ထူးဖောင်ဒေးရှင်းမှ
ကယ်ဆယ်ရေးအဖွဲ့သည် ဒဏ်ရာရရှိထားသော ထိုင်းရဟတ်ယာဉ်မှူး Chatchawal အား ယနေ့
အောက်တိုဘာ(၈)ရက်၊ ညနေ ၅ နာရီခန့်တွင် ကယ်ဆယ်ရေး ရဟတ်ယာဉ် B3 ဖြင့်
လန်ဆာထုရွာမှ ပူတာအိုသို့ အောင်မြင်စွာခေါ်ဆောင်နိုင်ခဲ့ပါသည်။
ထိုင်းရဟတ်ယာဉ်မှူး Chatchawal အား ပူတာအိုမြို့တွင် အသင့်ရောက်ရှိနေသော
ဒေါက်တာ အိုလီဗာနှင့် ဆေးအဖွဲ့မှ လိုအပ်သော ကျန်းမားရေး စောင့်ရှောက်မှုများ
ပြုလုပ်ပေးခဲ့ပါသည်။
ပူတာအိုတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပြီးနောက် ထိုင်းရဟတ်ယာဉ်မှူး Mr.Chatchawal အား တင်ဆောင်သွားသည့် လေယာဉ်သည် မန္တလေးမြို့သို့ ထွက်ခွာသွားပြီ ဖြစ်ပါသည်။
ထိုင်း ရဟတ်ယာဉ်မှူး Chatchawal ရောက်ရှိနေသည့် တောအုပ်အတွင်းသို့
ဒေသခံရ၀မ်လူမျိုးများနှင့် ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့မှ ရှေးဦးစွာ
သွားရောက် ခေါ်ဆောင်ခဲ့ပြီးနောက် လန်ဆာထုရွာမှနေ၍ ပူတာအိုသို့
ဆေးကုသမှု ခံယူရန် ချက်ချင်း သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထပ်မံကျန်ရှိနေသည့် မြန်မာရဟတ်ယာဉ်မှူး အောင်မြတ်တိုး အားလည်း အမြန်ဆုံးပြန်လည် ကယ်ဆယ်နိုင်ရေးအတွက် နာယကကြီးဦးတေဇ ကိုယ်တိုင် ဦးဆောင်ပြီး ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ကြိုးစားလုပ်ဆောင်လျက် ရှိပါသည်။
(11 photos)ပူတာအိုတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပြီးနောက် ထိုင်းရဟတ်ယာဉ်မှူး Mr.Chatchawal အား တင်ဆောင်သွားသည့် လေယာဉ်သည် မန္တလေးမြို့သို့ ထွက်ခွာသွားပြီ ဖြစ်ပါသည်။
ထိုင်း ရဟတ်ယာဉ်မှူး Chatchawal ရောက်ရှိနေသည့် တောအုပ်အတွင်းသို့
ဒေသခံရ၀မ်လူမျိုးများနှင့် ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့မှ ရှေးဦးစွာ
သွားရောက် ခေါ်ဆောင်ခဲ့ပြီးနောက် လန်ဆာထုရွာမှနေ၍ ပူတာအိုသို့
ဆေးကုသမှု ခံယူရန် ချက်ချင်း သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထပ်မံကျန်ရှိနေသည့် မြန်မာရဟတ်ယာဉ်မှူး အောင်မြတ်တိုး အားလည်း အမြန်ဆုံးပြန်လည် ကယ်ဆယ်နိုင်ရေးအတွက် နာယကကြီးဦးတေဇ ကိုယ်တိုင် ဦးဆောင်ပြီး ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ကြိုးစားလုပ်ဆောင်လျက် ရှိပါသည်။
Ref ; +HTOO Foundation

Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။