Ads (728x90)




ဇွန်လ ၁၆ ရက်၊ ၂၀၁၅

ဗိုလ်လုပွဲတွင် မြန်မာအသင်း ရှုံးနိမ့်သော်လည်း စင်ကာပူနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပရိသတ်များသည် အရှုံးကို လက်ခံခဲ့ကြပြီး ယဉ်ကျေးစွာ အားပေးခဲ့ကြသောကြောင့် ချီးကျူးမှုများ ခံခဲ့ရသည်။

ယခင်က မြန်မာဘောလုံး အသင်းရှုံးပွဲ ကြုံတွေ့ရပါက ပြည် တွင်းနှင့် နိုင်ငံတကာသတင်းစာ မျက်နှာများတွင် အရှုံးကို လက်မ ခံဘဲ ပေါက်ကွဲခဲ့ကြသည့် မြန်မာ ဘောလုံးပရိသတ်များ၏သတင်း များသာ နေရာယူခဲ့သော်လည်း ၂၀၁၅ ဆီးဂိမ်းဗိုလ်လုပွဲအပြီးတွင် ပြည်တွင်းနှင့်စင်ကာပူရှိ မြန်မာဘောလုံးပရိသတ်များ၏ ကိုယ့်အမှိုက်ကိုယ်
သိမ်းသည့် သတင်းနှင့် မြန်မာအသင်းအား နှစ်သိမ့်ခဲ့ ကြသည့် သတင်းများက နေရာယူခဲ့သည်။

စင်ကာပူရောက် မြန်မာပရိ သတ်များသည် နိုင်ငံတကာဘော လုံးပြိုင်ပွဲတွင် တွေ့ရသည့် ပရိ သတ်များနည်းတူ အနိုင်ရရှိခဲ့ သည့် ထိုင်းအသင်းကို ချီးကျူးနှုတ်ဆက်ခဲ့ကြသည်။ ထိုင်းကလည်း မြန်မာအသင်းကို ကျေးဇူး
တင် ကြောင်း ပြသကာ နှစ်သိမ့်ခဲ့ကြ သည်။ ပြိုင်ပွဲကျင်းပရာ စင်ကာပူ ရောက် မြန်မာဘောလုံး ပရိသတ် များသည် သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့် နေချိန် မျှော်လင့်ချက်မရှိသည့် နောက်ဆုံးမိနစ်သို့ ရောက်နေ သည့်တိုင် နိုင်ငံတော်သီချင်းကို သီဆိုကာ မြန်မာအသင်းကို နှစ်သိမ့်ခဲ့ကြသည်။

၂၀၁၃ ဆီးဂိမ်းတွင် အုပ်စုတက်ရေး အဆုံးအဖြတ်ကစားစဉ် အင်ဒိုနီးရှားကို ရှုံးနိမ့်ခဲ့သည့် ပွဲအပြီး၌ အရှုံးကို လက်မခံနိုင်သော ပရိသတ်အချို့ ဆူပူဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသော်လည်း ၂ နှစ်အကြာတွင် ထပ်မံကြုံတွေ့ရသည့် ၂၀၁၅ ဆီးဂိမ်းဗိုလ်လုပွဲရှုံးနိမ့်မှုကို အမှိုက်ကောက်ခြင်း၊ ယဉ်ကျေးစွာ အားပေးခြင်း စသည့်အပြုအမူများဖြင့် အားပေးခဲ့ကြသည်။

၃၂ နှစ်ကြာ အနိုင်မရခဲ့သည့် ဒေသတွင်းပြိုင်ဘက် ထိုင်းနှင့်ဗိုလ်လုပွဲကို မြန်မာနိုင်ငံ ဒေသအသီး သီး၏ လမ်းဆုံလမ်းခွများတွင် ပရို ဂျက်တာများ၊ LCD-LED တီဗီ များဖြင့် ပြသခဲ့ရာတွင် တစ်စုံတစ် ရာ ပြဿနာကြီးကြီးမားမားရှိခဲ့ ခြင်းမရှိသည့်အပြင် ပရိသတ်များ က အမှိုက်ကောက်ကာ ပြန်သွား ခဲ့ကြကြောင်း သတင်းရရှိသည်။

