Ads (728x90)


 
ဆူးက ကိုယ့်အကောင့်ထဲမှာ ဒေါ်လာ ၁၀၀ ပြည့်ရင် ထည့်ပေးထားတဲ့လိပ်စာကို
ချက် လက်မှတ်ပို့ပေးမှာလို့ သိရပါတယ် ။
ဒီတော့ အမေရိက လိပ်စာ တစ်ခုလောက်တော့ လိုနေပါပြီ ။
တကယ်လို့ ကျွန်တော်ဒီကနေ ထုတ်မရရင် အမေရိကားမှာနေပြီး
ပရဟိတ လုပ်နေတဲ့ မြန်မာတစ်ဖွဲ့ဖွဲ့ ကိုပဲ လိပ်စာ လွှဲပေးလိုက်ပြီး
ပထမဆုံး ရတဲ့ ဒေါ်လာ ၁၀၀ လှူ လိုက်ဖို့ စဉ်းစားထားပါတယ် ။

ကျန်တဲ့ ကျွန်တော့်လိုပဲ လှူချင်တယ်ဆိုတဲ့ လူတွေလည်း ရှိသေးတော့
ဘာမှ မပူပါနဲ့ဗျာ ။
အမေရိကားမှာ အသိတွေ ရှိပါတယ် ။
၁၀၀ ပြည့်မှ ပေါင်းလွှဲပေးပြီး ထုတ်ခိုင်းကြတာပေါ့ ။
( မုန့်ဆီကြော်က ဘယ်နေမှန်းတော့ မသိသေး ။
နှာခမ်းနာ ကိစ္စ စဉ်းစားနေရပြီ )
မလှူဘူး ၊ တန်း သုံးမယ် ဆိုတဲ့လူတွေလည်း ဘာမှ မပူပါနဲ့ဗျာ ။
ငွေလွှဲ ထုတ်ပေးတဲ့ ပွဲစား တွေ အများကြီး ရှိပါတယ် ။
ချိတ် ပေးပါ့မယ် ။
ပြီးတော့ ဆူးက မမ်ဘာ အချင်းချင်း ငွေလွှဲလို့ရအောင်လည်း လုပ်ပေးသွားမှာပါ ။
ဒီတော့ ကိုယ်က ဒေါ်လာ ၁၀၀ မပြည့်သေးရင်တောင်
၁၀ ဒေါ်လာရှိတဲ့လူ ၁၀ ယောက်က အကောင့် တစ်ကောင့်ကို စု လွှဲပြီးပြီး
သူ့ကို ထုတ်ခိုင်းတာမျိုးလည်း လုပ်လို့ရပါတယ် ။
( ယုံရတဲ့လူတွေ ဖြစ်ဖို့တော့ လိုတာပေါ့ )
ဒီတော့ ပျော်ပျော်ပါးပါး ဖဘ သုံးသလိုသာ သုံးပါဗျာ ။
အရမ်းကြီး လည်း လုပ်စရာမလိုပါဘူး ။
ကျွန်တော်တို့လို အင်တိုက်အားတိုက် သုံးချင်တဲ့လူ ရှိရင်တော့ ပြောပါ ။
ကျွန်တော် သိတာ တစ်ချို့ မျှဝေပေးပါ့မယ် ။
တကယ်က ဆူးက ဖဘ နဲ့တင် ပြိုင်ဘက် ဖြစ်လာမှာမဟုတ်ဘူး ။
paypal ကိုပါ လိုက် ဖိုက်ဖို့ ပြင်ထားတာ ။
အသေးစိတ်ကို Fox business က ဆူး founder ကို အင်တာဗျူးလုပ်ထားတဲ့
ဗီဒီယိုမှာ နားထောင်ကြည့်လို့ရပါတယ် ။
English နည်းနည်း ရဖို့တော့ လိုပါလိမ့်မယ် ။
http#sp=show-clips
ဒီအောက်က လင့်ကတော့ The New York Time မှာပါလာတဲ့ ဆူး ရဲ့ အကြောင်းပါ ။
အကောင်းအဆိုး မျှမျှတတ စုစည်းတင်ပြထားတာမို့ ဖတ်သင့်ပါတယ် ။
http://op-talk.blogs.nytimes.com/2014/10/27/the-social-network-that-pays-you-to-friend/?_r=0
ဒါပေမယ့် ဆူးဟာ အမေရိကန်ဒေါ်လာ ၇ သန်းသာ ရထားသေးတဲ့
Start-up တစ်ခု ဖြစ်လို့ အခြေအနေတွေ ပြောင်းသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။
( နည်းပညာ အခက်အခဲ တွေ ၊ လူအင်အား ၊ ကွန်ရက် အင်အားတွေ
ဖဘ နဲ့ ယှဉ်ဖို့ အဝေးကြီးလိုပါသေးတယ်ဗျာ ။ )
အဲဒီ စွန့်စားမှုလေးတော့ ယူနိုင်မှ သုံးကြပါ ။
တော်ကြာ ကျွန်တော့်ကို ဝိုင်းဆဲ နေကြဦးမယ် ။
ကျွန်တော်တို့က
( ကြော်ငြာ ဝင်ငွေ ရဲ့ ၉၀ ရာခိုင်နှုန်းကို အသုံးပြုသူတွေကို
ပြန်လည် ခွဲဝေးပေးတဲ့ ) ဆူးရဲ့ အယူအဆ ကို ချစ်လို့
ဒီပွဲမှာ ဆူးဘက်က ဝင်ပါပေးနေတာပါ ။
အဓိက က Tsu ရဲ့ ပင်မ အတွေးအခေါ် ဖြစ်တဲ့
social network တစ်ခုကို သုံးစွဲသူတွေဟာ
သူတို့ရဲ့ ကိုယ်ပိုင် ဖန်တီးကြံစည်ရေးသားမှုတွေကို
social network တွေပေါ် တင်ကြတယ် ။
ဒီအတွက် social network တည်ထောင်တဲ့ company/founders တွေက
ကြော်ငြာဘက်ကနေ ငွေကြေး အကျိုးအမြတ် ရရှိနေကြသလို
ကျွန်တော်တို့ ခင်ဗျားတို့လို သုံးစွဲသူတွေဟာလည်း ဒီ အကျိုးအမြတ်တွေနဲ့
တစ်စိတ် တစ်ပိုင်း သက်ဆိုင်တယ် / ရသင့်တယ် ဆိုတဲ့ အယူအဆကို
ကြိုက်လို့ပါ ။
ကျွန်တော်တို့ အားပေးတဲ့ စာရေးဆရာတွေ ၊ ကဗျာဆရာတွေ ၊
ကျော်ကြားသူတွေဟာ ကျွန်တော်တို့ရဲ့ ပေါ်မှာ လာရောက်အားပေးမှုကြောင့်
ဝင်ငွေ ရမယ်ဆိုတာ မကောင်းဘူးလားဗျာ ။
( သူတို့အတွက် သိပ်မက်လောက်တဲ့ ပမာဏ မဟုတ်လည်း
အလှူတွေ ဘာတွေ စုပြီး လုပ်ပေးလို့ ရတာပေါ့ ဗျာ )
ဒီတော့ ကျွန်တော်ကတော့
ကျွန်တော် ကိုယ်တိုင် ဝင်ငွေ သိပ် မရလည်း
သူတို့ တကယ် မှန်မှန်ကန်ကန် တခြားလူတွေကို ပေးနေမယ်ဆိုရင်
ဆူးကို ဆက်သုံးနေမှာပါ ။

‪#‎share‬ ပြည့်သွားလို့
‪#‎credit‬- ‪#‎ZinZae‬

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...