Ads (728x90)


တကယ်ပဲ အရှက်နည်းတာလား The Ladies News Journal က
တော်တော်လေးကို စိတ်ပျက်ဖွယ်ကောင်း ရွံရှာဖွယ်ကောင်းတဲ့
အောက်တန်းစား သတင်းမီဒီယာပါဗျာ။
မနေ့ ကတော့ ဦးတေဇမှ ၀န်ထမ်းတွေလစာတ၀က်လျော့ချမယ်ဆိုပြီးရေးတယ်
ဒီနေ့ ကျတော့ "၀န်ထမ်းများထံသို့ လစာငွေ ၅၀ ရာခိုင်နှုန်းကို မေလ ၉ရက်တွင် မှ ထူးဂရု ကုမ္ပဏီပိုင်ရှင် ဦးတေဇ ပြန်ထုတ်ပေး" ဆိုပြီးလုပ်တယ် အရင်နေ့ က
ဦးတေဇပုံနဲ့ ပဲတင်ပြီးတော့ ဒီနေ့ ရုံးစာတွေနဲ့ ပါတင်ထားတာတွေ့ တယ်
ဖတ်ကြည့်ရင် ၅၀ ရာခိုင်နှုန်းလျော့ ချပစ်မယ်ဆိုတာ မပါဘူး နောက်တစ်ခုက
ရုံးစာ ၃ ရွက်မှာ အလယ်က အရွက်ကို ၃ ပုံ ၁ ပုံလောက် ဖျက်ထားတယ်
အဲ့ဒီ ထဲမှာ ၅၀ ရာခိုင်နှုန်းကိစ္စ အတိအလင်းပါတယ် လျှော့ချတာမဟုတ်ဘူး
တ၀က်ချင်း ပေးချေတယ် ဘာကြောင့် အဲ့ဒီလိုလုပ်တယ်ဆိုတာ အတိအကျပါတယ်။

ရုံးစာ ၃ ရွက် အလယ်က စာရွက်မှာ အပြည့်အစုံဖတ်မရအောင်ဖျက်ထားပုံ
အဲ့ဒါကို ဖတ်မိသွားရင် မနေ့ က ရုံးစာထဲမှာလဲမပါ လက်တွေ့ မှာလဲ မဟုတ်တဲ့ အကြောင်းအရာကို သတင်းလုပ်ပြီး လူစိတ်ဝင်စားလာအောင်(ဂျာနယ်ရပ်ထားထားရလို့ စပွန်ဆာရှာတဲ့သဘော) လုပ်တယ် သတင်းရင်းမြစ်လည်းမခိုင်းလုံ ခေါင်းစဉ်တပ်ထားတဲ့အကြောင်းအရာ အတိုင်းလည်း စာထဲမှာလည်းမပါ လက်တွေ့ မှာလဲ မဟုတ် ဒါကို အရှက်မရှိ သတင်းလုပ်ပြီး ဖော်ပြရဲသေးတယ် အဲ့ဒါ နည်းနည်းနောနော အရှက်မရှိတဲ့ သတင်းမီဒီယာမဟုတ်ဘူးဆိုတာ ပြတာပဲ။

သူဖျောက်ထားတဲ့ အလယ်စာရွက်ထဲမှာ ပါတဲ့ စာတစ်ပိုဒ်လောက်ပဲ ဖတ်ကြည့်
အဲ့ဒီ အရှက်မရှိတဲ့ သတင်းဂျာနယ် စောက်ရှက် ဗြန်းဗြန်းကွဲတယ် အဲ့ဒါကြောင့်လည်း အဲ့ဒီအပိုဒ်ကို ဖတ်မရအောင် ဖျက်ပစ်ထားတာ။
ထူးကုမ္ပဏီမှ ထုတ်ပြန်ထားသည့်ရုံးတွင်းစာမူရင်း


‪#‎ဒီစာပိုဒ်ကိုဖတ်မိမှာစိုးလို‬့ ဖျက်ထားတာ( မူရင်း စာရွက်ပါ Scan ဖတ်ပြီးတင်ပေးထားပါတယ် )
=========================================================
မိမိမှ HGC ၀န်ထမ်းများအားလုံးကို လစာ၏ 50% သာကြိုပေးပြီး၊ မိမိနှင့် ကုမ္ပဏီဝန်ထမ်းများအားလုံး နှစ်သစ်တွင် စနစ်သစ်ကိုပူးပေါင်း၍ သဘောတူစာချုပ် ချုပ်ပြီးမှသာ Unit အလိုက် Final Statement နှင့် 2016-2017 Business Plan အား မိမိမိထံတွင် ရှင်းလင်းတင်ပြပြီးမှသာ မိမိမှ ဆက်လက်ပေးရန် ဆုံးဖြတ်သည်။
=========================================================

