Ads (728x90)


မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေး တစ်ယောက် ချစ်မိ၊ ကြိုက်မိ၊ ရည်းစားဖြစ်ဖို့ ဆိုတာ သိပ်မခက်ခဲပေမယ့် ချစ်သူဘဝကို ရေရှည်ထိန်းသိမ်းဖို့ ခက်ခဲတတ်ပါတယ်။

ချစ်သူဘဝကို ရည်ရှည်ထိန်းသိမ်းနိုင်ဖို့ဖို့ နားလည်မှု၊ ပြုစုယုယမှု၊ ဂရုစိုက်မှု၊ သဘောထားကြီးမှု အစရှိတာတွေ လိုအပ်တယ်ဆိုတာ အားလုံး သိပြီးဖြစ်မှာပါ။

ဒါပေမယ့် ကိုယ်သိပ်ချစ်ရတဲ့သူနဲ့ ချစ်သူဖြစ်နေရင်တောင် မထင်မှတ်ထားတဲ့ အပြုအမှုတွေ၊ အတွေးလေးတွေက ချစ်သူဘဝကို ပျက်စီးစေပါတယ်။

အောက်ဖော်ပြပါ ၁၀ ချက်ဟာ ချစ်သူဘဝ၊ လင်မယား ဘဝကို ဖျက်စီးစေနိုင်တဲ့ ၁၀ ချက်ဖြစ်ပါတယ်။ အကျိုးရှိတယ်ထင်ရင် သူငယ်ချင်းတွေကို ရှဲကြပါစို့။

၁၀။ ကိုယ်မှားတယ်လို့ ကိုယ့်ကိုယ်ကို သိနေရင်တောင် တောင်းပန်ဖို့ ငြင်းဆိုခြင်း။ မမှားဘူးလို့ ငြင်းဆန်ခြင်း။

တစ်ယောက်နဲ့ တစ်ယောက်လေးစားမှု မရှိတဲ့ ချစ်သူဘဝဟာ ဘယ်တော့မှ ရည်ရှည်မခံပါဘူး။ ဒါကို သက်သေပြနိုင်တဲ့ ဥပမာ အများကြီးရှိပါတယ်။

ဒီဥပမာတွေထဲက အကောင်းဆုံးဥပမာက ကိုယ်မှားနေရင် ကိုယ့်ချစ်သူကို မှားပါတယ်လို့ ဝန်ချတောင်းပန်ချင်တဲ့ စိတ်ပါပဲ။

ဒီလိုတောင်းပန်တာဟာ ရင့်ကျက်မှုကိုပြသလို ကိုယ့်ချစ်သူကို တန်ဖိုးထားတယ်ဆိုတာကို ပြသပါတယ်။ နောက်ပြီး ကိုယ့်မာနထက် ကိုယ့်ချစ်သူကို ပိုအလေးထားတယ် ဆိုတာကို ပြသတဲ့ သဘောသက်ရောက်ပါတယ်။

တကယ်လို့ တောင်းပန်ပါတယ်လို့ ပြောထွက်ဖို့ သိပ်ကို ခက်ခဲနေရင် ဒီကလေးဆန်တဲ့ စိတ်နဲ့ မာနအသေးအမွှားလေးကြောင့် သင့်ချစ်သူဘဝကို အချိန်တိုတို အတွင်းမှာ အဆုံးသတ် သွားနိုင်ပါတယ်။



၉။ အလုပ်နဲ့ ကိုယ်ပိုင်အချိန်ကို သတ်သတ်မှတ်မှတ် မထားတတ်ခြင်း။

လူတိုင်း အလုပ်လုပ်ကြရပါတယ်။ နောက်ပြီး မိသားစု စားဝတ်နေရေးအတွက် ကြိုးစားတာဟာ သိပ်ကို လေးစားဖို့ကောင်းတဲ့ စိတ်ဓာတ်ပါ။

