Ads (728x90)

အစွန်းရောက်အုပ်စု ISIS အဖွဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi က ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အသံဖိုင်ဖြင့် ပြောဆိုတဲ့ မိန့်ခွန်းအသစ်တစ်ခုမှာ  ဂျီဟတ်မီးတောင်တွေကို ပေါက်ကွဲထွက်စေဖို့ အဖွဲ့သားတွေကို ဆော်သြခဲ့ကြပါတယ်။ Flashpoint Intelligence အဖွဲ့ ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဖွဲ့ နဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး အကြံပေး၊ အတိုင်ပင်ခံ အဖွဲ့တို့ ရဲ့ပြောဆိုချက်အရ အဲ့ဒီအသံသွင်းဖိုင်ဟာ အစစ်အမှန်ဖြစ်ပါတယ်။ ISIS ခေါင်းဆောင်ကို Iraq လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ သူ့ကို ဒဏ်ရာရရှိခဲ့တယ်လို့ ယူဆထားခဲ့ပေမယ့် ဒါဟာလွဲမှားသွားခဲ့ကြောင်း ရက်အနည်းငယ်အကြာ အသံဖိုင်ထွက်လာခဲ့တဲ့အခါမှာ အတည်ပြုလိုက်ရတာပါ။
အသံဖိုင်ထဲမှာ သူက “အစ္စလမ်မစ်စစ်သားများ … အဲဒီစစ်သားတွေကို ဆက်လက်ချေမုန်းကြ “လို့  ပြောဆိုထားပါတယ်။ ဂျီဟတ်မီးတောင်များ နေရာအနံ့ ပေါက်ကွဲထွက်အောင်လုပ်ကြပါ။ ကမ္ဘာကြီးကို မီးလျှံတွေနဲ့ ထွန်းညှိလိုက်ကြပါစို့ လို့ ဆော်သြထားပါတယ်။
ဆီးရီးယားနဲ့ အီရတ်မှာ ISIS အဖွဲ့အား ဆန့်ကျင်ဗုံးခွဲတိုက်ခိုက်မှု ကျရုံးနေပါတယ်။ အမေရိကနဲ့ သူ့ရဲ့ မဟာမိတ်များ ထိတ်လန့်တုန်လှုပ်နေပြီ။ အားနားနေကြပါပြီ။ အစွမ်းအစမရှိတော့ပါဘူး လို့ အစွန်းရောက်ဝါဒီခေါင်းဆောင်က ကြေငြာသွားခဲ့တယ်။
Source: TIME
Trend Myanmar

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...