Ads (728x90)


"အမှန်တရားအတွက် စကားနည်းနည်း ပြောခွင့်ပြုပါ"

The Ladies News Journal က “ထူးဂရုကုမ္ပဏီမှ ၀န်ထမ်းများအနေဖြင့် ကိုယ်စီတာဝန် အခြေခံဝတ္တရားများလုပ်ကိုင်ခြင်း မရှိသောကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ၀န်ထမ်းများကိုလစာတစ်ဝက် လျှော့ချမည်ဟု ဦးတေဇ ဆို” တဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် ရေးသားထားတာကို ဖတ်ရပါတယ်။ အဆိုပါ သတင်းအား (၄)ကြိမ်တိတိ အကြိမ်ကြိမ် edit လုပ်ထားတာကိုလည်း တွေ့ရှိရပါတယ်။

ပို့စ်ရဲ့နောက်ဆုံးမှာ “၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ထူးဂရုကုမ္ပဏီ၏
ဝန်ထမ်းများ အားလုံး၏ လစာကို ငါးဆယ်ရာခိုင်နှုန်းသာ ပေးမည်ဖြစ်ကြောင်း
HTOO GROUP OF COMPANIES ၏ ၂၀၁၆ ၊ မေလ ၆ ရက် နေ့စွဲ
ဖြင့် ဦးတေဇက လက်မှတ်ထိုး စာထုတ်ခဲ့ခြင်းဖြစ်သည်” ဆိုပြီး ပို့စ်ကို အဆုံးသတ် ထားပါတယ်။

အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောစရာတွေ ရှိလာပါပြီ။ စစချင်း ပြောလိုတာကတော့ လစာ(၅၀)ရာခိုင်နှုန်းလျော့တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။

၂၀၁၆ ခုနှစ် မေလ(၆)ရက်နေ့မှာ ကျနော်တို့ဆီကို ရုံးတွင်းစာ တစ်စောင် ရောက်လာပါတယ်။ အကျဉ်းပြောရရင် Financial Statement များ အချိန်မီ မထွက်ခြင်း၊ Htoo Business Unit များ အနေဖြင့် Budget Year ကုန်ဆုံးပြီး ရက်(၂၀)ထက် မကျော်ဘဲ Financial Statement များကို Owner သို့မဟုတ် State share Holder သို့ တင်ပြရမည်ဖြစ်သော်လည်း ပျက်ကွက်နေခြင်း၊ လုပ်ငန်းအခြေအနေ၊ အခွန်ပေးမှု၊ လာမည့်နှစ် Budget Plan ချ၍ နိုင်ငံတော်အတွက် Tax Target (အခွန်သွင်းရန်တာဝန်ယူခြင်း) ကိစ္စများကို ဥက္ကဋ္ဌထံ တင်ပြခြင်းနှင့် လမ်းညွှန်မှုခံယူရန် ပျက်ကွက်ခြင်းတို့ကြောင့် Htoo Business Unit အားလုံး၏ Operation System ကို ပြောင်းလဲရန် လိုအပ်လာပြီ ဖြစ်ကြောင်း ရေးသားထားတာကို ဖတ်ရှုရပါတယ်။

စာထဲမှာဘဲ Operation System ပြောင်းလဲမည် ဖြစ်သဖြင့် HGC ၀န်ထမ်းအားလုံးကို လစာ၏ (၅၀) ရာခိုင်နှုန်းသာ ကြိုပေးခြင်း ဖြစ်ပြီး ကျန်(၅၀) ရာခိုင်နှုန်းကို ပြောင်းလဲမည့် စနစ်သစ်ကို အားလုံးသဘောတူ ပူးပေါင်းဆောင်ရွက်ပြီး Unit အလိုက် Financial Statement နှင့် 2016-17 Business Plan များကို ဥက္ကဋ္ဌထံသို့ ရှင်းလင်းတင်ပြပြီးမှသာ ထုတ်ပေးရန်လို့ ရေးသားထားတာကို ဖတ်ရပါတယ်။

The Ladies News Journal ကရေးသားထားသလို “လစာတစ်ဝက်လျော့ချမည်” ဆိုတဲ့ စာသားကို လုံးဝ မပါဝင်ပါဘူး။

နောက် Operation System ပြောင်းလဲရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း ရေးသားထားတာကို ဖတ်ရှုရပါတယ်။

မိမိရည်ရွယ်ချက်သည် အလုပ်လုပ်သူတွေ ပိုရအောင်၊ ထူးကုမ္ပဏီဝန်ထမ်းများ ဘယ်မှာသွားလုပ်လုပ် စီးပွားရှာတတ်သည့် အတွေးအခေါ်များ ရစေရန် ရည်ရွယ်ခြင်းဖြစ်၍ အားလုံးပါဝင် လုပ်ဆောင်ကြပါလို့ ရေးသားထားပါတယ်။

The Ladies News Journal က တင်တဲ့ပို့စ်မှာ ဒီလို ရည်ရွယ်ချက်ကောင်းကို လုံးဝ ဖော်ပြထားခြင်း မရှိတာ စိတ်မကောင်းဖွယ် တွေ့ရပါတယ်။

