Ads (728x90)



ဗြိတိန်နိုင်ငံမှ အမျိုးသမီး​ တစ်ဦးကတော့ သူမဟာ ကလေး​ လိုချင်​လွန်းလို့ အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့​ဖူးတယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ အသက် ၂၅ နှစ် ရှိပြီ​ ဖြစ်တဲ့ လာရာ​ကာတာဟာဆိုရင်တော့ ပြီးခဲ့တဲ့ နှစ်တွေက သူမဟာ ကျန်းမာရေး​အရ ကလေး​ ရနိုင်ဖို့ အရမ်းခက်ခဲမယ်လို့ သိရပြီးတဲ့နောက်မှာတော့ ​အဲ့ဒီအဖြေကို လက်မခံချင်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း တစ်ခါမှ မတွေ့ဖူးတဲ့ လူစိမ်းတွေနဲ့လည်း အတူနေပြီး လိင်ဆက်ဆံခဲ့ဖူးတယ်လို့ သူမကပြောပါတယ်။ တစ်ကြိမ်တုန်းကတော့ သူမဟာ အရက်မူးချင်ယောင်ဆောင်ပြီး အမျိုးသားတစ်ယောက်ဆီကို အတင်း​ သွားရောက်ခဲ့ပြီး လိုက်သွား​ခဲ့တယ်လို့ လာရာက ပြောပါတယ်။ ရုံးမန်နေဂျာတစ်ယောက်ဖြစ်တဲ့ လာရာကတော့ သူမဟာ ကလေး​ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီလိုတွေ ပြုလုပ်​ ပေမယ့်လည်း ကွန်ဒုံး​သုံးချင်တဲ့ အမျိုးသား​တစ်ယောက်နဲ့ ကြုံခဲ့သေးလို့ စိတ်ပျက်ခဲ့ရတယ်လို့ ပြောပါတယ်။ အဲ့နောက်မှာတော့ လာရာဟာ အိတ်ထဲက ကွန်ဒုံး​တစ်ခုထုတ်ပေးခဲ့ပေမယ့်လည်း အဲ့ဒီအမျိုးသားမသိအောင် အပေါက်ဖောက်​ လိုက်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ သူမဟာဆိုရင်တော့ အတည်တကျချစ်သူမထားဘဲနဲ့ လူစိမ်းတွေကိုပဲ ချဉ်းကပ်ပြီး ကလေး​ ရအောင် ကြိုးစား​ခဲ့တယ်လို့ ​ပြောပါတယ်။ သူမအနေနဲ့ သုက်ပိုး​ အလှူရှင် အကူအညီဖြင့် ကိုယ်ဝန်​ ရအောင် ဆောင်ရွက်ဖို့ စဉ်းစား​ခဲ့ပေမယ့်လည်း ပေါင်စတာလင် ၂၀၀၀ မျှ ကုန်ကျမည့် အခြေအနေ​ အတွက် ငွေကြေး​ မတတ်နိုင်ခဲ့ဟု ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမ​ အနေနှင့် ယခုထိ ကိုယ်ဝန်​ မရသေးသဖြင့် စိတ်ပျက်လျက်ရှိနေတာဖြစ်ပါတယ်။ လာရာက သူမသည် ကားထဲနှင့် နိုက်ကလပ်ရှိ အိမ်သာ​ ခန်းထဲတွင်ပင် အမည်မသိ လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ဖူးကြောင်း ပြောကြားသွားပြီး သူမက လူတိုင်းကို ကွန်ဒုံးမသုံးရန် တိုက်တွန်း​ ခဲ့သော်လည်း အချို့က သဘောမတူ​ ခဲ့ကြောင်း၊ ဒါ့ကြောင့် နောက်ပိုင်းတွင် သူမ​ဟာ အိတ်ထဲမှာ အပေါက်ဖောက်ထားသည့် ကွန်ဒုံးများ အမြဲဆောင်​ ထားလိုက်ကြောင်း လာရာက ပြောပြသွားခဲ့ပါတယ်။ 

 ( Paing A K ) 
 #သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ) 
#knowledge.thithtoolwin.com

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...