ချိန်ခါမဟုတ် မုန်တိုင်း နှင့် အတူ ဂေါက်သီး လုံး အရွယ် ပမာဏ ရှိသော မိုးသီးများ နိုင်ငံအနှံ ပြင်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လူ ရှစ်ဦး သေဆုံးပြီး အိမ်ခြေ ၇၅၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ AFP သတင်းမှာ ဖေါ်ပြထားပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူ ပ် အစိုးရ အဖွဲ့ သည် ယခုလို သဘာဝဘေးဒဏ် သင့်သော နေရာများကို ပြင်းထန်သော ရာသီဥတု ကြားမှ တိုင်း နှင့် ပြည်နယ် ၀န်ကြီးချူ ပ်များ ပြည်ထောင်စု ၀န်ကြီးများ သွားရောက် ကြည့်ရှု၍ လိုအပ်သည်များကို အကူ အညီ ပေးနေကြသည်ကို တွေ့ မြင် နေရပါတယ်။
၎င်းတို့ အဖို့ ကား ပြည်သူများက ရွေးကောက်တင်မြှောက်ထားခြင်း သက်သက်ကြောင့် သာ စီမံ အုပ်ချူ ပ်ခွင့် ရနေသည်ဖြစ်ရာ ပြည်သူသာ အမိ ပြည်သူသာ အဖ ခံယူထားကြ၍ ယခုလို ဂရုတစိုက် ပြု မူ စောင့်ရှောက် ပေးနေကြခြင်း ဖြစ်ပါတယ်။
အချို့  ဆိုက မိမိတို့ ရရှိထားသော အမတ်မင်း လစာမှပင် စိုက်ထုတ် အကုန် အကျ ခံကာ လမ်းပင် ခင်း ပေး ခဲ့ကြပြန် ပါတယ်။
ယခင် လူများကတော့ ၎င်းတို့ စိတ်ထဲတွင် ထိုကဲ့သို့ မခံယူကြ။ ခံယူ နိုင်စရာလည်း မရှိ။ သမ္မတ လုပ်သူက အစ မိမိ ဒီနေရာ ရောက်နေခြင်းသည် အထက် လူကြီး နှစ် ချိုက် သော ကြောင့် သာ ဟု ခံယူ ထားကြပြီး အမှန်တကယ် လည်း ဟုတ်နေပါတယ်။
သို့ အတွက် ပြည်သူ ဆိုသည့် စကားသည် သတင်းစာ တီဗွီ များ တွင် ထည့်သွင်း ဖေါ်ပြနိုင်ရန် အတွက်သာ ရည်ရွယ် သုံးစွဲကြပြီး မိမိတို့ အချင်းချင်း ကျေနပ် နေသရွေ့ ရာထူးက တည်မြဲနေမည်သာဟု မှတ်ယူထားခဲ့သည်မှာ ခေတ် အဆက်ဆက် ပင် ဖြစ်ပါတယ်။ ပြည်သူဆိုသည်ကား ဖုတ်လေသည့် ငပိ မရှိအလား ဆက်ဆံခဲ့ကြပြီး ဘာမှ သိနားလည် ခြင်း မရှိဟု ထင်မြင်ထားခဲ့သည်မှာ ရွေးကောက်ပွဲ အလွန် ကာလများတွင် မထွေးနိုင် မအန်နိုင် ဖြစ်လာကြသည်။
၎င်းတို့ ရှုံးနိမ့်သွားခဲ့ရသည်မှာ နလပိန်တုံး များ ရဲ့ ရွေးချယ်မှု မှားယွင်း သော ကြောင့်ဟု ကျယ်လောင်စွာ ပြောဆို လာကြသည်မှာလည်း မကြားချင်မှ အဆုံးပင်။
ခေတ်အဆက် ဆက် ပြည်သူများ ဘက် ကလည်း ၎င်းတို့ အား မိုးကျရွှေကိုယ် အုပ်ချူ ပ်သူ လူတန်းစားဟု တွေးထင်လာခဲ့ကြပြီး ထိတ်လန့် ကြသည်။ ရိုးကျိုးကြသည်။ လက်အုပ်ချီ လာကြသည့် အထိ ဖြစ်ကုန်ကြပါတယ်။
ယခု အစိုးရ အဖွဲ့ သစ် ၀င်များကမူ လူတောထဲတွင် သာမန် လူများ ပမာ နေထိုင် သွားလာနေကြသည်အရေး မှာ အခြားသော ဒီမိုကရေစီ အသားကျ ပြီးသား နိုင်ငံများ တွင် ဖြစ်ရိုး ဖြစ်စဉ် ကိစ္စမျသာ ဖြစ်နေသော်လည်း အချို့ သော မြန်မာ ပြည်သူ လူထုကြီး အဖို့ အထူးအဆန်း သဖွယ် ဖြစ်နေကြသည်မှာလည်း သဘာဝ ကျလှပါတယ်။
ဤနေရာတွင် Culture Shock ၀င်ရောက်လာရပြီး လက်ရှိ ဖြစ်စဉ်များနှင့် အသားမကျ နိုင် ဖြစ်လာကြပါတယ်။ ၎င်းတို့ ကို အုပ်ချူ ပ်နေသူများကို သီးသန့် လူတန်းစား သဖွယ် ထိတွေ့ ဆက်ဆံလာခဲ့ရမှုများ က အရိုးစွဲနေပြီ မဟုတ်ပါလား။
ယခု လို မြင့်တွေ့ နေရခြင်း များကြောင့် ၎င်းတို့ စိတ်ထဲတွင် အချို့ က ကျေနပ် အားရမှု ရှိနေမည် ဖြစ်ပြီးအချို့ က ယုံကြညိမှု လျော့နည်း လာကောင်း လာနိုင်ပါတယ်။
ဤ အရေးကို အုပ်ချူ ပ်သူ များက ကောင်းစွာ သဘောပေါက် ထားသင့်ပြီး လောလောဆယ် အသားမကျ သေးသော အချိန်တွင် အစွန်းတရား နှစ်ဖက်ကို ရှောင်ရှားကာ ပြု မူ နေ ထိုင်သင့်သည်ဟု ယူဆမိပါတယ်။
ဓါတ်ပုံ။ ။ Htun Naing via The Straits Times
HSW
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။