သင့်အနေနဲ့ သင်အရေးတကြီး အလုပ်ကိစ္စပေါ်လာတာမျိုး၊ အချိန်အကြာကြီး အလုပ် လုပ်ရတာမျိုးကို သင့်ချစ်သူက နားလည်ပေးဖို့ မျှော်လင့်ထားပေမယ့် ဒီလိုမျိုးတွေ အဖြစ်များလာရင် သင့် ချစ်သူဘဝကို အဆိုးဘက်က သက်ရောက်မှု ရှိလာနိုင်ပါတယ်။

ဒါကြောင့် သင့်အလုပ်ချိန်နဲ့ သင့်ကိုယ်ပိုင်အချိန်ကို ကောင်းမွန်စွာ ပိုင်ခြားတတ်ဖို့ လိုပါတယ်။ ဒါမှသာ သင့်မိသားစုကို အချိန်ပေးနိုင်မှာဖြစ်သလို သင့်အတွက် အရေးကြီးဆုံး၊ သင်အချစ်ရဆုံး လူတွေကို ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။

၈။ ငြင်းခုန်မှုကို ရှောင်ရှားဖို့ ပွင့်လင်းရိုးသားစွာ မပြောဆိုခြင်း။

သင့်ချစ်သူနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတာဟာ တစ်ခါတစ်လေမှာ ငြင်းခုန်ရ တတ်ပေမယ့် ဒါဟာ သင့်ချစ်သူဘဝကို ရည်ရှည် ထိန်းသိမ်းပေးနိုင်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ မကြောက်ပါနဲ့။ တကယ်လို့ ကိစ္စသေးသေးလေးကို မငြင်းချင်လို့ စိတ်ထဲမှာပဲ ထားလိုက်ရင် မကြာခင် များလာပြီး သင့် သမီးရည်းစား ဘဝကို အချိန်မတန်ခင် ဖျက်ဆီးပါလိမ့်မယ်။

၇။ သင့်ကိုယ်သင် ဦးစားပေးခြင်း။ သင်လိုချင်တာကို ဦးစားပေးခြင်း။

ရည်ရှည်တည်တံ့တဲ့ ချစ်သူဘဝရရှိဖို့ တစ်ယောက်နဲ့ တစ်ယောက် အတိုးအလျှော့လုပ်ဖို့ လိုသလို ပူးပေါင်း ဆောင်ရွက်ဖို့လဲလိုပါတယ်။

ဒီလိုလုပ်ဖို့ သင်လိုချင်တာကိုပဲ ဦးစားမပေးဘဲ တစ်ဖက်သား စိတ်ခံစားချက်နဲ့ တစ်ဖက်သား လိုချင်တာကို ဦးစားပေးတတ်ဖို့ အရေးကြီးပါတယ်။

တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေဟာ ချစ်သူဘဝကို ရည်ရှည် ထိန်းသိမ်းနိုင်ဖို့ ခက်ခဲတတ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ချစ်သူတွေဟာ အချိန်အတန်ကြာ သူတို့ရဲ့ ခံစားချက်နဲ့ လိုအပ်ချက်ကို နောက်ဆုတ်ပေးနေရလို့ ငြီးငွေ့ ပင်ပန်းလာပြီး သူတို့ရဲ့ သမီးရည်းစား ဘဝကနေ ရုန်းထွက်ချင်လို့ပါ။

၆။ သင်စိတ်ဝင်စားတဲ့ အရာတွေကို လျစ်လျူရှုခြင်း။

ချစ်သူနှစ်ယောက်စလုံး စိတ်ဝင်စားတဲ့ အရာတွေကို အတူတူလုပ်တာဟာ ချစ်သူဘဝအတွက် ကောင်းပေမယ့် တစ်ဦးနဲ့ တစ်ဦးမှာ ကိုယ်စိတ်ဝင်စားတဲ့ ဝါသနာ အသီးသီးရှိတာကို မေ့မထားသင့်ပါဘူး။

ဒီလို သင့်ဝါသနာကို သင်လုပ်နေတာဟာ သင့်ဘဝအတွက် အထောက်အကူဖြစ်သလို သင်ဘယ်လိုလူလဲ ဆိုတာကို အမြဲတစေ သင့်ကိုယ်သင် သတိပေးနေသလို သင့်ချစ်သူနဲ့ ဝါသနာတူတဲ့ဟာကို အတူလုပ်ခြင်းအားဖြင့် ခက်ခဲတဲ့ အချိန်နဲ့ ပျော်ရွှင်တဲ့ အချိန်တွေမှာ အတူတူဖြတ်သန်းဖို့ အထောက်အကူဖြစ်စေပါတယ်။

