Ads (728x90)


Ooredoo MNL 2016 (week 6) ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၁၅ ရက်၊ အောင်ဆန်းကွင်းမှာ ချင်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဧရာဝတီယူနိုက်တက်အသင်းက ချင်းယူနိုက်တက်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွား ပါတယ်။ ဒီပွဲမှာ ဧရာဝတီအသင်းက အဓိက ကစားသမားနှစ်ယောက်ဖြစ်တဲ့ ကျော်ဇေယျာဝင်းနဲ့ သီဟဇော်တို့ဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါနိုင်ခဲ့ဘဲ ချင်းယူနိုက်တက် အသင်းကတော့ ချစ်စုမိုး၊ ဆောင်လမန်၊ ဘီဘီစတဲ့ အမာခံကစားသမားတွေနဲ့ ထွက်ခဲ့ပါတယ်။
ပွဲအစ ၂ မိနစ်မှာ ဦးဆောင်ဂိုးရခဲ့တဲ့ ဧရာဝတီ
ပွဲစစချင်း ပြိုင်ဘက်အသင်းနှစ်သင်း အကဲစမ်းနေတုန်းမှာပဲ ဧရာဝတီအသင်းက မထင်မှတ်ဘဲ အဖွင့်ဂိုး စတင်ရခဲ့ပါတယ်။ ဒီဂိုးကို ဂျပန် လူမျိုး တိုက်စစ်မှူးတာကူမူက ခရစ္စတိုဖာရဲ့ ဘောလုံးလမ်းကြောင်း ခင်းပေးမှုကနေတစ်ဆင့် ဧရာဝတီဂိုးသမား ဘယ်ဘက်ထောင့်ကို အမှားအယွင်းမရှိ ကန်သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ ချင်းအသင်းကလည်း မထင်မှတ်ဘဲ ဦးဆောင်ဂိုး ပေးလိုက်ရလို့ ဘောလုံးကို တင်ကစားလာပြီး ဦးဆောင်ဂိုးရထားတဲ့ ဧရာဝတီအသင်းကလဲ ကစားအား မလျော့တာကြောင့် ပွဲက အစပိုင်းမှာတင် ကြည့်ကောင်းခဲ့ပါ တယ်။
Aye2
လှပတဲ့ အဝေးကန်ချက်နဲ့ ဒုတိယဦးဆောင်ဂိုး ထပ်ရခဲ့တဲ့ ဧရာဝတီ
ဦးဆောင်ဂိုးရပြီးတဲ့နောက်ပိုင်းမှာ ချင်းအသင်းက တိုက်စစ်မှူး မောရစ်၊ ချစ်စုမိုးတို့ ဂိုးရလုနီနီး အခွင့်အရေး ရခဲ့သလို ဧရာဝတီအသင်းက မင်းမင်းသူကလည်း ဂိုးရဖို့ အခွင့်အရေးတစ်ချို့ ရခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၇ မိနစ်မှာတော့ ဧရာဝတီကွင်းလယ် ကစား သမားအောင်ကျော်နိုင်က အရှေ့တက်နေတဲ့ ချင်းယူနိုက်တက်အသင်း ဂိုးသမားကို ကျော်ပြီး ဧရာဝတီအသင်းအတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။
ပင်နယ်တီကနေ ချေပဂိုးတစ်ဂိုးရခဲ့တဲ့ ချင်းယူနိုက်တက်
ပထမပိုင်း တစ်ပိုင်းလုံး နှစ်သင်းစလုံး အကြိတ်အနယ်ကစားခဲ့ပြီး ပထမပိုင်းအတွက် နာကျင်အချိန်ပို ၂ မိနစ် သတ်မှတ်ပေးခဲ့ပါတယ်။ နာကျင်အချိန်ပို ၂ မိနစ်မှာ ချင်းယူနိုက်တက်အသင်း ပင်နယ်တီ ရခဲ့ပါတယ်။ ချင်းယူနိုက်တက်အသင်း တိုက်စစ်မှူး ဆောင်လမန်ရဲ့ ထိုးဖောက်မှုကို ဧရာဝတီဂိုးသမား ဗန်လား ကစားပုံကြမ်းခဲ့လို့ ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီပင်နယ်တီ ကို ဆောင်လမန်ကပဲ အမှားအယွင်းမရှိ ကန်ပြီး ချင်းယူနိုက်တက်အသင်းအတွက် ချေပဂိုးတစ်ဂိုးရယူပေးခဲ့ပါတယ်။ ပင်နယ်တီကန် အပြီး ပြန်အစမှာပဲ ဒိုင်လူကြီးက ပထမပိုင်းအတွက် ပွဲသိမ်းခရာ မှုတ်ခဲ့ပါတယ်။
