ညီမဖြစ်သူ အနုပညာလောကထဲ ရောက်လာတာနဲ့ ပတ်သက်ပြီးတော့လည်း သူမက “အငယ်မ ကတော့ ၀ါသနာပါတယ်။ ခုက ကျောင်းတစ်ဖက်နဲ့ဆိုတော့ အရမ်းကြီး ပေးမလုပ်စေချင်သေးဘူး။ စာမေးပွဲပြီးတော့ ကိုခန့်ကလဲ ခေါ်ရိုက်တာနဲ့စမ်းရိုက်ကြည့်တာ။ ညီအစ်မနှစ်ယောက် ဂိုဏ်းစတား ပုံစံလေးဆိုတော့ သူ့အတွက် စမ်းလုပ်ပေးကြည့်တဲ့ သဘောပေါ့။ လုပ်နိုင် မလုပ်နိုင် ကြည့်တာပေါ့နော်။။ ကံကလဲ ပါဦးမှဆိုတော့ အိချော သိပ်ပြီးတော့ မတိုက်တွန်းဘူး။ တခါတလေ လုပ်ချင်ရင်လဲ လုပ်ဆိုပြီး ပေးလုပ်ထားတာပါ။ သူ့ပညာရေးလေးကိုတော့ပိုပြီးလုပ်စေချင်တယ်”တဲ့။
အချစ်နဲ့ပတ်သတ်ပြီးတော့ အချစ်ဆိုတာ လူတိုင်းတွေ့ရမှာလို့ သူမက ဆိုတာကြောင့် အဲ့ဒီအကြောင်း မေးမြန်းကြည့်လိုက်တော့ “အချစ် ရှောင်လို့လဲမရဘူး။ တနေ့နေ့မှာ ရှိလာမှာပဲ။ ရှိလာရင်လဲ ကိုယ့်အပေါ် နားလည်နိုင်တဲ့သူ ဖြစ်စေချင်တယ်။ အရင်ကထက်တော့ ပိုလေးနက်လာတယ်။ အချစ်ကို နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါရောစဉ်းစားမယ်။ ချစ်တာတော့ ချစ်တာပေါ့နော်။ အချစ်က ပူလောင်မှု အေးချမ်းမှုဆို အရမ်းကြီးတော့ မအေးချမ်းဘူး။ သာသာယာယာလေးပဲပေါ့။ သမီးရည်းစားတွေ ဆိုတော့ရန်ဖြစ်ကြတာ၊ စိတ်ကောက်ကြတာတွေတော့ ရှိတယ်။ ဒါပေမဲ့လဲ လူတစ်ယောက်က သူ့ဗီဇနဲ့သူ လာတာဆိုတော့ ပြုပြင်ဖို့ဆိုတာ ခဲ့ယဉ်းတယ်။ အဲ့ဒီတော့ နားလည် ပေးလိုက်တာများပါတယ်။”လို့ သူမက ဆိုတာကြောင့် သရုပ်ဆောင် မင်းသားထဲက နာမည်သုံးလုံးပိုင်ရှင် နဲ့ကြိုက်နေတဲ့သတင်းအကြောင်း ထပ်မေးကြည့်တဲ့အခါမှာတော့ အဲ့ဒီကိစ္စကို မမေးဖို့ ပြောသွားခဲ့ပါတယ်။
Trend Myanmar
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။