သင့်ဝါသနာကို လျစ်လျူရှုထားမယ်ဆိုရင် အချိန်အကန့်အသတ် တစ်ခုအတွင်း သင့်ကိုသင် အလိုမကျမှုတွေ ဖြစ်လာမှာ မုချပါပဲ။

၅။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဘဝရည်မှန်းချက်ကို နားလည်မပေးခြင်း။

ဘဝရည်မှန်းချက်ဟာ လူတစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ တစ်ချို့လူတွေက မိသားစု တစ်ခု စတင်ထူထောင်နိုင်ဖို့ပဲ မျှော်လင့်ပေမယ့် တစ်ချို့လူတွေဟာ အလုပ်လုပ်ပြီး ဘဝမှာ အောင်မြင်မှု ရချင်ကြတဲ့သူတွေ ရှိပါတယ်။

ဒီဘက်ခေတ်ရဲ့ လူနေမှုပုံစံအရ မိသားစုတစ်ခုမှာ နှစ်မျိုးလုံး ရရှိဖို့ ကြိုးစားကြပေမယ့် တစ်ယောက်ရဲ့ ဘဝရည်မှန်းချက် ပန်းတိုင်ကို တစ်ယောက် သေချာနားလည်ပြီး အဲဒီပန်းတိုင်တွေ ရရှိဖို့ နှစ်ယောက် အတူတကွ ကြိုးစားတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။

၎။ သင့်ချစ်သူကို ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း။

ကျွှန်တော်တို့အားလုံးမှာ မတူညီတဲ့ လူနေမှုပုံစံတွေ ရှိကြပါတယ်။ ဒီလိုရှိတဲ့အတိုင်းပဲ ကျွှန်တော်တို့ ချစ်သူ ဘဝလက်တွဲဖော် ရွေးချယ်တဲ့ အခါမှာလည်း ကျွှန်တော်တို့ရဲ့ လူနေမှုပုံစံနဲ့ အနီးစပ်ဆုံးကို ရွေးချယ်လေ့ရှိပါတယ်။

ဒါပေမယ့် ဒါဟာ အမြဲတမ်း မလွယ်ကူသလို ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ချစ်သူရယ်လို့ ဖြစ်လာရင် အတိုးအလျှော့လေး လုပ်ဖို့ လိုအပ်လာတာပါ။

တကယ်လို့ သင်လိုချင်တဲ့ စံနှုန်းမရှိတဲ့ အတွက် သင့်ချစ်သူနဲ့ အတိုးအလျှော့လုပ်ဖို့ လိုအပ်လာရင် သင့်ချစ်သူကို ပြင်းပြင်းထန်ထန် မဝေဖန်မိဖို့ အရမ်း အရေးကြီးပါတယ်။

ချစ်သူနှစ်ဦးမှာ ရှိတဲ့ မတူညီတဲ့ အချက်တွေကို ထောက်ပြီး ဝေဖန်တိုက်ခိုက်တာထက် နားလည်လက်ခံဖို့ လိုအပ်ပါတယ်။

၃။ မကြိုက်တဲ့ အရာတွေကို စုဆောင်းထားခြင်း။

ချစ်သူဘဝကို ထိန်းသိမ်းဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။ ဘဝလက်တွဲဖော် ဖြစ်လာမယ့် ချစ်သူတွေတောင် တစ်ခါတစ်လေ ရန်ဖြစ်တတ်သလို တစ်ခါတစ်လေ သစ္စာမရှိတဲ့ အဖြစ်မျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီလို ယောက်ယက်ခတ်နေတဲ့ အချိန်မှာ အချစ်ဆိုတာက အားလုံးကို သင်ပုန်းချေပေးနိုင်ပေမယ့် သင့်စိတ်မှာ ခံစားနေရတဲ့ သင့်ချစ်သူလုပ်တဲ့ သင်မကြိုက်တဲ့ အရာတွေကို စုဆောင်းမထားမိဖို့ လိုပါတယ်။

