Ads (728x90)


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Scott Marcial



မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Scott Marcial က သူ့အနေနဲ့ မွတ်ဆလင်လူနည်းစုတွေအတွက် ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို ဆက်လက်သုံးစွဲသွားမယ်လို့ ဒီကနေ့ မေလ ၁၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသုံးမပြုဖို့ တရားဝင် တောင်းဆိုခဲ့တာကို အမေရိကန်သံအမတ် စကော့မာရှယ်က ဆက်လက်သုံးစွဲသွားမယ့်လို့ အခုလို တုန့်ပြန်ပြောကြားလိုက်တာပါ။
“ကျွန်တော်တို့ ကမ္ဘာကြီး နဲ့ နိုင်ငံတကာ လက်တွေ့ အနေအထားတွေအရ ဘယ်အရပ်ဒေသက အဖွဲ့အစည်းကို မဆို သူတို့ ခေါ်စေချင်တဲ့ နာမည်ကို ခေါ်ဝေါ်ရမှာပါ အဲဒီအပေါ် ကျွန်တော်တို့ လေးစားမှု ရှိရမှာဖြစ်ပါတယ်လို့” မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာရှဲယ်ကပြောပါတယ်။
စကော့မာရှဲယ်ဟာ သမ္မတဦးထင်ကျော်တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ပညာရေး ကျန်းမာရေး ဘာသာစကား လူ့အဖွဲ့အစည်းကြား ယုံကြည်မှုအပါအ၀င် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အရေးတကြီးတွန်းအားပေးဖို့ လိုအပ်နေသလို လူ့အဖွဲ့စည်းတချို့ကို ကန့်သတ်မှုတွေနဲ့ ခက်ခဲတဲ့ အခြေအနေအမျိုးမျိုးအပါဝင် လူသားချင်း စာနာထောက်ထားမှု ပေးဖို့ လိုအပ်နေပါတယ်လို့လည်း မာရှဲယ်က ပြောပါတယ်။

MCNTV News

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...