Ads (728x90)


မနေ့ က၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ဒုတိယအကျော့ပွဲစဉ်တစ်ပွဲဖြစ်တဲ့
ရန်ကုန်အသင်းနဲ့ မကွေးအသင်းပွဲစဉ်မှာ ရန်ကုန်အသင်းအိမ်ကွင်းပွဲစဉ်
၃ပွဲမြောက်ရှုံးပွဲအဖြစ် မကွေးအသင်းကို ၂ - ၃ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်
ဒီပွဲစဉ်ပြီးတော့ ရန်ကုန်အသင်းပရိတ်သတ်တွေရဲ့ နှစ်ပွဲဆက်ရှုံးပွဲကြောင့်
ခံစားရတဲ့ခံစားမှုတွေ ပွင့်အံထွက်လာတာကို မြင်တွေ့ ရသလို ပြိုင်ဘက်အသင်း
ပရိတ်သတ်တွေရဲ့ ခနဲ့ သံတွေ စောင်းမြောင်းပြောဆိုသံတွေက ပွက်လောရိုက်
နေခဲ့ပါတယ် ဒီနေရာမှာ ကျွန်တော်မေးချင်တာက ရန်ကုန်အသင်းဟာ
ပြိုင်ဘက်ကင်းတဲ့ ပြိုင်စံရှားအသင်းတစ်သင်းလား...? ကမ္ဘာ့အကောင်းဆုံး
ကလပ်အသင်းတစ်သင်းဖြစ်နေလို့ လား..? လို့ မေးလိုက်ချင်မိတယ်
ပြိုင်ပွဲတိုင်းမှာ အနိုင်အရှုံးဆိုတာ မတည်မြဲတဲ့သဘောရှိပါတယ်
အမြဲတမ်းလဲ နိုင်နေမယ်ဆိုတာ မရှိသလို အမြဲတမ်းလဲ ရှုံးနေတယ်ဆိုတာ
မရှိပါဘူး ဒီတော့ ပြိုင်ပွဲကို ပြိုင်ပွဲလိုပဲ သဘောထားသင့်ပါတယ်။

ရန်ကုန်ပွဲကြည့်ပြီးအပြန် အိမ်ရောက်တော့ စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့
ဆယ်လ်တာဒီဗွီဂို အသင်းနဲ့ ဘာစီလိုနာ တို့ ရဲ့ ပွဲစဉ်ကို ကြည့်လိုက်မိတယ်
ဘာကာ(ဘာစီလိုနာ) ဆိုတာက ကမ္ဘာ့ အကောင်းဆုံး ကလပ်အသင်းတစ်သင်း
ကမ္ဘာ့အကောင်းဆုံးကစားသမားတွေလို့ သတ်မှတ်ခြင်းခံထားရတဲ့ စပိန်က
ကစားသမားအများစုနဲ့  စုဖွဲ့ ထားတဲ့ ကလပ်အသင်းတစ်သင်း ဒါကြောင့်
ဘာကာ(ဘာစီလိုနာ)ဆိုတာနဲ့ ဒီအသင်းကိုမသိတဲ့သူမရှိသလောက်ပါပဲ
သူ့ ပရိတ်သတ်လည်း ကမ္ဘာနဲ့ ချီပြီးမပြောနဲ့ မြန်မာပြည်မှာတင် မနည်းမနောပါ။

ဆယ်လ်တာဒီဗွီဂို အသင်းကိုတော့ တော်တော်များများ နာမည်တောင်
ကြားဖူးထားကြမယ်မထင်ဘူး စပိန်လာလီဂါမှာဆိုရင် ထိပ်သီးအကောင်းဆုံး
အသင်း လူသိအများဆုံးအသင်းက ဘာကာနဲ့  ရီးရဲလ် နှစ်သင်းပဲရှိမယ်
ဒါဆို ဆယ်လ်တာဒီဗွီဂို အသင်းက လူသိနည်းတဲ့အသင်းလေးတစ်သင်းလို့ 
ပြောလို့ ရတယ် ဘာကာတို့ ရီးရဲလ်တို့ နဲ့ ယှဉ်လိုက်ရင်ပြောတာပါ။

