Ads (728x90)




ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ ဒီမိုကရေစီအစိုးရဘက်တော်သားတွေ ဒီမိုကရေစီမြတ်နိုးပါတယ် ဖော်ဆောင်နေပါတယ်ဆိုတဲ့ ပါတီဝင်တွေက ကျွန်တော်တို့  ခင်ဗျားတို့ တွေကနေ ဒီမိုကရေစီဆန်ဆန် လွတ်လပ်စွာ ပြောဆို ဝေဖန်တာတွေကို သဘောမကျကြပါဘူး
ငါတို့ အစိုးရကိုမထိနဲ့  ငါတို့ ပါတီကိုမထိနဲ့  ငါတို့ ဘက်တော်သားတွေကို မထိနဲ့ ဆိုပြီး ဒီမိုကရေစီဆန်လွန်းစွာနဲ့  တန်ပြန်တိုက်ခိုက်ကြပါတယ်။

နောက်ဆုံးကျတော့ ပါးစပ်ကပြောနေတာဒီမိုကရေစီ
လက်တွေ့ လုပ်ကိုင် ပြောဆို နေထိုင်တာကတော့
ဒီမိုကရေစီဆိုတာနဲ့  လာားလားမှ မတူတဲ့ ဆန့် ကျင်ဘက်...
အဲ့လိုလူတွေကိုကြည့်မရတာနဲ့  လှောင်ရင်း ပြောင်ရင်း
ခနဲ့ ရင်း ရွဲ့ ရင်းနဲ့ ပဲ ကျွန်တော်တို့ တစ်တွေလည်း
တဖြည်းဖြည်းနဲ့  အတိုက်အခံ ဖြစ်မှန်းမသိ ဖြစ်ဖြစ်လာတယ်
သူများတွေလုပ်တော့ အပြစ်ပြော သူတို့ တွေလုပ်တော့
ဘာမှလာမပြောနဲ့ ဆိုတဲ့အချိုးမျိုးတွေ အဲ့လို လူမျိုးတွေပါးစပ်က
ဒီမိုကရေစီ ...ဒီမိုကရေစီ...နဲ့  အော်နေတာ မြင်နေ ကြားနေရတာ
တော်တော်လေးကို ရွံရှာပြီး အော့နှလုံးတောင်နာမိတယ်။

နောက်ဆုံး ဒီလောက်ရှိလှတာဆိုပြီး အမုန်းခံအဆဲခံပြီး
သူတို့ ကို အမြဲတမ်းလှောင်နေမိတော့တာပါပဲ နည်းနည်း
လေးလောက်တောင် ပြောဆိုဝေဖန် ထောက်ပြလို့ မရဘူး
ရဲရဲတောက်ဒီမိုဘက်တော်သားတွေရဲ့  ဆဲဆိုသံတွေ
ပလူပျံနေတာပဲ ဒီကြားထဲ သူတို့ ကိုမထောက်ခံတာနဲ့ ပဲ
သူတို့ ကိုအပြစ်ပြောတာနဲ့ ပဲ အဘဘောမလို့ ခေါ်လို့ ခေါ်
စစ်ခွေးလို့ ခေါ်လို့ ခေါ်နဲ့  ကိုယ်တွေမှာ ဘောမဖြစ်လိုက်
စစ်ခွေးဖြစ်လိုက်နဲ့  အမှန်က ဘယ်သူ့ ဘောမှမဘူး ကိုယ့်ဘောကိုယ်ပဲပြန်မနေတာ(ဘောကြီးနေလို့ ) :D

ကိုယ်တွေကတော့ တစ်နေ့တစ်နေ့ သူတို့ တစ်တွေကို မခံချင်အောင်
ကလိကလိဖြစ်အောင် ဆွရတဲ့ အရသာကို ခုံမင်နေပီလားတော့မသိဘူး
အားတိုင်းယားတိုင်း သူတို့ တစ်တွေကို ဘယ်လိုဆွရမလည်းပဲ
ချောင်းနေမိတော့တယ် အခုလည်းဆွနေတုန်း နောင်လည်းဆွနေဦးမှာပဲ
အာ့ကြောင့် ခေါ်ကြပါဦး အဘဘောမလို့  စစ်ခွေးလို့  ဆဲလည်းဆဲကြပါဦး ဒီမိုကရေစီဆန်ဆန်လေးေိခိ :P
 
 
Aung Kyaw Soe feeling ဆဲကြပါဦး.

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...