Ads (728x90)



သတင်းတွေထဲမှာ အမေရိကန် ဖလော်ရီဒါပြည်နယ်က ၁၅ နှစ်သား
ကောင်လေးရဲ့ မွေးနေ့မှာ ရေကူးကန်ထဲကို ကောင်လေးက သုတ်
လွှတ်သတဲ့။ အဲဒီမှာ အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား ရေကူး
နေတဲ့ ကောင်မလေး ၁၆ ယောက် ကိုယ်ဝန်ရကုန်ကြသတဲ့။
တွေ့တဲ့လင့်ခ်ကို ကြည့်မိကတည်းက လုပ်စားတဲ့ သတင်းဆိုဒ်ဆိုတာ
သိမိသားဗျ။ အဲလို သတင်းဆိုဒ်တွေက Twitter လူမှုကွန်ယက်မှာ
တပုံတပင်ကြီးဗျ။
ပေါက်ကရသတင်းတွေတင် လာဖတ်တဲ့သူရဲ့ အင်တာနက် အချက်
အလက်တွေ ထောက်လှမ်း၊ ကြော်ငြာတွေပို့ စသဖြင့် မထော်မနမ်း
တွေ လုပ်တတ်တဲ့ Tabloid လို့ ခေါ်တဲ့ လူပြိန်းကြိုက် သတင်းဆိုဒ်
တွေပါ။
ကိုယ်နဲ့မဆိုင်လို့ မသိချင်ဟန်ဆောင်နေပေမယ့် အခုအခါတော့
ဖေ့စ်ဘုတ်က မြန်မာသတင်းဆိုဒ်တွေက အရေးမဟုတ် အရေးလုပ်လို့
တကယ်အထင်နဲ့ သတင်းအဖြစ် စွတ်တင်နေကြတော့ မသိတဲ့သူ
အကြား အဟုတ်မှတ်မှာစိုးလို့ ရှင်းပြဖို့ ဆောင်းပါးတပုဒ်ရေးပါသဗျာ။
ဒီသတင်းသာ အမှန်ဆို ဒီလဒလေး ကမ္ဘာကျော်တာ ကြာပေါ့။ သတင်းမှာ
ဆိုထားသေးသဗျ..ဆရာဝန်ကြီးက အတော့်ကို ရှားပါးတဲ့ Spermafotis 
ဆိုတဲ့ သုတ်အများကြီးလွှတ်တဲ့ရောဂါဆိုပဲ။
ဘယ်ဆေးပညာမှာမှ အဲဒီစာလုံး ရှာမတွေ့ပါဘူးဗျား။
မြန်မာပြည်မှာ ဘယ်ရေကူးကန်သွားသွား ကလိုရင်းခတ်ထားသေးတာ
အမေရိကန်မှာ ကလိုရင်းဖောချင်းသောချင်းဗျား။ မခပ်တဲ့ ကိုယ်ပိုင်
ရေကူးကန် ရှိပါ့မလား။

ဒီသုတ်ပိုးဆိုတဲ့ဟာ လဒလေးရဲ့ ဂျိုးအပြင်ကို ရောက်တာနဲ့ ရေထဲ
မှာခပ်ထားတဲ့ ကလိုရင်းနဲ့ ထိမိရင် မာလကီးယားလို့ ရှောတာကြာပေါ့။
မိန်းကလေးရဲ့ အမျိုးသမီးအင်္ဂါထဲကနေ ဝင်ပြီး ကိုယ်ဝန်တည်ရအောင်
ကလည်း အမျိုးသမီး အင်္ဂါဆိုတာက လက်မ တဆစ်လောက်ပဲ နက်တဲ့
အရာလည်းမဟုတ်....
ဒါနဲ့များ..ဘယ်လိုလုပ်ပြီး ကိုယ်ဝန် တည်ပါ့မလဲဗျာ။
သတင်းတွေ ဘာသာပြန်တဲ့သူ သတင်းဖြန့်ဝေတဲ့သူဟာ ဘာသာစာပေ
တတ်ကျွမ်းရုံနဲ့တင်မရပါဘူး။ ဗဟုသုတလည်းပြည့်၊ ဖြတ်ထိုးဥာဏ်
ကောင်းပြီး ဆင်ခြင်တုံတရားပြည့်ဝတဲ့သူဖြစ်ရပါမယ်။
အများဖတ်တဲ့သူ ဇဝေဇဝါ ထင်ယောင်ထင်မှားမဖြစ်အောင် ကိုယ်တိုင်က
ဖြစ်နိုင် မဖြစ်နိုင်ဆင်ခြင်နိုင်စွမ်း ဆက်စပ်တွေးခေါ်နိုင်စွမ်းရှိရပါမယ်။
ဒီတော့ ဗယ်လန်တိုင်းနေ့လည်း နီးပြီမို့ သမီးရှင် အဖေတွေ အမေတွေ
သတိထားဆင်ခြင် ဖို့ပါ။ အခုသတင်းကို ကိုးကားပြီး သမီးလုပ်တဲ့သူက
နောက်သုံးလေးလလောက်နေမှ....
သမီးလဲ မသိဘူး.. ဘာမှလဲမလုပ်ဘူး ဗယ်လန်တိုင်းနေ့တုန်းက
ရေကူးရင်း ဖြစ်တာနေမယ်......
ဆိုလို့ကတော့ ရင်ဘတ်စည်တီးကြပေရော့။
အဲတာ မိတ်ဆွေတို့သမီး ရေကူးလို့ မဟုတ်..မီးသတ်ပိုက်သွားဆော့
လို့ပဲ ဖြစ်မယ်ဗျို့........။
ဒီတော့ ပေါက်တတ်ကရကို မယုံဖို့ ချင့်ချိန်စဉ်းစားဖို့ သတိပေးလိုက်ရပါတယ်။
ကိုဇော်
ဘန်ကောက်
၀၃း၂၆
၁၃/၀၂/၂၀၁၆

‪#‎Credit‬

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...