ဒီပွဲကိုစကြည့်မိတော့ ဘာကာတော့ ဂိုးပြတ်နိုင်ဦးမယ်ထင်ပါတယ်လို့ 
ထင်တစ်လုံးရှိခဲ့ပေမယ့် ပွဲစပြီဆိုတာနဲ့ အထင်နဲ့ အမြင် တက်တက်စင်အောင်
လွဲမှန်းသိရတော့တယ် ဘာဖြစ်လို့ လည်းဆိုတော့ အရမ်းကောင်းပါတယ်ဆိုတဲ့
ဘာကာအသင်းရဲ့ ကစားပုံတွေက ဆယ်လ်တာဒီဗွီဂို အသင်းနဲ့ လည်းတွေ့ ရော
ပျားတုပ်သွားတာကြောင့်ပါ ဘယ်လောက်ထိအပေးအယူကောင်းပါတယ်
ဘယ်လောက်ထိ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကောင်းပါတယ်ဆိုတဲ့
ဘာကာအသင်း ဆယ်လ်တာဒီဗွီဂို အသင်းရဲ့ ထိန်းချုပ်မှုအောက်မှာ
စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြတာ မျက်မြင်ကိုယ်တွေ့ တွေ့ လိုက်ရလို့ ပါပဲ။

ကွင်းလယ်မှာပဲ အပျက်များနေတဲ့ ဘာကာအသင်းတိုက်စစ်က တစ်ခါတစ်ရံ
ပေါက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ ချိန်မှာတောင် ဆယ်လ်တာဒီဗွီဂိုအသင်းက
ဂိုးသမားရဲ့ လက်စွမ်းပြမှုတွေကြောင့် အပိုင်အလုံးတိုင်း ဂိုးမဖြစ်စေခဲ့ပါဘူး
နောက်ပြီးတော့ ခံစစ်ကို အသားပေးကစားတဲ့ ဆယ်လ်တာဒီဗွီဂိုဟာ
တိုက်စစ်မဖွင့်ပဲ ကောင်တာအကွက်တွေနဲ့  တစ်ကြိမ်အခွင့်အရေးရတိုင်း
တစ်ကြိမ်ဆိုသလို တစ်ဦးကောင်း တစ်ယောက်ကောင်း စွမ်းရည်တွေပြသပြီး
ဂိုးတွေသွင်းလိုက်တာ မိနစ် ၇၉ မိနစ်ကျော်ထိ ၃ - ၀ နဲ့ ဘာကာအသင်းသားတွေ
ပြန်လည်ချေပနိုင်ခြင်းမရှိပဲ စိတ်ပျက်လက်ပျက် တွေဖြစ်ကုန်ကြတာကို
မြင်တွေ့ ခဲ့ရတယ် ဆယ်လ်တာဒီဗွီဂို အသင်းကို မချီးကျူးပဲမနေနိုင်အောင်
ဖြစ်ခဲ့ရတာအမှန်ပါပဲ။


မိနစ် ၈၀ မှာ နေမာ ခြေပဂိုးသွင်းလိုက်လို့  ၃ - ၁ ဖြစ်သွားပေမယ့် မကြာပါဘူး
ဆယ်လ်တာဒီဗွီဂို အသင်းက လူစားဝင်လာတဲ့ ကစားသမားက ခြေစွမ်းပြီး
မိနစ် ၈၀ အကျော်လေးမှာပဲ အနိုင်စေခြာစေမယ့် နောက်ထပ်အနိုင်ဂိုး ၁ ဂိုးကို
ထပ်မံပြီး သွင်းယူလိုက်ပြန်ပါတယ် ဒီအချိန်မှာ ဂိုးတွေ တဒိုင်းဒိုင်းအသွင်းခံရလို့ 
စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ဘာကာအသင်းသားတွေ ချေပဂိုး ၁ ဂိုးရလို့ 
ပျော်လုံးမဆုံးသေးဘူး နောက်ထပ် ၁ ဂိုးထပ်ပြီးအသွင်းခံလိုက်ရလို့ 
၎ - ၁ ဂိုးဖြစ်သွားချိန်မှာ စိတ်ဓာတ်တွေ အောက်ဆုံးထိအောင် ရောက်သွားတဲ့
မျက်နှာမျိုးတွေကို မြင်တွေ့ ခဲ့ရတယ် အခြားအသင်းတွေနဲ့ တွေ့ တိုင်း
သက်သက်သာသာလေး ကစားပြီး ဘောလုံးပိုင်ဆိုင်မှုအသာတွေနဲ့ 
အနိုင်ယူခဲ့သမျှ ၀ဋ်လည်ခဲ့တယ်လို့ ပြောရလောင်အောင် ခြေစွမ်းခြင်း
ယှဉ်ချိန်မှာလည်း ဘယ်လိုမှ မတတ်သာပဲ စိတ်ပျက်လက်ပျက်နဲ့ 
ပွဲသိမ်းခရာမှုတ်ချိန်မှာ ဘာကာအသင်း ဆယ်လ်တာဒီဗွီဂို အသင်းကို
၎ - ၁ ဂိုးနဲ့ အပြတ်အသတ် ရှုံးနိမ့် သွားခဲ့ရပါတော့တယ်။


ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဘာကာလို ကမ္ဘာ့အကောင်းဆုံး
ကလပ်အသင်း တစ်သင်းလို့ သတ်မှတ်ခြင်းခံထားရတဲ့အသင်းတောင်
ဆယ်လ်တာဒီဗွီဂို အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သေးတာပဲ ရန်ကုန်အသင်း
မကွေးအသင်း၊ ရတနာပုံအသင်း တို့ ကို ရှုံးနိမ့်ခဲ့တာ အပြစ်တစ်ခုမှမဟုတ်ပဲ
နောက်ပြီးရလာဒ်ပိုင်းကြည့်မယ်ဆိုရင်လည်း ၂ - ၃ ဂိုး ဆိုတဲ့ရလာဒ်နဲ့ 
ရှုံးနိမ့်ခဲ့တဲ့အတွက် ဒါက အပြတ်အသတ်ရှုံးနိမ့်တာမဟုတ်ဘူး နောက်ပြီး
ရတနာပုံတို့ မကွေးတို့ ဆိုတာ အသင်းလေးမဟုတ်ဘူး မြန်မာနေရှင်နယ်လိဂ်မှာ
အသင်းကြီးစာရင်းဝင်တဲ့အသင်းတွေ ဒီအသင်းတွေနဲ့ ထိပ်တိုက်တွေ့ ဆုံမှုတိုင်းမှာ
အနိုင်ရ ရမယ်လို့ ပုံသေသတ်မှတ်ထားလို့ မရဘူး နိုင်တဲ့အခါရှိသလို
ရှုံးတဲ့အခါလည်းရှိမှာပဲ တစ်ကယ်ကအသင်းကြီးမှမဟုတ်ဘူး
ပြိုင်ပွဲတွေတိုင်းမှာ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ တိုင်း
အသင်းလေးတွေက အားကုန်ညှစ်ပြီးကန်တတ်ကြတယ် နိုင်ချေနည်းပေမယ့်
နိုင်လိုစိတ်ပြင်းထန်ပြီး ဖြစ်ညှစ်ကန်တဲ့အခါမှာ အသင်းလေးတွေက
အနိုင်ရရှိသွားတဲ့ပွဲတွေလည်းမနည်းပါဘူး ဒါကြောင့် အသင်းကြီးတွေ
ထိပ်တိုက်တွေ့ ဆုံမှုမှာ ဘယ်အသင်းကတော့ သေချာပေါက် နိုင်မှာပဲလို့ 
တထစ်ချ သတ်မှတ်ထားလို့ မရပါဘူး ယှဉ်ပြိုင်ချိန်မှာ အကောင်းဆုံးခြေစွမ်း
ပြနိုင်တဲ့အသင်းကပဲ အနိုင်ရရှိသွားတတ်တာ ဓမ္မတာပါ။


ဒီတော့ ရန်ကုန်အသင်း ရှုံးပွဲ နှစ်ပွဲဆက်တိုက်တွေ့ သွားလို့ ချန်ပီယံ
မဖြစ်နိုင်တော့ဘူးလား ...?? ဟုတ်ကဲ့ ချန်ပီယံလမ်းကြောင်းပေါ်မှာ
တစ်ကောင်တည်းပြေးနေတဲ့ မြင်းက ရန်ကုန်အသင်းတစ်သင်းပဲရှိပါတယ်
ပြေးလမ်းပေါ်မှာပဲ ရှိနေဆဲပါပဲ ဒုတိယလိုက်နေတဲ့ ရတနာပုံအသင်းကို
၁၀ မှတ်ဖြတ်ထားနိုင်သလို လက်ကျန်ပွဲ ၄ ပွဲမှာ ၂ ပွဲနိုင်လိုက်တာနဲ့ 
ပြတ်ပြတ်သားသား ချန်ပီယံဆုကို သိမ်းပိုက်နိုင်နေပြီပဲဖြစ်ပါတယ်
( ပြီးခဲ့တဲ့ ၂ ပွဲလုံးသာ အနိုင်ရခဲ့မယ်ဆိုရင် ခုချိန်မှာ ချန်ပီယံဖြစ်နေပါပြီ )


