Ads (728x90)


ရန်ုကုန် မြို့ လသာမြို့နယ်ထဲက လူ စည်ကားရာနေရာ '၁၉လမ်း' ဟုလူသိများသည့် ထိုလမ်း ကြားလေးထဲတွင် စားစရာ၊ အကင်နှင့် အရက်ဘီယာ တို့က စုံလှသည်။ လူကလည်းပေါင်းစုံ။ လူ့အလွှာစုံလှ သလို အသက်အရွယ်တွေကလည်း စုံသေးသည်။ ထို အထဲ နိုင်ငံခြားသားခရီးသည်
များကိုလည်း ဧည့်လမ်းညွှန်အမျိုးသမီးလေးများနှင့်အတူ တွေ့ရတတ်သည်။


ထိုနေ့က ကောင်းကင်တစ်ခုလုံး အုံ့ဆိုင်းနေခဲ့။ မိုးကတဖွဲဖွဲရွာနေသည်။ မိုးသံ၊ လေသံများက ဝန်းကျင် တစ်ခုလုံးသို့ လွှမ်းခြုံထားသည်။ အရပ်မြင့်မြင့်၊ အသား ဖြူဖြူ၊ ဆံပင်နီကြောင်ကြောင်ဖြင့်
နိုင်ငံခြားသားတစ် ယောက်ကို ခပ်ဝေးဝေးမှ လှမ်းမြင်ရသည်။ အသက် ၂ဝ ကျော်အမျိုးသမီး
တစ်ဦးက ဘေးတွင်ထိုင်လျက်သား။ သူတို့နှစ်ဦး ရှေ့ကစားပွဲပေါ်တွင်တော့ ဘီယာပုလင်းများ၊
ခွက်များက အစီအရီ။ အချိန်က ည ၁၁နာရီခွဲခန့်။

အသက်၂ဝကျော်အရွယ် အမျိုးသမီးလေး သည် ဧည့်လမ်းညွှန်မလေးဖြစ်ပုံရသည်။ နိုင်ငံခြားသား အတွက် မကြာခဏ ဘီယာကိုထည့်ပေးနေရသည်။ နှုတ် ခမ်းနီရဲရဲဖြင့် နှုတ်ကလည်း အင်္ဂလိပ်လို တတွတ်တွတ် ပြောဆိုနေသေးသည်။ သူ့မျက်နှာကတော့ ပြုံးလို့၊ ရွှင် လို့၊ ဝင်းလို့၊ ပလို့။ သူတို့နှစ်ဦး၏ တစ်ယောက်နှင့်တစ် ယောက် ပြောဆိုနေပုံ၊ လက်ကလေးကိုင်လိုက်၊ ခေါင်း ကလေးပုတ်လိုက် တရင်းတနှီးဆက်ဆံနေပုံတို့က အနီး ရှိဘီယာဝိုင်းများမှ မျက်လုံးများကို ဆွဲဆောင်လို့နေပါ သည်။ မိန်းကလေးက ရုပ်ရည်အသင့်အတင့်ရှိသည်။

သူတို့နှစ်ဦး၏မြင်ကွင်းက ယခုမှ ၁၉လမ်း ကိုရောက်ဖူးသူ အသက် ၂၃နှစ်အရွယ် ကိုမောင်နိုင်အ တွက်တော့ တကယ့်အထူးအဆန်းဖြစ်နေသည်။ ''သူတို့ က တကယ့်ညားခါစလင်မယားလိုပဲ။ ကောင်မလေး က တော်တော်မိုက်တယ်''ဟု မင်္ဂလာဒုံမြို့နယ်မှ ၁၉လမ်း သို့ သူငယ်ချင်းများနှင့်အတူရောက်လာသူ ကိုမောင် နိုင်က ပြောပါသည်။ ''၁၉လမ်းက အရမ်းစည်တယ်ဆို လို့ တကူးတကကိုလာတာ''။

ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတော်တော်များ များကတော့ ကိုမောင်နိုင်မြင်တွေ့ခဲ့ရသည့်သဘောသ ဘာဝကို နားလည်ကြသည်ဟု သဘာဝအိပ်မက်ခရီးသွား ကုမ္ပဏီမှ ဒေါ်စံပယ်အောင်က ပြောပါသည်။ များသော အားဖြင့် ''ဟိုတယ်တွေမှာတည်းတယ်၊ အဲဒီဟိုတယ် တွေမှာပဲ ညရောက်တော့ Sex Worker (လိင်အလုပ် သမား) တွေကိုရှာဖွေကြတယ်။ ပြီးတော့ နိုက်ကလပ် တွေကိုသွားကြတယ်။ အနှိပ်ခန်းတို့၊ ဗျူတီပါလာတို့ကို သွားမယ်။ အဲဒီမှာလဲ လိင်အလုပ်သမားတွေရှိတတ်တော့ အင်တာနက်တို့၊ အွန်လိုင်းတို့မှာလဲ လိင်အလုပ်သမား တွေကို ရှာဖွေကြတယ်''ဟု ခရီးသွားလုပ်ငန်းအသိုင်း အဝိုင်းအကြားဖြစ်ပျက်နေသည့်အခြေအနေတွေကို သူ က ပြောပြသည်။

''ကမ္ဘာလှည့်ခရီးသွားအများအပြားဝင်လာ တဲ့ ၂ဝ၁၁ နောက်ပိုင်းမှာ ဒီမြင်ကွင်းမျိုးက မမြင်ချင် လောက်အောင်များနေပြီ''ဟု ဒေါ်စံပယ်အောင်က ညည်း တွားသည်။ ဧည့်သည်နှင့်မိန်းကလေး၏ပတ်သက်မှုသည် လုပ်ငန်းသဘောအရဖြစ်သော်လည်း ငွေကြေးဆင်းရဲ ချို့တဲ့သူများ၊ မိသားစုဝမ်းရေးအတွက်လုံးပန်းနေရသူ များအဖို့တော့ နိုင်ငံတော်အစိုးရပိုင်းက လျစ်လျူရှုထား လို့မဖြစ်သည့် အရေးကြီးကိစ္စပင်ဖြစ်သည်ဟု သူကဆို ပါသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းအရ
မြန်မာပြည်အတွင်း ကမ္ဘာ အနှံ့မှဝင်ရောက်လာသည့် နိုင်ငံခြားသားဧည့်သည်ဝင် ရောက်မှုသည် ၂ဝ၁၄-၂ဝ၁၅ခုနှစ်တွင် သုံးသန်းကျော် ရှိသည်။ ၂ဝ၁၅-၂ဝ၁၆ခုနှစ်တွင် နိုင်ငံခြားသားဧည့်သည် ငါးသန်းအထိ ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ ယင်းသို့ တစ်နှစ်ပြီးတစ်နှစ်ပိုမိုဝင်ရောက်လာသည့် နိုင်ငံ ခြားသားဧည့်သည်များနှင့်အတူ တစ်ဆက်တည်းတွင် အပြန့်ကျယ်လာတတ်သော လိင်ခရီးသွားလုပ်ငန်းကို လည်း အစိုးရပိုင်းမှ သေချာစောင့်ကြည့်ကိုင်တွယ်ဖို့ လိုအပ်လာနေပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင် သူများက သုံးသပ်ကြပါသည်။
''နိုင်ငံခြားသားခရီးသွားတွေအတွက် SEX ဝန် ဆောင်မှုက မရှိမဖြစ်ပါဝင်တဲ့ခေါင်းစဉ်တစ်ခုလို့ပြော လို့ရတယ်''ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုစိုင်းကျော် သူထွေးက ပြောပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းတွင် သိပ်ပြီးလူသိမများသေးသော်လည်း အိမ်နီး ချင်း ထိုင်းလိုနိုင်ငံမျိုးတွင်တော့ Sex Tourism (လိင် ခရီးသွားလုပ်ငန်း)၊ Child Sex Tourism (ကလေးလိင် ခရီးသွားလုပ်ငန်း)တွေတောင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ် နေပြီဟု ကိုစိုင်းကျော်သူထွေးက ပြောပါသည်။

