Ads (728x90)


အမေရိကန်နိုင်ငံသား ​Abdul-Rahman ​Kassig ​ခေါ် ​Peter ​Kassig ​ကို ​လည်လှီး သတ်ဖြတ်လိုက်ပြီလို့ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွ ​အဖွဲ့က ​ပြောပါတယ်။
Peter ​Kassig ​ဟာ ​အစ္စလာမ် ​ဘာသာကို ​ကူးပြောင်းပြီး ​Abdul-Rahman ​Kassig ​ဆိုတဲ့ ​နာမည်ကို ​ခံယူခဲ့သူဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ ​ကူညီထောက်ပံ့ရေးတွေ ​လုပ်ရင်း ​အရင်နှစ်က ​ဖမ်းဆီးခံခဲ့ရတာ ​ဖြစ်ပါတယ်။
ညတုန်းက ​ထွက်ပေါ်လာတဲ့ ​ဗီဒီယိုအရ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့က ​Peter ​Kassig ​ရဲ့ ​အလောင်းကို ​ပြသထားပါတယ်။ ​Peter ​Kassig ​ဟာ ​အမေရိကန် ​စစ်သားဟောင်း ​ဖြစ်ခဲ့ပြီး ​နောက်ပိုင်းမှာတော့ ​ဆီးရီးယားနိုင်ငံမှာ ​ကူညီထောက်ပံ့ရေး ​လုပ်ဆောင်တဲ့ ​အမှုထမ်း ​ဖြစ်လာခဲ့ပါတယ်။
အမေရိကန် ​အာဏာပိုင်တွေကလည်း ​ဗီဒီယို ​ထဲမှာ ​ပြသထားတဲ့ ​လူဟာ ​Peter ​Kassig ​ရဲ့ ​အလောင်း ​ဟုတ်မဟုတ်ဆိုတာကို ​စုံစမ်းနေပြီး ​သူ့ရဲ့ ​မိသားစုတွေကလည်း ​အာဏာပိုင်တွေရဲ့ ​အတည်ပြုပေးမှုကို ​စောင့်ဆိုင်းနေတယ်လို့ ​ပြောပါတယ်။
IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ကနေ ​တင်ထားတဲ့ ​အရင် ​ဗီဒီယိုတွေမှာတော့ ​ဖမ်းဆီးခံရသူတွေကို ​စကားပြောခိုင်းလေ့ရှိပေမယ့် ​ဒီတချီမှာတော့ ​သေဆုံးနေတဲ့ ​ပုံကိုသာ ​ပြသထားပါတယ်။
အဲဒီ ​ဗီဒီယိုထဲမှာတော့ ​ဒီပုံတွေကို ​ဆီးရီးယားနိုင်ငံ ​Dabiq ​မြို့မှာ ​ရိုက်ကူးခဲ့တယ်လို့ ​ပြောဆိုထားပြီး ​အဲဒီဗီဒီယို ​ထဲမှာပဲ ​ဆီးရီးယား ​စစ်သား ​၁၂ ​ယောက်လောက် ​လည်လှီးသတ် ​ခံရတဲ့ ​ပုံတွေကိုလည်း ​ပြသထားပါတယ်။
နယူးယောက်ထိုင်းမ်စ် ​မှာ ​ဖော်ပြချက်အရ ​အဲဒီ ​ဗီဒီယိုဟာ ​IS ​အဖွဲ့က ​ထုတ်ပြန်ထားတဲ့ ​ဗီဒီယို ​အစစ်အမှန် ​ဖြစ်တယ်လို့ ​အမေရိကန် ​အစိုးရက ​ပြောဆိုကြောင်း ​ဖော်ပြထားပါတယ်။
ABC Radio Australia

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...