Ads (728x90)

 
သင့်ရဲ့ coding နဲ့ စဉ်းစားနိုင်မှု စွမ်းရည်ကို ပြသဖို့အချိန်ရောက်ပါပြီ။ LG G4 အသုံးပြုသူတွေအတွက် ကန်ဒေါ်လာ ၂၀၀၀ ရနိုင်မယ့်အခွင့်အရေးပါ။ ဘယ်လိုရမှာပါလဲ။ LG ရဲ့နောက်ဆုံးပေါ် G4 ကို Root လုပ်နည်းသစ် ဒါမှမဟုတ် bootloader unlock အပြည့်အစုံ ပေးနိုင်တဲ့ ပထမဆုံးသူကို ကန်ဒေါ်လာ ၂၀၀၀လုံး ပေးလိုက်မှာပါ။

မူရင်းပို့စ်ကို XDA Developers forums မှာတင်ထားတာပါ။ LG G4 အသုံးပြုသူအမြောက်အများက သူတို့ရဲ့စိတ်ဝင်စားမှုတွေကို ပြသခဲ့တာပါ။ LG G4 ကို root နဲ့ bootloader unlock လုပ်နိုင်သူကို သူတို့ ဝေငှနိုင်တဲ့ ငွေပမာဏတွေနဲ့ ပူးပေါင်းပေးအပ်ဖို့ စီစဉ်ခဲ့တာပါ။

ဒီအုပ်စုကြီးဟာ Verizon နဲ့ AT&T ဗားရှင်း LG G4 တွေရဲ့ Root လုပ်နည်း ဒါမှမဟုတ် bootloader unlock လုပ်နည်းတွေကို ရှာဖွေနေကြတာပါ။ Crack လုပ်ဖို့ အခက်ခဲဆုံးအခြေအနေ ရှိနေပါတယ်။Root နဲ့ bootloader unlock ဆိုပြီး တောင်းဆိုမှုနှစ်ခုရှိပေမဲ့ နှစ်ခုစလုံးမှာ ရည်ရွယ်ချက်တစ်မျိုးတည်းကို ဦးတည်နေပါတယ်။ Bootloader unlock လုပ်နိုင်ရင် ကန်ဒေါ်လာ ၁၄၈၅ ရရှိနိုင်မှာဖြစ်ပြီး full root နဲ့ recovery ချည်းပဲလုပ်နိုင်ရင်တောင် ကန်ဒေါ်လာ ၂၂၀၅ ကို ပိုင်ဆိုင်နိုင်မယ်လို့ သိရပါတယ်။


Credit :Trend Myanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...