သူ့ထင်မြင်ချက်ကတော့ မြန်မာနိုင်ငံ၏ အခြေခံ ဘာသာတရားနှင့်ယဉ်ကျေးမှုအရ ထိန်းသိမ်းရသည့် သဘောရှိသည်မို့ အဆိုပါလိင်ပိုင်းဆိုင်ရာဝန်ဆောင် မှုမျိုးသည် ခရီးသွားလုပ်ငန်းတွင် အလွယ်တကူဖြစ်နိုင် ခြေမရှိဟု ကိုစိုင်းကျော်သူထွေးက ယူဆပါသည်။ သို့ သော် ထည့်တွက်မထားလို့တော့မဖြစ်ဟု ¤င်းက ပြော သည်။ ဒေါ်စံပယ်အောင်၏သုံးသပ်ချက်ကတော့ အဆိုပါ လိင်ခရီးသွားလုပ်ငန်းတို့၊ ကလေးလိင်ခရီးသွားလုပ်ငန်း တို့ဆိုသည်က ခရီးသွားလုပ်ငန်းကိုအားကြိုးမာန်တက် လုပ် ကိုင်သည့် နိုင်ငံတိုင်း၊ ခရီးသွားလုပ်ငန်းရှင်တိုင်း သတိ ထားစောင့်ကြည့်ရမည့်အနေအထားဟု အကြံပြုပါသည်။
မြန်မာနိုင်ငံလို ဆင်းရဲသောနိုင်ငံများရှိ ကလေး လိင်လုပ်သားတို့သည် ဆင်းရဲလွန်းခြင်း၊ အမြဲတမ်း ငွေ လိုနေခြင်း၊ ပညာချို့တဲ့ပြီး ကျန်းမာရေးမကောင်းသည့် မိဘဆွေမျိုးများကို လုပ်ကိုင်ကျွေးမွေးနေရခြင်း၊ ပတ်ဝန်း
ကျင်၏လျစ်လျူရှုခံရခြင်း စသည့် တူညီသောအခြေခံအ ချက်များ၊ နောက်ခံ
အကြောင်းများကြောင့် ထိုဘဝသို့ ရောက်ခဲ့ကြရသည်။

''အဓိက သူတို့ရဲ့ဖောက်သည်တွေက ကမ္ဘာ လှည့်ခရီးသည်များ ( Travelling Sex Offenders - လိင်ခရီးသွား တိုးရစ်များ)ဖြစ်ပါတယ်''ဟု ဒေါ်စပယ် အောင်က ပြောပါသည်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည့် ယနေ့ ခေတ် အချိန်ခါတွင် အင်တာနက်၊ လူမှုကွန်ရက်စသည့် နည်းပညာ အထောက်အပံ့များဖြင့်လည်း ယင်းသို့သော လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများသည် ကမ္ဘာ အနှံ့ ပျံ့နှံ့လာနေပြီး နိုင်ငံများစွာမှ လိင်ခရီးသွားကမ္ဘာ လှည့်များသည် ဆင်းရဲသောနိုင်ငံများဆီသို့ ခြေဦးတည့် ချီတက်လာကြသည်ဟု ယင်းက သုံးသပ်သည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးတင်ထွန်းအောင်၏ အဆို အရတော့ အဆိုပါကိစ္စမျိုးတွေကို မကာကွယ်၊ မထိန်း ကျောင်းနိုင်ပါက မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများအ တွက် တော်တော် အထိနာလိမ့်မည်ဟုဆိုပါသည်။ လိင် ပိုင်းဆိုင်ရာဝန်ဆောင်မှုသည် ခရီးသွားလုပ်ငန်းရှင်များ အတွက် တွေ့ကြုံရသော်လည်း တရားဝင်လုပ်ကိုင်နေ သည့် ''ကုမ္ပဏီတွေအနေနဲ့ ဝန်ဆောင်မှုပေးတယ် ဆို တာမရှိဘူး''ဟု ဦးတင်ထွန်းအောင်က အာမခံပြောဆို ပါသည်။

