Ads (728x90)


Ooredoo MNL 2016 ပြိုင်ပွဲ Week-6 နောက်ဆုံးပွဲစဉ်များ အဖြစ် ယနေ့ညနေ (၄း၀၀)နာရီက YTC ကွင်းတွင် Horizon FC နှင့် ရန်ကုန်ယူနိုက်တက်၊ အောင်ဆန်းကွင်းတွင် ချင်းနှင့် ဧရာဝတီတို့ ယှဉ်ပြိုင်ကစား ခဲ့ကြသည်။ YTC ကွင်းပွဲစဉ်တွင် လက်ရှိ ချန်ပီယံ ရန်ကုန်က တန်းတက် Horizon FC ကို ပြည်တွင်းကစားသမား များဖြစ်ကြသည့် ကြည်လင်း၊ ကျော်ကိုကို၊ သန်းပိုင်တို့ သွင်းဂိုးများဖြင့် ယခုနှစ် ရာသီ ဒုတိယမြောက် နိုင်ပွဲအား ရရှိခဲ့သည်။
နိုင်ငံခြားသားတွေ ခြေမပေါ်ခဲ့
Horizon နှင့် ရန်ကုန်တို့ ပွဲစဉ်တွင် နှစ်သင်းစလုံး ပြည်ပကစားသမား ၃ ဦးစီဖြင့် ပွဲထွက်ခဲ့သော်လည်း ယင်းတို့ခြေစွမ်းပြသ နိုင်ခြင်းမရှိခဲ့ပေ။ ပထမပိုင်း ၁၅ မိနစ်အတွင်း ရန်ကုန်အသင်း အခွင့်ရေးများ ရရှိခဲ့ပြီး တန်းတက်အသင်းကို ဖိအားပေး နိုင်ခဲ့သည်။ သို့သော် ဖန်တီးမှုများအား ဂိုးအဖြစ် ပြောင်းလဲနိုင်ရန် ခက်ခဲနေခဲ့သည်။ ပွဲချိန် ၁၈ မိနစ်တွင် ကြည်လင်း ဂိုးပေါက်တွေ့ခဲ့ပြီး Horizon FC ကို (၀-၁)ဂိုးဖြင့် ပထမပိုင်း အပြီးထိ ဦးဆောင်နေခဲ့ သည်။
ကျော်ကိုကို ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒုတိယပိုင်း
Horizon FC အသင်း ချေပဂိုး ရရှိရန် ပထမပိုင်းထက် ပိုမို အားထုတ်လာခဲ့သဖြင့် ပွဲမှာ အကြိတ်အနယ် ရှိခဲ့သည်။ ကွင်းလယ်တွင် ရန်ကုန်အသင်း ဘောလုံး အပျက်များ နေခဲ့ပြီး ထင်သလောက် ဖိအားပေး နိုင်ခြင်းမရှိပေ။ သို့သော် တန်ပြန်တိုက်စစ်များမှ ထိရောက်သည့် ထိုးဖောက်မှုများကို ကျော်ကိုကို ကောင်းစွာ အသုံးချနိုင် ခဲ့သည်။ ပွဲချိန် ၇၉ မိနစ်တွင် ၆ ကိုက်စည်းအတွင်း အနိမ့်ဘော ကန်သွင်းပြီး ရန်ကုန်အတွက် ဒုတိယဂိုးကို လက်ရွေးစင် အသင်းတိုက်စစ်မှူး ကျော်ကိုကိုက သွင်းယူပေးနိုင်ခဲ့သည်။ ရန်ကုန်သည် ခြေစွမ်းမပြ နိုင်သည့် အက်ဒီဆင်ကို မာဆယ်လိုနှင့် လဲကစားစေခဲ့သည်။ ဒုတိယပိုင်း လူစားဝင် ကစားသမား တစ်ဦးဖြစ်သည့် သန်းပိုင်က အသင်းအတွက် တတိယဂိုးကို ထောင့်ကန်ဘောမှ ပိတ်သွင်းယူနိုင်ခဲ့သဖြင့် လက်ရှိချန်ပီယံ အသင်း (၀-၃)ဂိုးဖြင့် အနိုင်ရကာ အမှတ်ပေးဇယား အဆင့်(၇) နေရာသို့ တက်လှမ်းလာ နိုင်ခဲ့သည်။ Horizon အသင်းမှာ ရမှတ် (၄)မှတ်ဖြင့် တန်းဆင်းဇုန် အဆင့်(၁၁) နေရာသို့ ရောက်ရှိသွား ခဲ့ရသည်။
 
 
http://www.themnl.com/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...