Ads (728x90)


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကံပိုင်ရပ်ကွက်၊ ကိုင်းရှည်တံတားအောက်တွင် ဖေဖော်ဝါရီလ ၁၄ရက်(ချစ်သူများနေ့) နံနက်ပိုင်းက အသက် ၁၅နှစ်အရွယ် ယောက်ျားလေးတစ်ဦး လက်ပြန်ကြိုးတုပ်ကာ အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသော အသက် ၁၉နှစ်အရွယ် လူငယ်တစ်ဦးကို ဖေဖော်ဝါရီ ၁၅ရက် ညနေပိုင်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ရပ်ကွက်တွင် နေထိုင်သော အသက် ၁၅နှစ်အရွယ်
မောင်သာထွန်းမှာ ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက် ၉ နာရီခွဲက လက်ပြန်ကြိုးတုပ်ခံထားရပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေမှုကြောင့် တစ်ရပ်ကွက်တည်းနေသော အသက် ၁၉နှစ်အရွယ် ကိုစိုးမင်းဌေးကို ဖေဖော်ဝါရီ ၁၅ ရက်၊ ညနေ ၄ နာရီခွဲခန့်က ဖမ်းဆီးစစ်ဆေးနေကြောင်း တောင်ကုတ်မြို့မ ရဲစခန်းထံမှ သိရသည်။
“ အခု စစ်နေတဲ့သူက သူ့အပြင်နောက်တစ်ယောက်လည်းပါတယ်လို့ ထွက်ဆိုလို့ ကျန်တစ်ယောက်ကိုလည်း ဖမ်းမိနိုင်ဖို့အတွက် စုံစမ်းနေပါ တယ်။ ဘာကြောင့် သတ်ရတာလဲဆိုတာ သိရဖို့ စစ်ဆေးနေဆဲပါ”ဟု
တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဦးက ပြောကြားသည်။



အဆိုပါ အသတ်ခံရသောရုပ်အလောင်းကို တောင်ကုတ်မြို့နယ်
ပြည်သူ့ဆေးရုံးသို့ ပို့အပ်ကာ စစ်ဆေးလျက်ရှိပြီး (ပ) ၁၆၁/၁၆၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း၊ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည်ဟု ယူဆရသော တစ်ရပ်ကွက်တည်း
နေထိုင်သော အသက် ၂ဝ ခန့်အရွယ် ကိုအောင်ကျော်မိုးကို စုံစမ်းလျက်ရှိကြောင်း တောင်ကုတ်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

https://www.facebook.com/thevoiceweekly/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...