Ads (728x90)

3.8.2015-4 3.8.2015-5 3.8.2015-6
ကလေးမြို့၊ သြဂုတ်လ(၃)ရက်
ထူးကုမ္ပဏီများအုပ်စု ဒုတိယ ဥက္ကဌ ဦးဇော်မင်း၊ ထူးဖောင်ဒေးရှင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇ၊ တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ် ဇနီးမောင်နှံနှင့် အဲပုဂံလေကြောင်းလိုင်းမှ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကျရောက်လျက်ရှိသာ စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ သွားရောက်ပြီး ရေဘေးသင့် ပြည်သူများအတွက် ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။
ထူးဖောင်ဒေးရှင်း ရေဘေးကူညီရေး အဖွဲ့သည် ပထမဦးစွာ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဒေသ ရေဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆန်အိတ်(၁၀၀)၊ ဆေးဝါးများ၊ လူသုံးကုန် ပစ္စည်းများနှင့် စားသောက်စရာများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် ကလေးမြို့၊ တောင်ဖီလာ ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ရေးဘေးကယ်ဆယ်ရေးစခန်းနှင့် တက္ကသိုလ်မုဒ်ဦး ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ပြီး အလှူငွေ၊ ရေသန့်ဆေး၊ အ၀တ်အထည်များနှင့် အစားအစာများကို လှူဒါန်းခဲ့သည်။
ထို့ပြင်ကလေးလွင်ပြင် ရေဘေးကူညီ ထောက်ပံ့ရေးအဖွဲ့သို့ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အသက်ကယ်အင်္ကျီများကိုလည်း သွားရောက်လှူဒါန်းခဲ့ပါသည်။
alt

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...