Ads (728x90)



AA(ဓာတ်ခဲမဟုတ်ပါ) အကြောင်း ဖေ့ဘွတ်ပေါ်မှာ တော်တော်လေးကို
ပွထနေတာကို တွေ့ ရပါတယ် အမျိုးမျိုးလည်း ၀ိဝါဒ ကွဲပြားနေတာတွေလဲ
မြင်ရတွေ့ ရပါတယ် ဒီနေရာမှာ လွဲနေတာက AA ဘက်က ထောက်ခံ
ပြောဆိုနေသူတွေပါ အစိုးရတပ်နဲ့  AA တိုက်ပွဲဖြစ်တယ် အဲ့ဒီမှာ
AA ဘက်ကနေပြီး နာကြသူတွေ အစိုးရတပ်ကဘာဖြစ်တယ် ညာဖြစ်တယ်
ပြောနေကြပြီး ရခိုင်တပ်မတော်လို့ သုံးတာကျတော့ဘာမှမပြောကြပဲ
AA ကို သူပုန်လို့ ခေါ်တော့ မခေါ်သင့်ဘူး မခေါ်ရဘူးတွေဖြစ်ကုန်ရော
သူပုန်ကို သူပုန်လို့ ခေါ်တာ မဆန်းပါဘူး တိုင်းရင်းသားလက်နက်ကိုင်ဆိုတာက လက်ရှိနယ်ခြားစောင့်တပ်အဖြစ်တာဝန်ယူထားတဲ့ သူတွေပဲရှိတယ်။

အစိုးရကို ကန့် လန့် တိုက် ပုန်ကန်နေတဲ့ လက်နက်ကိုင်တွေကို "လက်နက်ကိုင်သူပုန်" တွေလို့ ခေါ်ပါတယ်
နောက်တစ်ခုက နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်ဆိုတာ တစ်ခုပဲ ရှိရတယ် မြန်မာနိုင်ငံမှာ တပ်မတော်ဆိုတာ မြန်မာ့တပ်မတော် တစ်ခုပဲရှိရမယ် ရခိုင့်တပ်မတော်ဆိုတာမျိုးရှိမနေရဘူး အဲ့ဒါမျိုးတွေကို သိအောင်နားလည်အောင်လုပ်စမ်းပါ ဝေဖန်စမ်းပါ ထောက်ပြစမ်းပါ ဘာမဟုတ်တဲ့ သူပုန်ကို သူပုန်လို့ ခေါ်တာကြတော့ အလကားဖင်ဝင်နာနေကြသေးတယ် သူပုန်တွေက ဟိုတပ်မတော် ဒီတပ်မတော်ဆိုပြီး သူတို့ ဘာသာ တပ်မတော်လုပ်နေကြတာ အဲ့ဒါက သူတို့ နဲ့  လက်ရှိအချိန်မှာ လားလားမှမဆိုင်ဘူး "တပ်" ပြီး "မ" "တော်" ဖြစ်နေတာကို
သူတို့ မသိဘူး တပ်မတော်ဆိုတာပဲ တွင်တွင်သုံးတယ် ၀န်ကြီးတွေ လွှတ်တော်အမတ်တွေ မီဒီယာတွေကအစ မြန်မာ့တပ်မတော်မဟုတ်တဲ့
ပြည်တွင်းနေ လက်နက်ကိုင်တွေကို တပ်မတော် တပ်မတော်လုပ်နေတာက
တော်တော်လေးကို အသိဥာဏ်မဲ့ ဗဟုသုတမရှိ ဖြစ်နေတယ်။
နောက်ပြီးတော့ မသိရင်ပဲ မြန်မာ့တပ်မတော်က အားတိုင်းယားတိုင်း
စစ်မဖြစ်ဖြစ်အောင် လုပ်နေသလိုလို အားတိုင်း စစ်ပဲတိုက်ချင်နေသလို
ပြောဆိုနေကြတာတွေ ရှိသေးတယ် ...
တပ်မတော်ဆိုတာ နိုင်ငံကို ကာကွယ်ဖို့ အတွက် ထားရှိတာ
အားတိုင်းယားတိုင်း ပြည်တွင်းစစ်တွေဖြစ်ပြီး တိုင်းရင်းသားတွေနဲ့ သူသေ ကိုယ်သေတိုက်နေရတာကို မလိုလားကြဘူး အဲ့ဒီ ကန့် လန့် တိုက် နေတဲ့ လက်နက်ကိုင် သူပုန်တွေဘက်က စမတိုက်ပဲ ရန်မစပဲ မြန်မာစစ်တပ်ဘက်က စမတိုက်ဘူး ဘာလို့ လဲသိလား ဒီနိုင်ငံ ဒီလူမျိုးတွေ ကို မထိပါးမချင်း တပ်မတော်ကဘက်က အားအားယားယား ရန်စတိုက်ခိုက်မနေဘူး။

သူပုန်ကို သူပုန်လို့ ခေါ်တော့တရားမျှတရမယ်တဲ့...
တရားမျှတရမယ်ဆိုတာက ဘာကိုပြောတာလဲ သူပုန်ကို သူပုန်လို့  ခေါ်တာ တရားမမျှတလို့ လား တိုင်းရင်းသားလက်နက်ကိုင်လို့ ခေါ်ရအောင်လည်း အဲ့ဒီအဆင့်မရှိဘူး တိုင်းရင်းသားလက်နက်ကိုင်လို့ ခေါ်တာက နယ်ခြားစောင့်တပ်ကိုပဲ တိုင်းရင်းသားလက်နက်ကိုင်လို့ ခေါ်တယ်သတ်မှတ်တယ် သူပုန်လုပ်နေသူတွေကိုတော့ သူပုန်လို့ ပဲသတ်မှတ်တယ် ခေါ်တယ်။

တရားမျှတမှုမရှိဘူးပြောနေကြသူတွေအနေနဲ့ .....
တရားမျှတတယ်ဆိုတာ တန်းတူအခွင့်အရေးမရှိဘူး မပေးဘူးလို့ ဆိုလိုချင်တာလား ..? တပ်မတော်သားတွေနဲ့  အဲ့ဒီသူပုန်တွေနဲ့  တန်းတူထားရအောင် တန်းတူအခွင့်အရေးပေးရအောင် တူလို့ လား တန်လို လ့ားပဲမေးလိုက်မယ် ဒါဆို တိုင်းရင်းသားလက်နက်ကိုင်တွေကို တန်းတူအခွင့်အရေးမပေးဘူးလားဆိုရင် ပေးတယ် လက်ရှိ နယ်ခြားစောင့်တပ်ဆိုတာ တစ်ချိန်က သူပုန်တွေပဲ အလင်းဝင်လာပြီး ဒီနိုင်ငံအတွက် အလုပ်အကျွေးပြုတဲ့အချိန်မှာ တပ်မတော်သားတွေနဲ့  တန်းတူနေရတယ် တန်းတူအခွင့်အရေးရတယ်( ပိုတောင်ပိုပါသေးတယ် ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတယ် နယ်စပ်ခြံစည်းရိုးလုံအောင် စောင့်ရှောက်ဖို့ တစ်ခုပဲ သူတို့ တာဝန်ယူရတယ် အဲ့ဒီနယ်နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်း အကျိုးအမြတ်ကစပြီး အဲ့ဒီ နိုင်ငံ့အကျိုးပြု တိုင်းရင်းသား လက်နက်ကိုင်တွေကို ပေးထားတယ်။

AA သူပုန်တွေ တန်းတူအခွင့်အရေးလိုချင်ရင်တော့ နိုင်ငံကို ကာကွယ်ပေးနေတဲ့ တပ်မတော်နဲ့  တစ်သားထဲဖြစ်အောင်ကြိုးစားပေါ့ တိုင်းရင်းသားညီအစ်ကို အချင်းချင်း ပြန်ပြီးသတ်ဖြတ်နေရတာမျိုးတွေမလုပ်ပဲ ကိုယ့် ရခိုင်ပြည်နယ်ကို အမှန်တကယ်စောင့်ရှောက်ပေးနိုင်တဲ့အဖွဲ့ အစည်းဖြစ်အောင်ပဲလုပ် အစိုးရက လုပ်ပိုင်ခွင့်တွေပေးမယ် ရပိုင်ခွင့်တွေပေးမယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမယ် ကိုယ့်ပြည်နယ်ကို စေတနာရှိရင် တိုးတက်အောင် လုပ်ပေးချင်စိတ်ရှိရင် အလင်းဝင် နယ်ခြားစောင့်တပ်လုပ် ဘင်္ဂလားဒေ့က ထိပါးလာရင် မြန်မာ့တပ်မတော်နဲ့ အတူ တိုက်ပွဲဝင် ဒါဆိုရင် တန်းတူဖြစ်လိမ့်မယ်။

ခုချိန်မှာတော့ အစိုးရကိုပုန်ကန်နေသူ ဖြစ်နေသေးလို့  သူပုန်လို့ ပဲခေါ်နေဦးမှာပဲ။

Ps . Post တစ်ခုအောက် Comment ပေးထားသူအောက်မှာ Reply လုပ် ထားတာလေးကို နည်းနည်း Edit လုပ်ပြီး ပြန်တင်လိုက်တာပါ တစ်ချို့ လွဲနေတာလေးတွေ နည်းနည်းလေးဖြစ်ဖြစ် တည့်သွားကြစေချင်လို့ ။

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...