Ads (728x90)


ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ညနေ (၄)နာရီက သုဝဏ္ဏကွင်းတွင်  အော်ရီဒူး မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၆) စနေနေ့ ပွဲစဉ်အဖြစ် ရခိုင်ယူနိုက်တက် နှင့် ဟံသာဝတီယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁)ဂိုးဖြင့် သရေကျခဲ့သည်။
အကြိတ်အနယ်ကစားခဲ့ရတဲ့ ပထမပိုင်း
ဟံသာဝတီအနေဖြင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်တွင် အထူးခြေစွမ်းပြနေသည့် အသင်းကြီးဖြစ်ပြီး ပြီးခဲ့သည့် ပွဲစဉ်များတစ်လျှောက် နိုင်ပွဲများဆက်နေသော အသင်းလည်းဖြစ်သည်။ သို့သော် ရခိုင်အသင်း၏ ကစားပုံကောင်းသည့်အတွက်  နှစ်သင်းစလုံး ဂိုးရရှိရန် အကြိတ်အနယ်ကစားခဲ့ရပြီး ပထပပိုင်းပြီးသည်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။
ရခိုင်တို့ ဦးဆောင်ဂိုးစယူ
ဒုတိယပိုင်းပွဲချိန်စသည်နှင့် ဟံသာဝတီအသင်း စစ်တိုက်မြှင့် ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်များလည်း ရှိခဲ့သည်။ သို့သော် ရခိုင်အသင်း၏ နောက်တန်းကာကွယ်နိုင်မှု၊ ဟံသာဝတီအသင်းအနေဖြင့် ဂိုးရရှိရန် စိတ်ဆန္ဒစောမှုများကြောင့် ဂိုးများမရရှိခဲ့ပေ။ ရခိုင်အသင်းမှလည်း ပထမပိုင်းထက် ခြေစွမ်းပိုမိုမြှင့်ကစားခဲ့ရာ ပွဲချိန် (၆၀)မိနစ်တွင် အသင်း၏ တိုက်စစ်မှူး ကျောနံပါတ် (၁၀) အမ်ဒရေက အသင်းအတွက် ဦးဆောင်ဂိုးကို  ဒေါင့်ကန်ဘောမှ လှလှပပ သွင်းယူပေးခဲ့သည်။
ချေပဂိုးပြန်လည်သွင်းယူခဲ့တဲ့ ဟံသာဝတီ
ရှုံးပွဲမရှိသေးသည့် ဟံသာဝတီအနေဖြင့် ချေပဂိုးရရှိရန် အားစိုက်ကစားခဲ့ရာ ပွဲချိန် (၈၅)မိနစ်တွင် ချေပဂိုးကို အသင်းခေါင်းဆောင် ကျောနံပါတ်(၃) အောင်ဇော်မှ သွင်းယူပေးခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ပွဲချိန်အပြီးတွင် နှစ်ဖက်အသင်းစလုံး ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ (၁-၁)ဖြင့် သရေကျခဲ့သည်။

http://www.themnl.com/

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...