Ads (728x90)



အမေရိကန်သံရုံးကထုတ်ပြန်ချက် ကိုဖတ်ပီး စိတ်ထဲကနေ မိုက်မိုက်ရိုင်းရိုင်း ယီးပဲ အမေရိကန်ရေလို့ ဆဲမိတယ် အမှတ်တမဲ့ဖတ်ကြည့်ရင်တော့ အပေါ်ယံသကာရည်လောင်းထားပီး နှစ်လိုဖွယ်အဆင်းရှိတယ်လို့ ထင်စရာ တကယ်တမ်းကျတော့ အတွင်းထဲမှာ ပုပ်အဲ့နေပီး မသတီစရာ ရွံရှာဖွယ်ကောင်းတဲ့ထုတ်ပြန်ချက်ဆိုတာ သေချာဖတ်ကြည့်ပြီး လေ့လာသုံးသပ်ကြည့်ရင် ရှင်းရှင်းလင်းလင်း နဲ့ ဘွင်းဘွင်းကြီးကို မြင်တွေ့ရမှာပါ။
မသိရင်တော့ ရခိုင်တိုင်းရင်းသားတွေ မြန်မာပြည်သူပြည်သားတွေအတွက် ၀မ်းနည်းပူဆွေး စိုးရိမ်ပေးသလိုလိုနဲ့ အမှန်တစ်တမ်းကျတော့ဘင်္ဂလားဒေ့က ခိုးဝင်လာတဲ့ ဘင်္ဂါလီကုလားတွေကိုပဲ စိုးရိမ်ပေးနေတာပါ ပြောတော့ မြန်မာပြည်သူပြည်သားတွေနဲ့အတူလက်တွဲပြီး ဆောင်ရွက်သွားမယ်ပြောပြီး မြန်မာတိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးထဲမှာမပါဝင်တဲ့ မြန်မာပြည်သူပြည်သားအားလုံးကလက်မခံတဲ့ ရိုဟင်ဂျာ ဆိုတာကို ဒင်းတို့က အတည်ပြုပေးချင်နေကြတယ် အဲ့ဒီကုလားတွေကို ခင်ဗျားတို့သနားရင် ခင်ဗျားတို့နိုင်ငံမှာခေါ်ထားပါလားဆိုရင် မသိချင်ယောင်ပဲဆောင်သွားကြလိမ့်မယ်။
ထိုင်းနိုင်ငံတောင်ပိုင်းကဖြစ်စဉ်ကို အမေရိကန်အစိုးရသိတယ် မွတ်ကုလားမိသားစုတစ်စုကို သနားလို့လက်ခံပေးခဲ့ရာက ခုဆို ထိုင်းတောင်ပိုင်းတစ်ခုလုံး မွတ်စလင်သုပုန်တွေလက်ထဲကျရောက်နေပီ ကုလားအုပ်ပုံပြင်လိုပဲ သနားလို့ ခေါင်းလေးထည့်တာ ခြေလေးထည့်တာခွင့်ပြုပေးရင်းနဲ့ တစ်ကောင်လုံး တဲအိမ်ထဲရောက်လာပီး တဲအိမ်ကို အပိုင်စီးတဲ့အကွက်မျိုးလုပ်သွားကြတာ ခု ရခိုင်ပြည်မှာလည်း အဲ့လိုပဲ ဘင်္ဂလားဒေ့က ကုလားတွေက ရိုဟင်ဂျာဆိုတဲ့ အမည်သုံးပြီး ခေါင်းကလေးဝင်ပါရစေ ခြေထောက်ကလေးဝင်ပါရစေလုပ်နေတာ ဒါကို အမေရိကန်အစိုးရနဲ့ အနောက်နိုင်ငံတော်တော်များများက ပေးဝင်လိုက်ပါလုပ်နေကြတာ ခင်ဗျားတို့ခေါ်ထားပါလို့ပြောရင် ခေါ်ထားချင်ကြတာမဟုတ်ဘူး။
တစ်ချို့တွေရှိတယ် ရခိုင်လူမျိုးလို့ပြောလိုက်ရင် ဘင်္ဂါလီကုလားတွေကိုပြေးမြင်တယ် ရခိုင်တွေကို ကုလားလို့ထင်နေသူတွေရှိတယ် အဲ့ဒါတွေက လက်ရှိအနေအထားကြောင့် ထင်တာမြင်တာ ဘာလို့လည်းဆိုရင် ခုချိန်ရခိုင်ပြည်ဘက်သွားကြည့် ရခိုင်စစ်စစ်ဆိုတာရှားနေပီ ဘင်္ဂလားဒေ့က ခိုးဝင်လာပီး အခြေချနေတဲ့ ဘင်္ဂါလီကုလားတွေပဲ တော်တော်များများတွေ့ရတော့တယ် ဒါကြောင့် မသိတဲ့သူတွေက ရခိုင်လူမျိုးလို့ပြောလိုက်တာနဲ့ ကုလားတွေပဲလို့ပြေးမြင်ကြတာ အမှန်က ရခိုင်ကရခိုင် ကုလားကကုလား သပ်သပ်စီပဲမတူဘူး ရခိုင်တွေလောက် ကုလားတွေကိုမုန်းတာ ရခိုင်တွေပဲရှိတယ် ဘာကြောင့်လည်းဆိုရင် လူမျိုးတုန်းသတ်ဖြတ်မှုတွေ နယ်မြေလုယက်ခံရမှုတွေကို သူတို့တွေခါးဆီးခံခဲ့ကြရလို့ပါပဲ ဟိုးတစ်ချိန်တစ်ခါတုန်းက ရခိုင်နိုင်ငံတော်ဆိုပီး ကိုယ့်ထီးကိုယ့်နန်းနဲ့နေခဲ့ကြတဲ့သူတွေပါ ခုနောက်ပိုင်းမှာ ရခိုင်ရွာတွေဆိုတာ နေ့မြင်ညပျောက်နဲ့ ဘင်္ဂါလီရွာတွေဖြစ်ကုန်ပါပြီ ဒီနေ့မနက် ရခိုင်ရွာကြီးအဖြစ်ရှိနေခဲ့ပြီး ညတွင်းချင်း ရွာလုံးပျောက် မီးရှို့ခံရမှုတွေ လူမျိုးတုန်းသတ်ဖြတ်ခံရမှုတွေနဲ့ နောက်တစ်ရက်မှာ ရခိုင်ရွာကြီးကနေ ဘင်္ဂါလီရွာဖြစ်သွားတော့တာပါ ဒါကြောင့်လည်း ရခိုင်လူမျိုးတွေဟာ ကုလားဆိုရင် အသေမုန်းကြပါတယ်။
ဒီဘင်္ဂါလီတွေကို အရေးပေးပြီး မြန်မာနိုင်ငံသားဖြစ်ဖို့ လုံးပမ်းနေကြတဲ့ အမေရိကန်နဲ့အပေါင်းပါနိုင်ငံတွေကို တော်တော်လေးကို ရွံရှာမိပါတယ် ကိုယ့်နိုင်ငံအရေးမဟုတ်ပဲ သူများနိုင်ငံအရေးကို ၀င်ရောက်စွက်ဖက် ခြယ်လှယ်နေတာတွေဟာ ဒီတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စော်ကားနေတာပဲဖြစ်ပါတယ် နောက်တစ်ခုက တိုင်းပြည်တစ်ခုမှာ တပ်မတော်ဆိုတာ တစ်ခုထဲပဲရှိရပါတယ် စင်ပြိုင် တပ်မတော်ဆိုပြီး နောက်တစ်ခုရှိမနေရပါဘူး ဒါကို သိရှိနားလည်ထားပြီး ဘာအတွက်ကြောင့် ရခိုင်တပ်မတော်ဆိုပြီး အမေရိကန်အစိုးရအနေနဲ့ သုံးနှုန်းသွားရတာလည်းမေးချင်မိပါတယ် မသိနားမလည်ရင်တော့တစ်မျိုးပေါ့ ခုတော့ စူပါပါဝါ နိုင်ငံကြီးတစ်ခုက နိုင်ငံတစ်ခုမှာ တပ်မတော်ဆိုတာ တစ်ခုပဲရှိရမယ်ဆိုတာကို မသိကျိုးကျွံပြုပြီး ရခိုင်တပ်မတော်ဆိုပီးသုံးနှုန်းသွားပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာပြည်ကို အမှန်တစ်ကယ်စေတနာထားနေခြင်းလား ခလောက်ဆန်အောင်ပြုလုပ်နေခြင်းလားဆိုတာ သူတို့ထုတ်ပြန်ချက်ကိုလေ့လာကြည့်ရင် သိရှိနိုင်ပါလိမ့်မယ် အင်မတန်ကောက်ကျစ်ယုတ်မာတဲ့ အမေရိကန်အစိုးရပါ မွတ်စလင်နိုင်ငံတွေတော်တော်များများနဲ့ မတည့်ပါဘူး တစ်ချိန်က အစွန်းရောက်မွတ်စလင်တွေကို လက်နက်တပ်ပေး ကျောထောက်နောက်ခံပြုပေးပြီး လက်သပ်မွေးခဲ့တာ အမေရိကန်အစိုးရပါ ယနေ့ကမ္ဘာမှာ သူမွေးခဲ့တဲ့မျောက်က သူ့ကိုပြန်ခြောက်နေပါပြီ ဒါတွေကို အားလုံးလည်းသိပီးဖြစ်မှာပါ ဒါကြောင့် အမေရိကန်အစိုးရကို မယုံကြည်ကြပါနဲ့ဆိုတာကို အသိပေးပြောကြားရင်း အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်တွေကို ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။
Aung KyawSoe (21.4.2016 - 3:10 PM)

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...