Ads (728x90)



ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုဘယ်လ်ဆုကို ပြန်အပ်ရမယ်ဆိုရင်တောင်မှ အပြုံးပျက်လိမ့်မယ်မထင်ပါ။
မြန်မာပြည်နဲ့ ပတ်သက်လာရင် သူ့ဘဝ၊ သူ့မိသားစုတောင်အရေးမကြီးပါ။ မြန်မာ့လွှတ်တော်မှာ ခွင့်မယူပဲ ခင်ဗျားတို့အမေရိကန်သမ္မတကြီးကို တစ်ရက်စောင့်ပြီးတွေ့ဆုံခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ပါ။
အကဲဆတ်တဲ့ မြန်မာ့အခြေအနေကို ခင်ဗျားလို အပြင်ကလေ့လာပြီး အခုမှ ရောက်လာတဲ့ အမေရိကန်သံအမတ်ထက် ဒေါ်အောင်ဆန်းစုကြည်ပိုသိပါတယ်။

မြန်မာ့အနာဂါတ်နောက်ပြန်လှည့်မသွားအောင် ထိန်းသိမ်းဖို့အတွက် အမည်တစ်ခု မသုံးပဲ နေလိုက်ရလို့လည်း ဘာမှမဖြစ်ဘူးဆိုတာ

"လူနည်းစုကို ညှာတာပါ" .... လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကောင်းကောင်းကြီး သိပါတယ်။
အမေရိကန် သံအမတ်ကြီးကို ပြောချင်ပါတယ် ...
မြန်မာပြည်ဟာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးရလို့
ပြာကျသွားဖို့မရှိပါ။ ဒါပေမယ့် သုံးမိရင်တော့
မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

 မလိုလားအပ်တဲ့ ပြဿနာဟူသမျှကို ရှောင်ရှားပြီး ကျုပ်တို့မြန်မာပြည်သူတွေ အားလုံး ပါးပါးနပ်နပ် ရှေ့ကို ချီတက်နေကြတာ အခုလက်ရှိအခြေအနေပါ။ ကျုပ်တို့တွေ အများကြီးနောက်ကျနေခဲ့ကြပါတယ်။ ရှေ့ကို အများကြီးပြေးရပါဦးမယ်။ ပြဿနာတွေများနေရင်
ရှေ့ကို ရောက်အောင်ပြေးဖို့ခက်ပါတယ်။

ဒါကြောင့် ပြဿနာတွေ အများကြီးလျှော့ချဖို့လိုပါတယ်။ နိုင်ငံသားအရေးကို နှစ်နိုင်ငံပေါင်းစပ် အဖြေရှာပြီးကြတဲ့အခါ ... သမိုင်းပညာရှင်တွေ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေ အဖက်ဖက်က လေ့လာသုံးသပ် အတည်ပြုပြီးတဲ့အခါ ဒီလို ဒွိဟ ဖြစ်စေတဲ့ အမည်ကို သုံးမယ် မသုံးဘူး ဒီမိုကရေစီနည်းလမ်းအတိုင်း လူထုဆီမှာ ဆန္ဒခံယူလို့ရပါတယ်။

ဒါကြောင့် မြန်မာပြည်ကို ပိုမိုနားလည်အောင် ကြိုးစားစေချင်ပါတယ်။
သံအမတ်ကြီးရေ ...
ခင်ဗျားရဲ့ ကမ္ဘာသားအမြင်နဲ့ ရပ်တည်ချက်ကို အထူးလေးစားပါတယ်။
ကမ္ဘာသားတစ်ယောက်ပီသ တဲ့ ရပ်တည်ချက်ကိုလည်း အထူး သဘောကျပါတယ်။
ဒါပေမယ့် ဒီထက်ပိုပြီး ကမ္ဘာကြည့်
ကြည့်ပေးစေချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့
ခင်ဗျားကြည့်နေတဲ့ ကမ္ဘာကြည့်ထဲမှာ မြန်မာ မပါသေးလို့ပါ။
ခင်ဗျားရပ်တည်နေတဲ့ ကမ္ဘာသားရပ်တည်ချက်ထဲမှာ
မြန်မာ့အခြေအနေကို ထည့်မတွက်သေးလို့ပါ။

ဒါကြောင့် သံအမတ်ကြီးကို ပြီးပြည့်စုံတဲ့ ကမ္ဘာသားရပ်တည်ချက်မျိုးနဲ့ ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
သံအမတ်ကြီးကို လေးစားပါတယ်
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကျုပ်တို့ မြန်မာပြည်သူတွေ ပိုပြီးလေးစားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ
နိုင်ငံအနာဂါတ်အတွက် အသက်အရွယ်နဲ့မမျှပဲ အများကြီး ကြိုးစားလုပ်ကိုင်စရာတွေ ရှိနေပါသေးတယ်။
သူမလုပ်ဆောင်ချက်တွေအတွက် အမြဲတမ်း အားတွေ ဖြစ်စေဖို့ မြန်မာပြည်သူတွေ မျှော်လင့်နေကြပါတယ်။


သူမကို အနှောက်အယှက်မပေးပဲ ကူညီဖို့ မြန်မာပြည်သူတွေ အဆင်သင့်ရှိနေတာကို မီးပျက်တာကိုတောင် မညည်းကြတော့တဲ့ ပြည်သူတွေက သက်သေပြနေပါတယ်။
သူမကလည်း ကျန်တဲ့သူမရဲ့ ဘဝလက်ကျန်တစ်စိတ်တစ်ပိုင်းကို မြန်မာပြည်အတွက်အသုံးချဖို့ ပြင်ဆင်ထားတယ်ဆိုတာ တစ်ကမ္ဘာလုံးသိကြပါတယ်။ ....
ဒီလောက်ဆိုရင် သံခင်းတမန်ခင်း ကျွမ်းကျင်တဲ့ သံအမတ်ကြီးအနေနဲ့ စဉ်းစားချင့်ချိန်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
လေးစားလျှက်
အောင်ကြီး

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...