Ads (728x90)



၂၂-၉-၂၀၁၅ရက်နေ့ (၁၉၁၅)အချိန်ဘားအံ
မြို့နယ်လှာကာကျေးရွာနေ ကိုငြိမ်းချမ်းမှ တူမ
ဖြစ်သူမှာ လှောကာကျေးရွာအတွင်းသို့ ငွေထုတ်ရန်စက်ဘီးဖြင့်ထွက်သွားရာ

 နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ 
ကူညီစုံစမ်းပေးရန် မြိုင်ကလေးရဲကင်းစခန်းမှ တစ်ဆင့် ဘားအံမြို့မရဲစခန်းသို့
လာရောက်တိုင်ကြားခဲ့၍ ဘားအံမြို့မ
ရဲစခန်းမှ လူပျောက်ဖွင့်လှစ်စုံစမ်း
ခဲ့မှုဖြစ်ပါသည်။


ဖြစ်စဉ်မှာ ဘားအံမြို့နယ်၊လှာကာကျေးရွာ
နေ နဝမတန်းကျောင်းသူ မစိုးဇာခြည်သင်း၊ 

၁၅နှစ်သည် ဖခင်ဖြစ်သူ ဦးထွန်းထွန်းမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ် ကိုင်နေသဖြင့် လှာကာကျေးရွာတွင် ဦးလေးဖြစ်သူတို့နှင့်အတူနေထိုင်ကာကျောင်း
တက်နေခဲ့ပြီး ၂၁-၉-၂၀၁၅ရက်နေ့(၁၆၀၀)အချိန်ခန့်
တွင်ဖခင်ဖြစ်သူ ဦးထွန်းထွန်းမှ ထိုင်းနိုင်ငံမှ ငွေလွှဲပေးခဲ့သဖြင့် လှာကာကျေးရွာတွင်ငွေ လွှဲ/လက်ခံကူညီဆောင်ရွက်ပေးနေသူ၏ အိမ်သို့ငွေထုတ်ရန်စက်ဘီးဖြင့်ထွက်သွား
ရာမှပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့်
ပတ်ဝန်းကျင်ကျေးရွာများသို့ စုံစမ်းရှာဖွေသော်လည်းပြန်လည်တွေ့ရှိခြင်း
မရှိ၍ လာရောတိုင်တန်းမှုဖြစ်ပြီးဘားအံမြို့မ
ရဲစခန်းမှ လူပျောက်အမှတ်စဉ်(၂/၂၀၁၅)
ရေးဖွင့်ဆောင်ရွက်ကာ နယ်ထိန်းအဖွဲ့များ
ဖြင့် စက်လှေဆိပ်၊ အဝေးပြေးဂိတ်များတွင်
စောင့်ကြည့်ခြင်း၊ တံတား/စစ်ဆေးရေးဂိတ်
များမှ ဖြတ်သန်းသွားလာသည့်ယာဉ်များ
စစ်ဆေးကြည့်ရှု့ခြင်း၊ ဆက်စပ်မြို့နယ်များ
၊ ခရိုင်များ၊ တိုင်းနှင့်ပြည်နယ်များသို့ လူပျောက်ပုံစံအားဓါတ်ပုံနှင့်အတူပေးပို့ကာ ကူညီစုံစမ်းပေးရန် ဆောင်ရွက်ထားပြီး
ပြည်သူများအနေဖြင့်လည်း တွေ့ရှိပါက
မြိုင်ကလေးရဲကင်းစခန်း ၀၉-၃၁၄၁၁၃၂၀
ဘားအံမြို့မရဲစခန်း ၀၅၈-၂၁၅၀၄
ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၀၅၈-၂၁၀၂၃
တို့ကိုဆက်သွယ်ပေးစေလိုကြောင်း မိဘ
များကိုယ်စား မေတ္တာရပ်ခံပါတယ်။


Credit ဘားအံသတင်း

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...