‘‘ရှုံးသွားရင် နည်းနည်းပါးပါး ရိုက်ခွဲတာ ဘာညာရှိမယ် ထင်တာ၊ အမှိုက်ကောက်ပြီး ပြန်သွားကြတယ်’’ဟု မကွေးမြို့မှ မြို့ခံ ဦးမြင့်ဇော်ဦးက ပြောသည်။ မကွေးမြို့ ပြည်တော်သာလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်တွင် ပရိသတ် ၃,၀၀၀ ခန့် စုဝေးကြည့်ရှုခဲ့ကြ ကြောင်း ဒေသခံများက ပြော သည်။

မြင်းခြံမြို့တွင်လည်း ဘောလုံးပွဲ စုဝေးကြည့်ရှုရန် လူငယ်များကြိုးစားမှုကို အစောပိုင်းက အာဏာပိုင်များဘက်က စိုးရိမ်မှုများရှိခဲ့သော်လည်း မြို့ခံပရိသတ်က ယဉ်ကျေးစွာ အားပေးခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

‘‘မြန်မာနိုင်ငံတော် သီချင်း ကို တလေးတစားလိုက်ဆိုခဲ့ကြ ပြီး နိုင်ငံတော်သီချင်းဆိုတဲ့အခါ မှာလည်း တလေးတစားငြိမ်သက် ပေးကြတယ်’’ဟု မြင်းခြံမြို့မှ မြို့ ခံ ဦးလုလင်ငယ်သွေးက ပြော သည်။

မြင်းခြံမြို့လယ် နာရီစင်ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ပြသခဲ့ သည့် အဆိုပါဘောလုံးပွဲကို မြို့ခံ ပရိသတ် ၂,၀၀၀ မှ ၃,၀၀၀ အ တွင်း လာရောက်ကြည့်ရှုခဲ့ကြရာ တွင် ပြဿနာတစ်စုံတစ်ရာမရှိဘဲ ပြီးဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

‘‘ပွဲပြီးတော့ ကိုယ့်အမှိုက်ကို ကိုယ်ကောက်ကြသလို လူငယ် အဖွဲ့အစည်းတွေကနေ အမှိုက် တွေလိုက်
ကောက်ပေးကြတယ်။ ရလဒ်ကို လက်မခံချင် မကျေနပ် ပေမယ့် လက်ခံခဲ့ကြပါတယ်’’ဟု မြင်းခြံမြို့မှ မြို့ခံဦးလုလင်ငယ် သွေးကပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအ၀င် နိုင်ငံအနှံ့တွင် ပြုလုပ်ခဲ့ကြသည့် ပရိသတ်များစုဝေးကြည့် ရှုခဲ့ကြသည့်နေရာများ တွင်လည်း ပရိသတ်များက ယဉ်ကျေးစွာ အားပေးခဲ့ကြသည်။

‘‘ပရိသတ်တွေက ရင့်ကျက် လာပြီ။ ပွဲတွေလည်း အများကြီး ကြည့်ခွင့်ရလာတာနဲ့အမျှ ရင့် ကျက်လာတယ်။ ကိုယ့်အသင်းအ ခြေအနေ ပြိုင်ဘက်အသင်းရဲ့ အ ခြေအနေတွေကိုလည်း ကောင်း ကောင်းသိလာပြီ။ ပရီးမီးယား လိဂ်လိုပွဲတွေ ကြည့်ပြီးတော့ လည်း ယဉ်ကျေးပြီး အဆင့်အ တန်းရှိတဲ့ ပရိသတ်ဆိုတာ ဘာလဲ ဆိုတာကောင်းကောင်းသိလာပြီ။ ဒါဟာ အပြုသဘောဆောင်တဲ့ ကိစ္စပါ’’ဟု ဘောလုံးပွဲသုံးသပ်သူ ဦးရဲမျိုးဟိန်းကပြောသည်။

မြန်မာဘောလုံး အသင်း သည် ဆိုးသွမ်းပရိသတ်အချို့ ကြောင့် ဒေသတွင်းနှင့်ကမ္ဘာ့ဘော လုံးအဖွဲ့ချုပ်က
ချမှတ်သည့်ပြစ် ဒဏ်ကို မကြာခဏခံရလေ့ရှိ သည်။ လက်ရှိ ကျင်းပနေသည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လည်း မြန်မာအသင်းသည် အိမ် ကွင်းကစားခွင့် ပိတ်ပင်ခံထားရ သောကြောင့် ထိုင်းနိုင်ငံ၌ သွား ရောက်ကစားရမည်ဖြစ်သည်။

7 Day

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...