Ads (728x90)

8.10.2014-1 8.10.2014-2 8.10.2014-3

ပျောက်ဆုံးတောင်တက်သမား(၂)ဦးအား ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်စဉ် အဆက်အသွယ်ပြတ် တောက်ခဲ့သည့် ထိုင်းနိုင်ငံမှ B4 ရဟတ်ယာဉ် အား မောင်းနှင်ခဲ့သော ရဟတ်ယာဉ်မှူး Chatchawal အား ယမန်နေ့ အောက်တိုဘာ(၇)နေ့ ညကတည်းက တောင်တက် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ဒေသခံများ၊ ဒေသအာဏာပိုင်များနှင့် တပ်မတော်တို့၏ အကူအညီဖြင့် ထူးဖောင်ဒေးရှင်းမှ ရှာဖွေမှုများ အမြန်ဆုံး ဆောင်ရွက်ခဲ့ရာ ယနေ့ အောက်တိုဘာလ (၈)ရက် နံနက်ပိုင်းတွင် ရှာဖွေကယ်ဆယ်နိုင်ခဲ့သည်။

ဒဏ်ရာအနည်းငယ် ရရှိထားသည့် ထိုင်း ရဟတ်ယာဉ်မှူး Mr. Chatchawal ကို ယခုအခါ လန်ဆာထု ကျေးရွာသို့ ဒေသခံရဝမ်လူမျိုးများ၏ အကူအညီဖြင့် ခေါ်ဆောင်လာလျက်ရှိပြီး လန်ဆာထုကျေးရွာတွင် ၄င်းအား ခေတ္တနားနေစေမည်ဖြစ်ပါသည်။

ပူတာအိုတွင် SOS medical အဖွဲ့မှ ဒေါက်တာ Oliver အပါအဝင် ဆရာဝန်များအသင့်ပြင်ဆင်ထားပြီးဖြစ်ပါသည်။

မြန်မာရဟတ်ယာဉ်မှူး အောင်မြတ်တိုးသည် မျက်လုံးတွင် ထိခိုက်ဒဏ်ရာ ရထားသည်ဟု ကြားသိရပြီး တောတွင်းရှိ ဂူတစ်ဂူထဲတွင် ရှိနေကြောင်း သိရှိရပါသည်။

ထူးဖောင်ဒေးရှင်း၏ နာယက ဦးတေဇနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ဒေသကျွမ်းကျင်သူ ရဝမ် အမျိုးသား ယောဆပ်နှင့် ဒေသခံများ၏ အကူအညီဖြင့် မြန်မာရဟတ်ယာဉ်မှူးအား ကယ်ဆယ်နိုင်ရန် အပြင်းအထန် ကြိုးစားလျက် ရှိပါသည်။

ပူတာအိုလေဆိပ်တွင် အရေးပေါ် ဆေးဝါးကုသနိုင်ရန် လေယာဉ်တစ်စီး အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်ပါသည်။

Ref ; +HTOO Foundation 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...