Ads (728x90)





ခေါင်းစဉ်ကိုကြည့်၍ ကျွန်တော့်ကို ရူးနေလားဟု တချို့က စွပ်စွဲ လာနိုင်ပါ တယ်။ တချို့ကလည်း ဝေဖန်ရှုတ်ချမှုတွေ လုပ်လာနိုင်ပါတယ်။ သို့သော်လည်း အရှိအတိုင်းကို အမှန်အတိုင်း လက်ခံရမည်ဆိုလျှင်တော့ ယနေ့ အချိန်တွင် NLD ပါတီကို ယခင်ကထက် လူထုထောက်ခံမှု ပိုမိုကျဆင်းလာတယ်ဆိုတာကတော့ ငြင်းမရတဲ့ အမှန်တရားတစ်ခု ဖြစ်လာပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းကာလများက ဒေါ်အောင်ဆန်းစုကြည် ပါးစပ်က ဟိတ် ဟုတစ်ခွန်းပြောလျှင် မြန်မာ ပြည်သူ အားလုံးနီးပါး တိတ် သွားနိုင်ခဲ့ပေမယ့် ယနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဟိတ် ဟုဆိုလျှင် ခင်ဗျားကဘာလဲ လို့ပြန်မေးလာမည့်သူတွေ ထုနဲ့ဒေးရှိလာခဲ့ပြီဖြစ်ပါတယ်။

တကယ်ဆိုရင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရှိန်အ၀ါနှင့် ဒီမိုကရေစီအင်အားစုများ၏ ၀ိုင်းဝန်းပံ့ပိုးမြှင့်တင်
aပးခဲ့မှု တွေကြောင့် ယခင်က သူမကို ပြည်သူတော်တော်များများက မျက်လုံးစုံမှိတ် ထောက်ခံခဲ့ကြတယ် ဆိုတာငြင်းမရခဲ့ ပါဘူး။ သို့သော်ငြားလည်း ယခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာ့ကြောင့်လူထု
aထာက်ခံမှု ကျဆင်းလာ ရသလဲလို့ မေးခွန်းထုတ်လာခဲ့မယ်ဆိုရင်တော့ သူမရဲ့ လက်အောက်ပါတီဝင်တွေနဲ့ သူမကို ထောက်ခံသူတွေရဲ့ စဉ်းစား ဆင်ခြင် ဥာဏ်မဲ့မှု၊ အစွန်းရောက်ယုံကြည်မှုတွေကြောင့်လို့ ပြောရပါလိမ့်မယ်။
ဒါတွေဟာ ဘာကြောင့်လဲဆိုရင်တော့ ဘယ်သူ မပြုမိမိမှုဆိုသလိုပဲ ပါတီဥက္ကဋ္ဌအနေနဲ့ သူ့လက်အောက် ပါတီဝင်တွေကို ဆုံးမမှုအားနည်းခဲ့ပြီး မပြောမဆို လွှတ်ထားမိခဲ့တဲ့အတွက်ပါပဲ။ ဒါ့ကြောင့် NLD ပါတီရဲ့ လက်အောက် ပါတီဝင်အချို့ အနေနဲ့ ရမ်းကားမှုတွေ၊ မော်ကြွားမှုတွေများ လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဆိုးဆုံးကတော့ NLD ပါတီဝင်တွေ ခံယူထားတဲ့ ငါနဲ့မတူငါ့ရန်သူဆိုတဲ့ မူဝါဒ ပါပဲ။

အဲဒီအချက်ဟာကြားနေလူထုကို NLD နဲ့ဝေးကွာသွားစေပြီး ပါတီ ခေါင်းဆောင် ဒေါ်စုကိုပါ ရိုက်ခတ်လာတာဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒါကိုတွေကို မသိဘူး လားဆိုတော့သိပါတယ်။ ဒါပေမယ့် ပြောမရ
ဆိုမရဖြစ်နေတဲ့ သူ့ပါတီဝင်တွေကို လွှတ်ထားတာကြောင့် NLD ရဲ့ ပုံရိပ် ကျ ဆင်းလာခြင်းလို့လဲ ဆိုလို့ရ နိုင်ပါတယ်။

မိထ္ထီလာအရေး၊ ရခိုင်အရေးတွေမှာ NLD ပါတီဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူအပေါင်းတို့ရဲ့ အပြောအဆို အရေးအသားတွေကြောင့် သူမအတွက် တော်တော်လေးအထိနာခဲ့ရပါတယ်။ သီတဂူ ဆရာတော်တောင် ဦးသိန်းစိန်ကို ထောက်ခံတဲ့စကား မျိုးပြောမိလို့ NLD ပါတီဝင်တွေ ၀ိုင်းဝန်းဆဲဆို လိုက်ကြတာဟာ ဘယ်လိုမှမြင် မကောင်းခဲ့ပါဘူး။