အထူးသဖြင့် တရားဝင် လိုင်စင်ရဧည့်လမ်း ညွှန်မဟုတ်ဘဲ ဧည့်လမ်းညွှန်လုပ်ငန်းကို လုပ်ကိုင်နေ သူများတော့ မြန်မာ့ခရီးသွားလုပ်ငန်းတွင် ရှိနေသည်ဟု သူကဆိုသည်။ ထိုသူများက တရားဝင်လိုင်စင်မရှိသည့် ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက်ကာ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုကို အားသန်သည့် ခရီးသွားများကို ဖိတ်ခေါ် ပြီး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတချို့တော့ ရှိသည်ဟု
ကြားဖူးကြောင်း ဦးတင်ထွန်းအောင်က ဆိုသည်။

''ဒီအတွက် နိုင်ငံတော်မှာ ပြတ်သားတဲ့ပြစ် ဒဏ်တွေ ဘယ်လိုရှိသလဲ''ဟု ယင်းက မေးခွန်းထုတ်ပြီး ထိုသို့သော လုပ်ငန်းတချို့ကြောင့် တရားဝင်လိုင်စင်ဖြင့် အခွန်ဆောင်လုပ်ကိုင်နေသည့်ကုမ္ပဏီများ၊ ဧည့်လမ်း ညွှန်များအတွက်ပါ ထိခိုက်စေပြီး နိုင်ငံတော်အတွက် ပုံရိပ် ထိခိုက်နစ်နာမှုရှိသည်ဟု ဦးတင်ထွန်းအောင်က ပြောပါသည်။

''လိုင်စင်ရပြီးသား ကုမ္ပဏီ၊ ဧည့်လမ်းညွှန် တွေက အဲဒီလို လုပ်မယ်ဆိုရင်လဲ သူတို့ကို အရေးယူဖို့ ပိုပြီးတော့ လွယ်သွားမယ်။ စည်းတားထားတဲ့ သဘော မျိုးပေါ့။ ဘယ်လိုအပြစ်ဒဏ်မျိုးပေးမယ်ဆိုတာ ပြတ် ပြတ်သားသား မရှိဘူး။ ရှိရမယ်''။

အဆိုပါလုပ်ငန်းများကို သတိထားစောင့် ကြည့်ရာတွင် ပတ်ဝန်းကျင်ရှိ ရပ်မိရပ်ဖများ၏ ကာ ကွယ်စောင့်ရှောက်မှု၊ ကြိုတင်သတိပေးမှု၊ နိုင်ငံခြားသား များ တည်းခိုရာနေရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်း များ၏ ပူးပေါင်းပါဝင်မှုများ ခရီးသွားတို့ ဝင်ထွက် သွား လာမှုများသည့် နေရာများတွင် ဆိုင်းဘုတ်များ စိုက်ထူ
ခြင်းစသဖြင့် လိင်ခရီးသွားလုပ်ငန်းကို ဆန့်ကျင်သည့် အပြုအမူများကို လုပ်ဆောင်နိုင်ကြောင်း ဒေါ်စပယ် အောင်က အကြံပြုပြောသည်။

''ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတာနဲ့အမျှ လိင် ခရီးသွား ဖြစ်ထွန်းလာတဲ့အနေအထားမျိုး၊ အန္တရာယ် ပေးလာတဲ့ အနေအထားမျိုးတွေ တွေ့ရပါတယ်။ ရာဇ ဝတ်မှုတွေ တွေ့ရတယ်။ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဘာသာ စကားနဲ့ နိုင်ငံမတူ၊ ယဉ်ကျေးမှုမတူတော့ ဆိုးကျိုးတွေ ကိုလဲ တွေ့လာရမှာပါ။ ခရီသွားကြောင့် ရလာမယ့်အ ကျိုးတွေပဲ မြင်လို့မရဘူး။ ရလာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလဲ
ကြိုမြင်ထားရမယ်။ ဒါကိုလဲ မြန်မာ နိုင်ငံ ခရီးသွားဥပဒေမှာ အချက်တစ်ချက်အနေနဲ့ ထည့် သင့်ပါတယ်''ဟု ယင်းက သုံးသပ်တိုက်တွန်းသည်။

လတ်တလောအနေအထားအရ ၁၉ လမ်း တွင် ဆုံခဲ့ရသည့် ကိုမောင်နိုင်တို့လို တစ်ကြိမ်တစ်ခါမျှ မတွေ့မဆုံဖူးသေးသော လူမျိုးအတွက် အသစ်အဆန်း မြင်ကွင်းဖြစ်နေသော်လည်း ''အမြင်မဆန်းတော့ဘူးဆို တဲ့အချိန်ကျရင်တော့ ဒီလို Sex Tourism ပြဿနာ၊ Child Sex Tourism ပြဿနာတွေက တန်းစီပြီး ရောက် လာနိုင်တယ်''ဟု ဒေါ်စပယ်အောင်ကသတိပေးသည်။
''ဒါကြောင့်မို့ ခိုင်မာတဲ့ ပင်မဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားဖို့ တောင်းဆိုပါတယ်''

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးတင်ထွန်းအောင်ကလည်း ထိုအချက်ကို လက်ခံပါသည်။ အနောက်ဥရောပနိုင်ငံ များတွက် အဆိုပါ လိင်ခရီးသွားလုပ်ငန်းများသည် အ သစ်အဆန်း မဟုတ်တော့သော်လည်း အရှေ့အလယ် ပိုင်းလို နိုင်ငံမျိုးများတွင်တော့ လိင်ခရီးသွားလုပ်ငန်းများ ကို ပြင်းထန်သည့်ဥပဒေများဖြင့် ကန့်သတ်ကာကွယ် ပေးထားသည်ဟု ဦးတင်ထွန်းအောင်က ဆိုသည်။

မကြာခင် အကောင်အထည်ပေါ်လာဖို့ ရှိ နေသည့် အာဆီယံဒေသတွင်း နိုင်ငံများအတွက် ဗီဇာ ကင်းလွတ်ခွင့်သာ ဖြစ်လာမည်ဆိုလျှင် လိင်ခရီးသွား လုပ်ငန်းကို ထိန်းကျောင်းရန် အခက်တွေ့လာနိုင်သည်။ ထို့အတွက် မိခင်ယဉ်ကျေးမှုကို ထိန်းသိမ်းလိုသည့် စိတ် ဓာတ်ရေးရာသည် အရေးကြီးလာသည်ဟု ဦးတင်ထွန်း အောင် ကဆိုပါသည်။ ယင်းက ယခုလိုလည်း အကြံပြု ပါသေးသည်။
''ရေရှည်စီးပွားရေးမဟုတ်ဘဲ ရေတို စီးပွား ရေးမက်လုံးကြောင့် အဘက်ဘက်က နစ်နာသွားနိုင်ပါ တယ်။ ဒါတွေဟာ စည်းမျဉ်းတွေနဲ့၊ ဥပဒေတွေနဲ့ အ ကျင့်ပျက်၊ လာဘ်စားမှုဆိုတာမရှိဘဲနဲ့ တိကျတဲ့ ဥပဒေ တွေနဲ့ ပြသဖို့လိုပါတယ်''။ ။စိုးချစ်ချစ်ပိုင် ၊ ခင်မမအောင်


Yangon Media Group

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...