အသက် (29)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Lisa Mondy ဟာ (13)ပေ အရှည်ရှိတဲ့ ငါးမန်းဖြူကြီးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးခန္ဓာကိုယ်တစ်ခုလုံးနီးပါး ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် သေမင်း ခံတွင်းဝကနေ လက်မတင်လေး လွတ်မြောက်ခဲ့ပြီးအသက်ရှင်သန်ခဲ့ပါတယ်။
သူမဟာ ပြီးခဲ့တဲ့ လေးနှစ်က သြစတေးလျှ New South Wales ကမ်းခြေမှာ Wakeboard ဆီးနေစဉ် သွေးဆာနေတဲ့ငါးမန်းကြီးရဲ့ အတိုက်အခိုက်ကို ခံခဲ့ရပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနီးပါး ဆုံးရှုံးမတတ်ဖြစ်ခဲ့ရပါတယ်။ သွေးလည်းအထွက်လွန်နေခဲ့လို့ အသက်ကိုတော့ ကယ်နိုင်မည်မဟုတ်တော့ဘူးလို့ ကောက်ချက်ချခဲ့ပေမယ့် ခွဲစိပ်ဆရာဝန်တွေရဲ့(16)နာရီကြာ ကြိုးစားမှုကြောင့် သူမဟာ အသက်ပြန်လည် ရှင်သန်ခွင့် ရခဲ့ပါတယ်။
Australia’s Daily Telegraph နဲ့ တွေ့ဆုံခဲ့စဉ်တုန်းက သူမက “ အခုတော့ ကျွန်မမျက်နှာက သစ်ခြောက်သီးပုံစံ ဖြစ်သွားပြီးပေါ့ … အဲဒီတုန်းက ငါးမန်းကြီးက ကျွန်မ လက်မောင်းကို အစိပ်အစိပ်အမွှာမွှာဖြစ်အောင် ကိုက်ဖဲ့ပစ်လိုက်တယ်… နောက် ကျွန်မ လည်ပင်းကိုလည်း ခဲမိလုနီးပါးပါဘဲ … နောက် အဲဒီအတွက် ငါးမန်းကြီးကို အပြစ်မတင်လိုပါဘူး ဒါကသူတို့သဘာဝလေ … ” လို့ ပြောဆိုခဲ့ပါတယ်။
Myanmar Online Media
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။