နောက်တစ်ချက်ကတော့ Social Network ရဲ့ ဖေ့ဘွတ်စာမျက်နှာတွေပေါ်က NLD ထောက်ခံသူတွေပါပဲ။ NLD ထောက်ခံသူတွေအနေနဲ့ သူတို့နဲ့ပြိုင်ငြင်းမယ်၊ သူတို့ကိုမထောက်ခံဘူးဆိုရင် ချက်ချင်းပဲ အမျိုးသား သစ္စာဖောက် ပုံစံသတ်မှတ်ပြီး စစ်တပ်က၊ အစိုးရဘက်က၊ စစ်ခွေး၊ ရဲခွေး၊ ကြံ့ဖွတ် အစရှိသည်ဖြင့် စွပ်စွဲလိုက်တာတွေကြောင့် ဘယ်ပါတီစွဲမှမရှိတဲ့ ကြားနေ လူတန်းစားတောင် NLD ကို မုန်းတီးသွားကြပါတယ်။

အလားတူပဲ NLD ပါတီကို ပြည်သူနဲ့ အလှမ်းဝေးစေတဲ့ အချက်တစ်ချက်ကို ပြပါဆိုလျှင်တော့ ပါတီဝင်တွေရဲ့ အစွန်းရောက်မှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဘုရားသခင်၊ သောတပန်၊ နတ်ဘုရား ဟူ၍ပင် မဖြစ်နိုင်သည်များကို တင်စားပြောဆိုမှုများက ပြည်သူ့ချဉ်ဖတ် ဘ၀ကို တဖြည်းဖြည်း ရောက်ရှိလာစေခဲ့တာဖြစ်ပါ တယ်။
ယနေ့ကာလမှာ ထင်ထင်ရှားရှားဥပမာ တစ်ခုကိုပြရမည်ဆိုပါက ယခင်စစ်အစိုးရလက်ထက်က စစ်အစိုးရအနေနဲ့ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ခြင်းကြောင့် NLD ပါတီဝင်တွေအနေနဲ့ တရုတ်အစိုးရအ
aပ်ါမှာ ပြင်းပြင်း ထန်ထန်ဆန့်ကျင်မှုတွေပြုခဲ့ကြ တာတွေ့ခဲ့ရပါတယ်။ သို့သော်လည်း လွန်ခဲ့သည့် ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ အခါမှာတော့ ယခင်က တရုတ်ဆန့်ကျင်ရေးသမားအားလုံး အသံတွေတိတ်ခဲ့ပြီး တရုတ်သမ္မတကြီး ဆိုတဲ့စကားကို ပါးစပ်ဖျားက မချတော့ခြင်း နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နတ်ဘုရား ကွမ်ရင်မယ်တော်နှင့် တင်စားလိုက်တာကလဲ ဗုဒ္ဓဘာသာဝင်မြန်မာပြည်သူ အပေါင်းအတွက် ရယ်စရာ ဟာသ တစ်ပုဒ်ဖြစ်ခဲ့ရပါတယ်။

ယခုအခါမှာလည်း ၂၈ ကြိမ်မြောက်ဆီးဂိမ်း ပြိုင်ပွဲဝင်ရောက်နေတဲ့ မြန်မာ U 23 ဘောလုံးအသင်းအနေနဲ့ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်ကို မှေးမှိန်စေရန်အတွက်ဖန်တီးခဲ့ သည့် အစိုးရ လှည့်ကွက် တစ်ခုလို့ ပြောခဲ့သည့်စကားက မြန်မာပြည်သူ အပေါင်းအတွက် NLD ကို ရွံ့မုန်းမှုပါဖြစ်ခဲ့ရပါတယ်။ အကြို ဗိုလ်လုပွဲစဉ် တုန်းက ရန်ကုန်မြို့၊ မန္တလေးမြို့အပါအ၀င် မြို့ကြီးတွေရဲ့ အထင်ကရနေရာတွေမှာ အစိုးရက ပြည်သူများ ဘောလုံးပွဲ စုပေါင်းကြည့်ရှုရန်အတွက် LED ဘုတ်ကြီးများတပ်ဆင်ပေးခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အတွက် အာရုံလွှဲခဲ့တယ်လို့ NLD ပါတီထောက်ခံသူအပေါင်းက စွပ်စွဲနေကြခြင်း ပဲဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ယခင်က မည်သည့်ပါတီကိုမှ ချစ်ခြင်းမုန်းခြင်းမရှိတဲ့ ကြားနေ၀ါဒ သမား
တစ်ဦးဖြစ်ခဲ့သော်လည်း ယခုအခါမှာတော့ NLD ပါတီဝင်များရဲ့ ယခုလို အစွန်းရောက်မှု၊ ငါနှင့်မတူငါ့ရန်သူဆိုတဲ့ မူဝါဒတွေကို တွေ့မြင်ခဲ့ရတဲ့ အတွက် NLD ပါတီနဲ့ ဝေးရာကို တဖြည်းဖြည်း ရောက်ရှိခဲ့ရခြင်း သာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြောမရဆိုမရဖြစ်နေတဲ့ NLD ပါတီဝင်တွေကို နိုင်နိုင်နင်းနင်း
အုပ်ချုပ်နိုင်ပြီး ပြည်သူထောက်ခံမှုကို ပြန်လည် ရယူနိုင် ပါစေလို့သာ ဆုတောင်းအကြံပြုလိုက်ပါတယ်။

ဝင်းလွင်ထက်

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...