Ads (728x90)


ဆီရာရာလီယွန်သည် အာဖရိကရှိ အမျိုးသမီးများ၏ အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စာချုပ်အား လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီ ဖြစ်သောကြောင့် နိုင်ငံတွင်း အမျိုးသမီးများ လိင်အင်္ဂါ ဖြတ်တောက်ခံ နေရမှုကို ပိတ်ပင် တားမြစ်ရေးဆိုင်ရာ ဥပဒေ ပြဌာန်းပေးရန် တောင်းဆိုမှုများနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။

            မပူတို သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြု လိုက်သည့် နိုင်ငံများသည် အမျိုးသမီးများ လိင်အင်္ဂါ ဖြတ်တောက်မှု၊ အမျိုးသမီးများအား အကြမ်းဖက်မှု၊ ကလေးငယ်များအား အရွယ်မတိုင်မီ အိမ်ထောင် ချပေးမှုတို့အား ပိတ်ပင် တားမြစ်သည့် ဥပဒေများကို ချမှတ်ကာ ယင်းအပြုအမူများကို ပပျောက်သွားရေး လုပ်ဆောင်ရမည် ဖြစ်သည်။

            စာချုပ်ကို မိုဇမ်ဘစ်က ၂၀၀၃ ခုနှစ် ဇူလိုင်တွင် ပထမဆုံး အတည်ပြုခဲ့ခြင်း ဖြစ်ပြီး ယင်းနောက်တွင် အာဖရိကနိုင်ငံ (၃၇) နိုင်ငံတို့က အတည်ပြုခဲ့သည်။ ယင်းကြောင့် ဥပဒေကို အတည်ပြုလိုက်သည့် ဆီရာရာလီ ယွန်သည်လည်း အမျိုးသမီးများအား လိင်အင်္ဂါ ဖြတ်တောက်နေသည့် ဓလေ့ကို ဥပဒေချမှတ် ပိတ်ပင် ရတော့မည် ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့ Equality Now က တောင်းဆိုခဲ့သည်။

            ဆီရာရာလီယွန်နှင့်၊ အနောက် အာဖရိက အိမ်နီးချင်း နိုင်ငံများ ဖြစ်သော လိုင်ဘေးရီးယားနှင့် မာလီတို့တွင် အမျိုးသမီးများအား လိင်အင်္ဂါ ဖြတ်တောက်သည့် ဓလေ့ကို တွင်တွင် ကျယ်ကျယ် ကျင့်သုံးနေသည်။ ဆီရာရာ လီယွန်တွင် အမျိုးသမီးများအား လိင်အင်္ဂါ ဖြတ်တောက်ခြင်းကို အားပေးသည့် လျှို့ဝှက် အမျိုးသမီး အသင်းများ ရှိနေသည့် အတွက် ယင်းဓလေ့ကို တားမြစ် ပိတ်ပင်ရန် အခက်အခဲ ရှိနေသည်။

            စာချုပ် အတည်ပြု လိုက်ခြင်းသည် နိုင်ငံရေး ဆန္ဒရှိကြောင်း ပြသလိုက်ခြင်း ဖြစ်ပြီး ယင်းကြောင့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးကို ကာကွယ်ရန် ဥပဒေကြောင်း အရ ဆောင်ရွက်လို့ ရနိုင်ပြီ ဖြစ်ကြောင်း Equality Now ၏ အစီအစဉ်အရာရှိ ကာဗင်ယာမာကောင်က ပြောဆိုခဲ့သည်။

            ဆီရာရာလီယွန်ရှိ မိန်းကလေး (၁၀) ဦးလျှင် ကိုးဦးသည် လိင်အင်္ဂါ ဖြတ်တောက် ခံရနိုင်ခြေ ရှိနေသည်။

            နိုင်ဂျီးရီးယား အစိုးရသည် လိင်အင်္ဂါ ဖြတ်တောက်သည့် ဓလေ့ကို ပိတ်ပင်သည့် ဥပဒေကြမ်း တစ်ခုအား မေလတွင် အတည်ပြု ပြဌာန်းခဲ့သည်။ 

  Source:Reuters
messengerdailynews

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...