၁၀.၁၀.၂၀၁၆
-မောင်တော
မောင်တောမြို့နယ်အတွင်း စစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့တို့မှ နယ်မြေရှင်းလင်းမှုများဆောင်ရွက်စဉ် ကျီးကန်းပြင်အနောက် ၄ မိုင်ခန့်အကွာ နယ်မြေ(၆) ပြင်ဖြူကျေးရွာမှ သေနပ် ၆ လက်နှင့် အလောင်းအချို့တွေ့ရှိကြောင်းသိရှိရသည်။
ယင်းနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက “ နယ်မြေရှင်းလင်းတဲ့အချိန် မှာ အောင်ဖြူပြင်ကျေးရွာကနေ သေနပ်ခြောက်လက်နဲ့ RSO သောင်းကျန်းအလောင်း အချို့ကိုလည်းရရှိခဲ့ တယ်လို့ ဒေသခံတွေကတဆင့် သတင်းအခိုင်အမာရရှိထားတာဖြစ်ပါတယ်၊
ဒီနေ့မှာလည်း နေမြေရှင်းလင်း မှု တွေပြုလုပ်ခဲ့တာရှိတယ်၊ မောင်တောမြို့က မြို့သူကြီးကိုလည်း နယ်မြေရှင်းလင်းမှုလုပ်ခဲ့တယ်လို့သိရတယ်”ဟု ပြောကြားခဲ့ပါသည်။
မောင်တောမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်များတွင်း ကျောင်းများပိတ်ထားပြီး ကျေင်းဆရာမများလည်း နေအိမ် သို့ပြန်နေကြပြီဖြစ်သည့်အပြင် ကျေးရွာအချို့တွင်လည်း ညအိမ်မနေရဲသဖြင့် တခြားရွာများသို့ ပြောင်း ရွှေ့ညအိပ်နေရကြောင်းလည်းသိရှိရသည်။
အလားတူစွာပင် မောင်တောခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကလည်း လက်နက်များသိမ်းဆည်းရမိ သည်မှာ မှန်ကန်ကြောင်းနှင့် မည်သည့်လက်နက်မျိုးဖြစ်သည်ကို နယ်ခြားစောင့်တပ်မှသာ ပိုမိုသိရှိနိုင်မည်ဖြစ် ကာ မိမိအနေဖြင့် ပြောဆိုရန်ခက်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ယနေ့ နေ့လည်ပိုင်းတွင် မောင်တောဆေးရုံသို့ ဘင်္ဂါလီအလောင်း ၄ လောင်းရောက်ရှိကြောင်းလည်း သိရှိရပါသည်။
credit to-သန်းလှိုင်
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။