အဲ့ဒီစာပိုဒ်ကို ဖတ်ကြည့်ရင် အကြောင်းအရာက ဘယ်လိုဆိုတာ သဘောပေါက်လွယ်တယ် ပထမနေ့  သူတို့ ရေးထားသလို လစာတ၀က်လျော့ချတယ်ဆိုတာ မဟုတ်ဘူး ဆိုတာ ဒီစာပိုဒ်ဖတ်ကြည့်ရင်သိတယ် ဒါကို ဘာလို့ များ အရှက်မရှိ မဟုတ်တာကို ဟုတ်သယောင်ယောင် သတင်းလုပ်ပြီးရေးရဲရတာလဲမသိဘူး။

တကယ်လို့  ထူးကုမ္ပဏီဘက်ကနေ မဟုတ်မှန်လုပ်ကြံရေးသားမှု ကြောင့် ကုမ္ပဏီနာမည်ပျက်တယ် ကုမ္ပဏီရဲ့ ဂုဏ်သတင်းကျဆင်းတယ် အလုပ်ရှင်နဲ့ ဝန်ထမ်းတွေကြားမှာ အကြည်ညိုပျက်စေတယ် ဒါတွေကြောင့်
တရားစွဲမယ်ဆိုရင် အဲ့ဒီဂျာနယ်တော့ ခံရလိမ့်ဦးမယ်( ဒါကို သိသိကြီးနဲ့  တမင်တကာ နာမည်လိုချင်လို့ စပွန်ဆာတွေလိုချင်လို့ လုပ်တာလဲ ဖြစ်နိုင်တယ်) ။

သတင်းတစ်ပိုဒ် ရေးတော့မယ်ဆိုရင်....
၁။ဘယ်နေ့ 
၂။ဘယ်အချိန်က
၃။ဘယ်နေရာမှာ
၎။ဘယ်သူဘယ်ဝါ
၅။ဘာဖြစ်ခဲ့တာ
ဆိုတာမျိုးကို တိတိကျကျ သိရမှ သတင်းရင်းမြင်ခိုင်လုံမှ သတင်းတည်ဆောက်ရတာ ခုတော့ ပေါက်ပန်းလေးဆယ်လုပ်နေတယ် အဲ့ဒါကြောင့် မြန်မာပြည်က မီဒီယာတွေ အဆင့်မရှိဘူး အပြောခံနေရတာ။

Ps .The Ladies News Journal မှ ဒေါ်မေဇင်အေး ခင်ဗျား ....
ခင်ဗျားတို့  ဂျာနယ် အကြပ်အတည်းဖြစ်နေလို့  ပြင်ပမှာ Print Media ထုတ်ဝေမှု ရပ်ဆိုင်းထားရလို့  ပြန်လည်ထုတ်ဝေချင်လို့ စပွန်ဆာရှာချင်တယ်ဆို ဒီလိုနည်းနဲ့ တော့မရှာပါနဲ့ ခင်ဗျာ ဒီလိုမဟုတ်မမှန်လုပ်ကြံတာမျိုးကြီးတွေနဲ့ တော့ သတင်းမီဒီယာလုပ်ငန်းကို ဆက်မလုပ်စေချင်ပါဘူး အရောင်တွေနဲ့ လူတွေ သတင်းမီဒီယာဘက်ပြောင်းလာတာဟာ သတင်းမီဒီယာလောကကြီးကို ဖျက်ဆီးရာရောက်နေပါတယ်။

ဒါကြောင့် ဒီလို အောက်တန်းစားဆန်ဆန် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ လုပ်ရပ်မျိုးတွေ နောက်နောင် မလုပ်ပါနဲ့ တော့ဆိုတာကို ဒီနေရာက အသိပေး ပြောကြားလိုက်ပါရစေ။

((((( The Ladies News Journal ဂျာနယ်တိုက်ပိုင်ရှင် ဒေါ်မေဇင်အေးဆိုသည်မှာ Online လောကမှာတော့ ခွန်ဒီးယမ်(သို့ ) ဒီမိုဖက်တီး ဆိုပြီးလူသိများသူ တစ်ယောက်ပါ သူက ငြင်းထားပေမယ့် သူမှသူဆိုပြီး တစ်ချို့ က အတိအကျပြောကြပါတယ် Google ခေါက်ကြည့်လိုက်ရင် အတောင့်လိုက် ထွက်လာပါလိမ့်မယ် သူ့ အကြောင်းတွေ ဒါကြောင့် အရောင်ပါသူ(နိုင်ငံရေးနယ်ပယ်ထဲမှလူ) တစ်ဦး မီဒီယာလောကထဲဝင်ရောက်လာတာဟာ မီဒီယာလောကကို ညစ်ထေးစေပါတယ်။ )))))
Aung Kyaw Soe ( 10.5.2016 - 7:25 PM )

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...