ဒီလိုသာ စုဆောင်းထားမိရင် ကလဲ့စားချေမှုတွေ၊ မနာလိုဝန်တိုမှုတွေနဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတာမို့ သင်မကြိုက်ရင် မကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။

၂။ သင့်ချစ်သူကို တန်ဖိုးမထားခြင်း။

လက်ထပ်ပြီးတဲ့ လူတွေဟာ သူတို့ချစ်တဲ့သူကို တစ်ဘဝလုံး လက်တွဲပါ့မယ်။

တန်ဖိုးထားပါ့မယ်လို့ ကတိကဝတ်ပြုခဲ့တဲ့ သူတွေဖြစ်ပါတယ်။ ဒါဟာ တစ်သက်လုံး လုပ်နိုင်မလုပ်နိုင်ဆိုတာ နှစ်ဦးစလုံး အပေါ်မှာ မူတည်ပေမယ့် လက်ထပ်တဲ့အချိန်တုန်းက ပေးတဲ့ ကတိတွေဟာ ဟန်မဆောင်ပဲ နှလုံးသားထဲက ပေးတဲ့ ကတိတွေ ဖြစ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်တန်ဖိုးမထားရင် သို့မဟုတ် တစ်ယောက်လုပ်တာကို တစ်ယောက် အပြုသဘောဆောင်ပြီး လက်မခံတတ်ရင် သိပ်ချစ်ပြီး ပျော်ရွှင်နေတဲ့ ချစ်သူဘဝတောင် ပျက်စီးဖို့ လွယ်ကူပါတယ်။

ရည်ရှည်တည်တံ့တဲ့ ချစ်သူဘဝကို တည်ဆောက်နိုင်ဖို့ သင်တကယ်ချစ်တယ်ဆိုတာကို အမြဲပြသနေဖို့ လိုအပ်သလို သင့်ချစ်သူက သင့်အပေါ်ပြသတဲ့ ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက် လက်ခံတတ်ဖို့ လိုပါတယ်။

၁။ သင့်ရုပ်ရည် အလှအပကို ဂရုမစိုက်ခြင်း။

ဒါဟာ အရေးမကြီးပါဘူး။ အတုအယောင်တွေပါလို့ သင်ထင်ကောင်း ထင်ပါလိမ့်မယ်။

ဒါပေမယ့် သင့်ရုပ်ရည် ရူပကာကို သင်ဘယ်လောက် ဂရုစိုက်တယ်မစိုက်ဘူးဆိုတာဟာ သင့်ချစ်သူဘဝ ကို သင်ဘယ်လောက် တန်ဖိုးထားပြီး သင့်ချစ်သူအပေါ်မှာထားတဲ့ စိတ်ဓာတ်ကို မီးမောင်း ထိုးပြနေပါတယ်။

ရုပ်ရည်ရူပကာကို တန်ဖိုးမထားတတ်တဲ့သူ အများစုဟာ ဘဝမှာ အောင်မြင်လိုစိတ်နည်းပါးပြီး သူတို့ရဲ့ ချစ်သူအတွက် အကောင်းဆုံး ကြည့်ကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်လည်း မရှိတဲ့သူတွေ ဖြစ်ပါတယ်။

ဒီအချက်ဟာ သတိမထားမိရင် ချစ်သူဘဝကို ဖြည်ဖြည်းခြင်း ဖျက်ဆီးပစ်နိုင်မယ့် အခြေခံအကြောင်းအရင်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် တစ်ဖက်သားက သူ့ချစ်သူအတွက် အမြဲတမ်း လိုလို ကြည့်ကောင်းအောင် ပြင်ပြင်ဆင်ဆင်တတ်ရင်ပေါ့။

ဒီအချက်လေးတွေကို သတိထားလိုက်ရင် ရည်ရှည်တည်တံ့ ခိုင်မြဲတဲ့ ချစ်သူဘဝကို ရရှိမှာပါ။ စာဖတ်သူအားလုံး အောင်မြင်ပြီး ပျော်စရာကောင်းတဲ့ ချစ်သူဘဝတွေ ပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Credit :Trend Myanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...