လက်ကျန်ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင် အဝေးကွင်းပွဲစဉ်က ၂ ပွဲ
အိမ်ကွင်းပွဲစဉ်က ၂ ပွဲ စုစုပေါင်း ၄ ပွဲ ပဲကျန်ပါတော့တယ် အဝေးကွင်းသာ
ပြောတာပါ ဇေယျာရွှေမြေအသင်းနဲ့ ပွဲစဉ်တစ်ခုပဲ မုံရွာမြို့ မှာသွားရောက်
ယှဉ်ပြိုင်ရမှာပါ ဇွဲကပင်နဲ့ ပွဲ အဝေးကွင်းဆိုတာက ရန်ကုန်အိမ်ကွင်းလို့ 
ပြောလို့ ရတဲ့ သုဝဏ္ဏကွင်းမှာယှဉ်ပြိုင်ရမှာဖြစ်လို့  အဝေးကွင်းလို့ တောင်
ပြောလို့ ရမှာမဟုတ်တော့ဘူး လက်ကျန်ပွဲ ၄ ပွဲကိုကြည့်မယ်ဆိုရင်

ကမ္ဘောဇနဲ့ အိမ်ကွင်း

ဇေယျာရွှေမြေနဲ့ အဝေးကွင်း

ဇွဲကပင်နဲ့ အဝေးကွင်း

ချင်းနဲ့ ကအိမ်ကွင်း


ဒါကိုကြည့်မယ်ဆိုရင် အသင်းကြီး ၂ သင်းနဲ့ ယှဉ်ပြိုင်ဖို့ ကျန်နေသလို
အသင်းလေး ၂ သင်းနဲ့ ပါ ယှဉ်ပြိုင်ဖို့ ကျန်နေပါသေးတယ် ဟုတ်ကဲ့ဗျာ
ရန်ကုန်အသင်းက လက်ကျန်ပွဲ ၄ ပွဲထဲက ၂ ပွဲနိုင်တာနဲ့  ချန်ပီယံအဖြစ်
အောင်ပွဲခံလို့ ရပါပြီ ဒါကြောင့် ချန်ပီယံလမ်းကြောင်းပေါ်မှာ ပြေးနေတာဟာ
တစ်ကောင်တည်းသောမြင်းဖြစ်တဲ့ ရန်ကုန်အသင်းပဲမို့ လို့ 
ရန်ကုန်ပရိတ်သတ်တွေလည်း ပြီးခဲ့တဲ့ပွဲတွေက အရှုံးအတွက် သိပ်ပြီး
ခံစားမနေကြပါနဲ့  ဖဲ စကားနဲ့ ပြေရမယ်ဆိုရင် အဝေးခေါ်ပြီးဒေါင်းမှာလို့ 
မှတ်ထားလိုက်ကြပါ :D

အခြားသော အသင်းက ပရိတ်သတ်တွေအနေနဲ့ လည်း ရန်ကုန်အသင်းရှုံးလို့ 
ပျော်နေကြတယ်ဆို ဆက်ပြီးပျော်ကြပါ ဒါပေမယ့် ရန်ကုန်အသင်းချန်ပီယံဖြစ်လို့ 
ရန်ကုန်ပရိတ်သတ်တွေ အောင်ပွဲခံပြီးပျော်တဲ့အချိန်မှာလည်း ဆက်ပြီးတော့
ပျော်ပေးကြပါဦးလို့ ပြောရင်း မြင်းကြီးကို ကျွန်တော်တို့ ခွစီးထားဆဲဖြစ်ပါကြောင်းကို
အသိပေး ပြောကြားလိုက်ရပါတယ်ဗျာ ..။ ^_^

Sorry for Tag ^_^ 
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...