Ads (728x90)


ကမ္ဘာ့အကြီးဆုံး လူမှုဆိုရှယ်နက်ဝက်ခ် Facebook က like သို့မဟုတ် share တွေကို ကြော်ငြာများအတွက် ကုမ္ပဏီများမှ ငွေပေးသွင်းပြီး သူတို့အောင်မြင်မှုရယူဖို့ နည်းလမ်းသက်သက်သာ ကြိုးပမ်း ရာမှာ ကြော်ငြာထည့်သွင်းသူတွေဆီ ဒေတာမှတဆင့် လွဲပြောင်းပေးခြင်းကို ရပ်တန့်တော့မှာ ဖြစ်ပါတယ်။

လာမယ့် ရက်သတ္တပတ်များအတွင်း တစ်ချက်နှိပ်ရင် ကျသင့်ငွေကောက်ခံမှုစနစ် ဖြစ်တဲ့ cost-per-click အသုံးပြုပြီး ဖေ့စ်ဘုတ်ပေါ် ကြော်ငြာထည့်သွင်းတဲ့ ကုမ္ပဏီများ clickthroughs များနဲ့ ပတ်သက်တဲ့ အချက်အလက်များသာ လက်ခံရရှိမှာဖြစ်ပါတယ်။  အကယ်၍ ဖေ့စ်ဘုတ်သုံးစွဲသူ တစ်ယောက်ယောက်က ကြော်ငြာကို တစ်ချက်နှိပ်လိုက်တယ် သို့မဟုတ် ကြော်ငြာတစ်ခုခုကြောင့် ဆိုဒ်မှ ထွက်သွားခဲ့တယ် ဆိုရင်ပေါ့။

ကြော်ငြာ like၊ comment သို့မဟုတ် share များ ဒါမှမဟုတ် တခြား စီးပွားရေးကိစ္စနဲ့ ပတ်သက်တဲ့ ဘယ်ဒေတာမဆို ကြော်ငြာထည့်သွင်းသူများထံ ပေးပို့တော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို user privacy concerns တွေကြောင့် တော့မဟုတ်ပါဘူး။ ကြော်ငြာထည့်သွင်းသူတွေဟာ သုံးစွဲသူတစ်ယောက်က ကြော်ငြာတစ်ခုခု၊ update လုပ်ရန်ကြေငြာတဲ့ blog post တစ်ခုခုကို  click တစ်ချက်နှိပ်လိုက်တဲ့အခါမှာသာလျှင် ကျသင့်ငွေကောက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီမက်ထရစ်စနစ်ပေါ် ဒေတာတွေထောက်ပံ့မှုပေးထားခြင်းဟာ ကုမ္ပဏီများအတွက် campaign တစ်ခုဟာ အောင်မြင် မအောင်မြင် သိရှိနားလည်ဖို့ ပိုပြီး ခက်ခဲစေတယ်လို့ facebook က အခိုင်အမာ ပြောဆိုထားပါတယ်။

Ref: yahoo
TrendMyanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...