ဂိုးထပ်ရဖို့ ကြိုးပမ်းခဲ့တဲ့ ဧရာဝတီတိုက်စစ်မှူး ခရစ္စတိုဖာ
ဒုတိယပိုင်း ပြန်အစမှာ နှစ်သင်းစလုံး မြန်မြန်ဆန်ဆန်နဲ့ ပွဲက ပိုကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာ ဧရာဝတီတိုက်စစ်မှူး ခရစ္စတို ဖာ ချင်းအသင်း ဂိုးသမား ညာဘက်ထောင့်ကို အပိုင်ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ပုတ်ထုတ်ခဲ့လို့ ထောင့်ကန်ဘော နဲ့ပဲ  ကျေနပ်ခဲ့ရပါတယ်။ ချင်းအသင်းက ချေပဂိုး ထပ်ရဖို့ ကြိုးစားပေမယ့်လည်း ဧရာဝတီအသင်းကပဲ ဂိုးရဖို့ ပိုနီးစပ်တာ တွေ့ရပါတယ်။
ဧရာဝတီအတွက် လှပတဲ့ တတိယဂိုး
ဧရာဝတီအသင်းအတွက် တတိယဂိုးကို ပွဲချိန် ၇၄ မိနစ်မှာ အသင်းခေါင်းဆောင် မင်းမင်းသူက ပင်နယ်တီဧရိယာအစပ်လောက်နေ လှလှပပ ကန်သွင်းယူပေး ခဲ့ပါတယ်။ တတိယဂိုးပေးလိုက်ရတဲ့ နောက်ပိုင်းမှာ ချင်းယူနိုက်တက်အသင်း ချေပဂိုးတွေ ပြန်သွင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဘောလုံးအပျက် များတာတွေ၊ လူကျွံတာတွေနဲ့ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။
ပွဲအရှိန်ပိုမြင့်လာစေတဲ့ ချင်းအသင်းရဲ့ ဒုတိယချေပဂိုး
ပွဲပြီးခါနီး ၁၀ မိနစ်အလိုမှာ ချင်းယူနိုက်တက်အသင်းက အသင်းခေါင်းဆောင် ချစ်စုမိုး ဧရာဝတီဂိုးထဲ အပြင်းကန်ခဲ့ပေမယ့်လည်း ဂိုးသမားနဲ့ထိခဲ့လို့ ချေပ ဂိုးရမယ့်အရေး နစ်နာခဲ့တယ်။ နောက်ထပ် ငါးမိနစ်အကြာမှာတော့ ချင်းယူနိုက်တက်အသင်း ဒုတိယချေပဂိုး ရခဲ့ပါတယ်။ ဒီဂိုးကို ချင်းယူနိုက်တက်အသင်း နောက်ခံလူ Doe Sackie Teah က ခေါင်းတိုက်သွင်းယူပေးခဲ့တာပဲပါ။
ပရိသတ်ကို စိတ်ဝင်စားမှုအပြည့်ပေးသွားတဲ့ ချင်းနဲ့ ဧရာဝတီ
ပွဲစကတည်းက ပွဲပြီးချိန်ထိ နှစ်သင်းစလုံး အပြန်အလှန် ဂိုးတွေ သွင်းသလို ဂိုးတွေရဖို့ အားကြိုး မာန်တက်ကစားခဲ့တဲ့ ချင်းယူနိုက် တက်အသင်းနဲ့ ဧရာဝတီ အသင်းပွဲစဉ်ကတော့ ပရိသတ်တွေအတွက် ကြည့်လို့ကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်လူကြီး ပွဲသိမ်းခရာမှုတ်အပြီးမှာတော့ ဧရာဝတီအသင်းက ချင်းယူနိုက်တက်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လာမယ့်တစ်ပတ် week 7 မှာတော့ ချင်းယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားရမှာဖြစ်သလို ဧရာဝတီအသင်းက Horizon အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

http://www.themnl.com

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...