Ads (728x90)

3.8.2015-1 3.8.2015-2 3.8.2015-3
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၏ စီစဉ်ညွှန်ကြားမှုများဖြင့် ထူးဖောင်ဒေးရှင်းနှင့် AGD Bank မိသားစုများသည် မကွေးတိုင်း၊ ပွင့်ဖြူမြိုနယ်ရှိ ထူးစိုက်ပျိုးရေးခြံတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းသို့ သြဂုတ်လ(၂)ရက်နေ့က ရောက်ရှိပြီး အဆိုပါ ရေဘေးကယ်ဆယ်ရေး စခန်းတွင် ရောက်ရှိနေသော ရေဘေးဒုက္ခသည်များအတွက် ဆန်၊ ဆေးဝါး၊ အ၀တ်အထည်၊ ဖိနပ်၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ (တန်ဖိုးငွေ ၄၅ သိန်းကျော်) ကို လှူဒါန်းခဲ့ပါသည်။ ထူးစိုက်ပျိးရေးခြံ ကယ်ဆယ်ရေး စခန်းတွင် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၃၅၇)စု၊ လူဦးရေ (၂၀၀၀)ကျော် ခိုလှုံရောက်ရှိနေပါသည်။
ထို့ပြင် AGD Bank မှ DY.MD ဦးဝေလင်းဦး ဦးဆောင်သော အဖွဲ့နှင့် ထူးဖောင်ဒေးရှင်း ၀န်ထမ်းများသည် ယနေ့ သြဂုတ်လ(၃)ရက်နေ့တွင် မကွေးတိုင်း ကျောင်းတော်ရာ ဘုရားကြီးဝင်းအတွင်း ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး အဆိုပါ စခန်းတွင် ခိုလှုံနေသော ရေဘေးသင့် ပြည်သူများအတွက် ဆန်အိတ်(၈၀)၊ ရေသန့်(၁)လီတာ ၃၀၀၀ ဗူး၊ ခေါက်ဆွဲခြောက်ထုတ်၊ ဆေးဝါးနှင့် စားစရာများကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းတွင် ရွာပေါင်း(၂၁)ရွာမှ လူဦးရေ (၁)သောင်း ခိုလှုံရောက်ရှိနေပါသည်။
alt

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...