Operation System ကြီး တစ်ခုလုံး စနစ်ကျကျ ရှိစေရန် ယခုလို လုပ်ဆောင်ခြင်းကို ၀န်ထမ်းတစ်ဦး အနေနဲ့ ကျနော် လက်ခံပါတယ်။ ပိုမိုကောင်းမွန်ပြီး စည်းစနစ်ကျသည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရန်နဲ့ ၀န်ထမ်းများ၏ တာဝန်သိမှု တာဝန်ခံမှုကို သတိပေးလိုက်ခြင်းလို့ နားလည်ပါတယ်။

ကျနော်သည်လည်း မီဒီယာသမားတစ်ဦး ဖြစ်ပါတယ်။ သတင်းသမားတစ်ဦး အနေနဲ့ မိမိရေးသားတဲ့ သတင်း ဆန့်ကျင်ဘက်ဖြစ်သွားနိုင်တဲ့ အရေးအသားမျိုးကို ဂရုစိုက်သင့်တယ်လို့ ထင်ပါတယ်။ ခေါင်းတပ်ခြင်း အနုပညာကို ရိုးသားစေချင်ပါတယ်။ ရိုးသားစွာပဲ မှားယွင်းစေချင်ပါတယ်။

The Ladies News Journal ရဲ့ ခေါင်းတပ်ခြင်း အနုပညာကတော့ ဖြစ်ရပ်မှန်ကနေ သွေဖွယ်သွားတဲ့အထိ ဖြစ်ခဲ့တာမို့ ဒါကို သတင်းသမားတစ်ဦး အနေနဲ့ ကျနော် စိတ်မကောင်း ဖြစ်မိပါတယ်။

နောက်တစ်ချက်ကတော့ သတင်းတည်ဆောက်မှုပါပဲ။ The Ladies News Journal အနေနဲ့ သူတို့ရရှိတဲ့ သတင်းအရင်းအမြစ်က ဦးတေဇ ထုတ်ပါတယ်လို့ ယုံကြည်ရတဲ့ စာရွက်စာတမ်း (document) ကော်ပီ၊ မိတ္တူ တစ်စုံတစ်ခု ဖြစ်ပါလိမ့်မယ်။

ဘယ်လိုနည်းနဲ့မဆို သတင်းတစ်ပုဒ်တည်ဆောက်တော့မယ်ဆိုရင် ခိုင်မာမှု၊ တိကျမှုက အင်မတန်အရေးကြီးတယ်ဆိုတာ မေးခွန်းထုတ်နေစရာတောင် မလိုအပ်ပါဘူး။ တကယ်ဆိုရင် ထူးရုံးချုပ်ကို လူကိုယ်တိုင် မဟုတ်ရင်တောင် ဖုန်းနဲ့ ဆက်သွယ်ပြီး သတင်းအချက်အလက် ခိုင်မာမှုရအောင်၊ တကယ်ပဲ ၀န်ထမ်းတွေကို လစာတစ်ဝက်ပဲ လျော့ပေးတော့မှာလား ဆိုတဲ့ အတည်ပြုချက် ရယူသင့်ပါတယ်။ ဒါမှလည်း ကျင့်ဝတ်နဲ့ ညီညွှတ်တဲ့ သတင်းတည်ဆောက်မှုဖြစ်မယ်လို့ ယူဆမိပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ် ထင်မြင်သလို ဆွဲယူကောက်ချက်ချရေးသားမှုကတော့ တာဝန်ခံမှုပိုင်း အားနည်းသွားတယ်လို့ မြင်မိပါတယ်။

တဆက်တည်း ပြောလိုတာက အဲ့ဒီစာ မထုတ်ခင် မေလ(၅)ရက်နေ့ ကတည်းက ကျနော်တို့ လစာ အပြည့် ရပြီးနေပါပြီ။ ကျနော်တို့က Business Unit မဟုတ်တာလည်း ပါမယ်ထင်ပါတယ်။ တကယ် အလုပ်လုပ်နေသူများကို ပိုရစေချင်သည့်ဆန္ဒနဲ့ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးနိုင်ရန် Operation System ကို ပြင်ဆင်ပြီး ၀န်ထမ်းများရဲ့ အရည်အသွေးကို မြှင့်တင်ခဲ့တဲ့ ဒီအစဉ်အစဉ်ကို ကျနော့်တို့အနေနဲ့ ဘာမှ အပြစ်ပြောစရာ မရှိပါဘူး။

တိကျသေချာတဲ့ အကြောင်းအရာကတော့ The Ladies News Journal ရေးသားခဲ့သလို လစာအား (၅၀)ရာခိုင်နှုန်း လျော့ချမည် ဆိုသည့် သတင်းသည် (လုံးဝ) လုံးဝ မမှန်ပါ။ မူရင်း အကြောင်းအရာများနဲ့ သွေဖွယ်သွားစေခဲ့တဲ့ သတင်းတင်ဆက်ခဲ့မှု အတွက်တော့ စစ်မှန်တဲ့ မီဒီယာဆိုရင် မှားယွင်းခဲ့တဲ့ (ရိုးသားစွာမှားတယ်လို့ ယုံကြည်ပါတယ်) သတင်းတင်ဆက်မှု အတွက် အမှန်ပြင်ပါလိမ့်မယ်။

By :  ဦးဘိုထွန်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...