Ads (728x90)

29.9.2015-1 29.9.2015-2 29.9.2015-3
ထူးဖောင်ဒေးရှင်းသည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့က နယ်မြေအခြေပြု ၀န်ထမ်းများမှတဆင့် ချင်းပြည်နယ်ရှိ သဘာဝဘေးဒဏ် ခံစားနေရသော ပြည်သူများအတွက် ရည်ရွယ်ပြီး ထောက်ပံ့ရေး ပစ္စည်းများအား ပေးပို့လှူဒါန်းခဲ့ပါသည်။
ထူးဖောင်ဒေး ရှင်း မှပေးပို့လှူဒါန်းသော ထောက်ပံရေးပစ္စည်းများအား ချင်းပြည်နယ်၊တီးတိန်မြို့နယ်ရှိ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ ရေဘေးသင့် ပြည်သူများကိုယ်စား
လက်ခံပေးခဲ့ပါသည်။
သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထူးဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့သည့် ပစ္စည်းများမှာ ဆန်အိတ် ၂၀၊ မုန့် ဖာ ၄ဖာ နှင့် survival bag ၂၆၂ အိတ် တို့ ဖြစ်ကြပါသည်။
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ကယ်ဆယ်ရေးစခန်းနှစ်ခု ဖွင့်လှစ်ထားရှိပြီး အဆိုပါ ကယ်ဆယ်ရေးစခန်းနှစ်ခုတွင် ကဂင်ရွာ၊ ဝေါင်မွာလ်ရွာနှင့် ထင်ဇံရွာတို့မှ သဘာဝဘေးသင့်ပြည်သူများ စုစုပေါင်း (၃၂၂)ဦး လာရောက်ခိုလှုံလျက်ရှိပါသည်။
ထူးဖောင်ဒေးရှင်းသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ပြည်သူများအား အစွမ်းကုန် ကူညီမှုများ လုပ်ဆောင်ခဲ့သပါသည်။ ထို့အပြင် အခြားသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ပညာရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း တစ်ပြိုင်နက်တည်းမှာ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

+Htoo Foundation 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...