတင်းများထွက်ပေါ်လာပြီးနောက်စာပေစီစစ်ရေးမှ ပြည်တွင်းထုတ်မီဒီယာဂျာနယ်များအား မြစ်ဆုံစီမံကိန်းသတင်းများမဖေါ်ပြရန်တားမြစ်ကြောင်းသတင်းများထွက်ပေါ်လာခဲ့သည်။
CPI တရုပ်ကုမ္မဏီသည်သမ္မတအမိန့်ကိုချိုးဖောက်သည့်အပြင် ပြည်တွင်းမီဒီယာများတွင်ပါ ၄င်းတို့မြစ်ဆုံစီမံကိန်းပြန်စနိုင်ရန်ကြိုးပမ်းနေမှုများကိုမီဒီယာတွင်မဖေါ်ပြရန်အတွက် တားမြစ်နိုင်သည်မှာ မည်ကဲ့သို့သောအာဏာပိုင်မျိုးတရုပ်ကုမ္မဏီရဲ့နောက်ကွယ်မှာရှိနေပြီလည်းဆိုတာ မြန်မာပြည်သူတို့သတိရှိကြရတော့မည်။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...