Ads (728x90)



Ooredoo MNL 2016 (week 7) တွင် အမှတ်ပေးဇယား အဆင့် ၃ နေရာမှ ဇွဲကပင်အသင်းနှင့် အဆင့် ၁ နေရာမှ ရတနာပုံအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရတနာပုံအသင်းနှင့်ပွဲစဉ်တွင် ရလဒ်ကောင်းရရှိရန် သေချာပြင်ဆင်ထားမည်ဟု ဇွဲကပင်အသင်းနည်းပြ ဦးအောင်မင်းဦး က ရှမ်းယူနိုက်တက်အသင်းကို အနိုင်ရခဲ့သည့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
Zew 1-0 Shan1
ဇွဲကပင်အသင်းသည် ပြီးခဲ့တဲ့တစ်ပတ်က အောင်ဆန်းကွင်းတွင် ရှမ်းယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ကစားနိုင် ခဲ့ပြီး ခြောက်ပွဲ ကစားပြီးချိန်တွင် လေးပွဲ နိုင်၊ တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၁၃ မှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။ Ooredoo MNL 2016 (week 7) ပွဲစဉ်တစ်ပွဲဖြစ်သည့် ဇွဲကပင် အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်ကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက်၊ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ ‘ အသင်းမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒီနေ့ ရှမ်းယူနိုက်တက်အသင်းနဲ့ပွဲ မတိုင်မီမှာလည်း ကျွန်တော်တို့ တော်တော်ပြင်ခဲ့ရတယ်။ ဒီလိုပဲ လာမယ့်တစ်ပတ် ရတနာပုံအသင်းနဲ့ပွဲအတွက် အားနည်း ချက်၊ အားသာချက်တွေကို ကြည့်ထားတယ်။ ရတနာပုံနဲ့ပွဲအတွက် သေချာပြင်ဆင်မယ်။ ရတနာပုံကို သရေကစားမယ်။ ဖြစ်နိုင်ရင် အနိုင်ကစားမယ်။ ရှမ်းပွဲ မတိုင်ခင် ပြင်ဆင်ထားသလိုပဲ ရတနာပုံကိုလဲ အဲလိုပဲ ပြင်ဆင်မယ်။ အသင်းမှာ ဒီထက်ပိုကောင်းတဲ့ တိုက်စစ်မျိုး လိုချင်တယ်” ဟု ဇွဲကပင်အသင်းနည်းပြ ဦးအောင်မင်းဦးက ပြောသည်။ လက်ရှိအချိန်တွင် ဇွဲကပင်အသင်း၌ တိုက်စစ်မှူး ဇစ်ကိုဗစ်၊ အောင်မိုး၊ ကမ်စသည့် ကစားသမားများမှ ခြေစွမ်းပြကစားနေသည်။ ဇွဲကပင်အသင်းအနေဖြင့် အမှတ်ပေးဘောလုံးပြိုင်ပွဲအပြီး၌ ထိပ်ဆုံးငါးသင်းစာရင်းဝင်ရန် ပစ်မှတ်ထားနေကြောင်း အသင်းနည်းပြ ဦးအောင်မင်းဦးက ဖြည့်စွက် ပြောသွားခဲ့သည်။
ဇွဲကပင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ရတနာပုံအသင်းမှာ ပွဲစဉ် ၆ တွင် ဇေယျာရွှေမြေအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိ ထားပြီး ခြောက်ပွဲ ကစားပြီးချိန်တွင် ငါးပွဲ နိုင်၊ တစ်ပွဲ သရေ ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ ဖေဖော်ဝါရီ ၂၁ ရက် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည့် ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) တိုက်ရိုက် ပြသမည်ဖြစ်သည်။

http://www.themnl.com

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...