Ads (728x90)



သို့ 
နိုင်ငံခြားရေးဝန်ကြီး
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်


အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူများ သည် အ မေရိကန်သံရုံး၏ ဧပြီလ ၂၀ ရက် နေ့စွဲပါ လူမှုကွန်ယက် official page တွင် "ရိုဟင်ဂျာ" စကားလုံးသုံးစွဲထားခြင်းအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အချုပ်အချာအာဏာအား မထီမဲ့မြင်ပြုရာရောက်သည့် ထုတ်ပြန်မှုအဖြစ် ရှုမြင်ပါသည်။ ထို ထုတ်ပြန်ချက်အပေါ်တွင်
နိုင်ငံခြားရေးဝန်ကြီးဌာန ၏ တုန့် ပြန်မှုကို ကျွန်ုပ်တို့ စောင့်ကြည့်ပါသော်လည်း ၅ ရက် ကြာသည့်တိုင် မည်သို့ သော တုန့် ပြန်မှုကိုမှ မတွေ့ ရှိရသဖြင့် ကျွန်ုပ်တို့ ပြည်သူများ ၏ သဘောထားဆန္ဒအမှန်ကို သိရှိစေရန်နှင့် သက်ဆိုင်ရာသံရုံးအား သံတမန်ကျင့်ဝတ်နှင့်အညီ ပြုမူပြောဆိုရန် ကန့်ကွက်သတိပေးနိုင်ပါရန် အစိုးရ နှင့် လွှတ်တော်အား ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်းရင်းသားပြည်သူများ ကိုယ်စား ကျွန်ုပ်တို့ မှ တောင်းဆို တိုက်တွန်းအပ်ပါသည်။
ပြည်သူမှရွေးကောက်တင်မြှောက်ခဲ့သည့်အစိုးရဖြစ်သည့်
အလျောက်
ပြည်သူ့ အသံ၊ ပြည်သူ့ ဆန္ဒ အား အကောင်အထည်ဖော်နိုင်သော ပြည်သူ့ အစိုးရ နှင့် လွှတ်တော် ဖြစ်ပါစေ...
လေးစားစွာဖြင့်
အမှုဆောင်အဖွဲ့ 
Myanmar 5th Pillar (မဏ္ဍိုင်5)
ဖြန့် ဝေခြင်း။ ။
-နိုင်ငံတော်သမ္မတရုံး
-ပြည်ထောင်စုလွှတ်တော်
-နိုင်ငံတော်အတိုင်ပင်ခံရုံး
-နိုင်ငံခြားရေးဝန်ကြီးဌာန
-သက်ဆိုင်ရာသံရုံး
By : ကိုရင်လူထွက် ငပိချက်


Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...