Ads (728x90)


Photo: ဂျီဟက်ကြေငြာထားသော ဗလီများအား အရေးယူရေး ရန်ကုန်မြို့တွင် သံဃာအများအပြားတောင်းဆို

From : .. Myanmar Age

  ဂျီဟက်ကြေငြာထားသော ဗလီများအား အရေးယူရေး ရန်ကုန်မြို့တွင် သံဃာအများအပြားတောင်းဆို ခြင်းနှင့် ပဋိပက္ခများကြောင့် နစ်နာခဲ့ရသူများအတွက် ဆုတောင်းမည့် သံဃာတော်များအား ရွှေတိဂုံဘုရားတွင် ဇူလိုင်လ ၄ ရက်နေ့က ဖူးတွေ့ရစဉ်။ ဆုတောင်းရန်အတွက် စုစုပေါင်း သံဃာတော် အပါး ၁၀၀ နှင့် ဒကာအချို့ ရွှေတိဂုံဘုရားဆီသို့ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။ မန္တလေးတွင် ဒေသဆိုင်ရာ အာဏာပိုင်များက၊ ည ၉ နာရီမှ နံနက် ၅နာရီ အတွင်း အိမ်ပြင်မထွက်ရ ကာဖျူးအမိန့်ကို ထုတ်ပြန်ထားသည်။ အဓိကရုဏ်းအတွင်း ဗုဒ္ဓဘာသာ တစ်ဦး နှင့် မူစလင် တစ်ဦး သေဆုံးခဲ့ကာ အဓိကရုဏ်း ဒုတိယညတွင် လူ ၁၄ ဦး (ဗုဒ္ဓဘာသာ ၁၃ ဦး နှင့် ခရစ်ယာန် တစ်ဦး ) ဒဏ်ရာရခဲ့သည်။ 

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့်စပ်လျဉ်းပြီး ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၌ ဇူလိုင် ၄ ရက် နေ့လယ် သုံးနာရီအချိန်တွင်သံဃာတော်များနှင့် ပြည်သူများမှ "ဂျီဟက်ကြေညာထားသော မန္တလေးမှဗလီများ ချက်ချင်းအရေးယုပေး" ဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လှည့်လည် တောင်းဆိုခဲ့ ကြသည်။

ယင်းသို့လှည့်လည်ရာတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အခြားသောအဖွဲ့အစည်းများမှ လာရောက် ပုး ပေါင်းခဲ့သည်ကို တွေ့ရှိရပြီး လှည့်လည်ရာ၌ခွင့်ပြုချက်ကို သက်ဆိုင်ရာသို့ ပေးပို့ထားကြောင်း သိရသည်။

“ဘုရားဆိုတာ ဗုဒ္ဒဘာသာ ဘယ်သူမျိုးမဆို ဆုတောင်းလို့ရတယ်။ ဒါကြောင့်ခွင့်ပြုမိန့်ဆိုတာ မလိုပါဘူး။ အကြောင်း ကြားစာတော့ပေးပို့ထားတယ်”ဟုမျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ မှ ဦးသုစိတ္တ က မိန့်ကြားခဲ့သည်။

အဆိုပါလှည့်လည်ရာတွင် ဂျီဟတ်ကြေငြာသော မန္တလေးမှ ဗလီများကို ချက်ချင်းအရေးယူပေး၊ ဗလီမှဂျီဟတ် ကြေငြာခြင်းသည် နိုင်ငံတော်၏ဥပဒေကို ဆန့်ကျင်ယုံမျှမကအချုပ်အခြာအာဏာကိုပါ စိန်ခေါ်ခြင်းဖြစ်သည်၊ ဂျီဟတ်ဝါဒီများကို ချက်ချင်းအရေးယူပေး ၊ လးမြို့ရှိရဟန်း သံဃာတော်များဘေး  အန္တရာယ်ကင်းရှင်းကြပါစေဟူ သောဆိုင်းဘုတ်များကိုင်ဆွဲ၍မေတ္တာပို့လှည့်လည်
ဆုတောင်းခဲ့ကြသည်။

လှည့်လည်ရာတွင်သံဃာတော်အပါးလေးဆယ်ဝန်းကျင်နှင့်ပြည်သူလေးဆယ်ခန့်မှလှည့်လည်၍ဆုတောင်းခဲ့ ကြသည်ကိုတွေ့ရှိရသည်။

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ မန္တလေးခရိုင်အုပ်ချုပ်ရေးဦးစီးဌာနမှ ဇူလိုင်သုံးရက်နေ့ ရက်စွဲဖြင့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ကြေငြာခဲ့သည်။
ဂျီဟက်ကြေငြာထားသော ဗလီများအား အရေးယူရေး ရန်ကုန်မြို့တွင် သံဃာအများအပြားတောင်းဆို ခြင်းနှင့် ပဋိပက္ခများကြောင့် နစ်နာခဲ့ရသူများအတွက် ဆုတောင်းမည့် သံဃာတော်များအား ရွှေတိဂုံဘုရားတွင် ဇူလိုင်လ ၄ ရက်နေ့က ဖူးတွေ့ရစဉ်။ ဆုတောင်းရန်အတွက် စုစုပေါင်း သံဃာတော် အပါး ၁၀၀ နှင့် ဒကာအချို့ ရွှေတိဂုံဘုရားဆီသို့ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။ မန္တလေးတွင် ဒေသဆိုင်ရာ အာဏာပိုင်များက၊ ည ၉ နာရီမှ နံနက် ၅နာရီ အတွင်း အိမ်ပြင်မထွက်ရ ကာဖျူးအမိန့်ကို ထုတ်ပြန်ထားသည်။ အဓိကရုဏ်းအတွင်း ဗုဒ္ဓဘာသာ တစ်ဦး နှင့် မူစလင် တစ်ဦး သေဆုံးခဲ့ကာ အဓိကရုဏ်း ဒုတိယညတွင် လူ ၁၄ ဦး (ဗုဒ္ဓဘာသာ ၁၃ ဦး နှင့် ခရစ်ယာန် တစ်ဦး ) ဒဏ်ရာရခဲ့သည်။

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့်စပ်လျဉ်းပြီး ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၌ ဇူလိုင် ၄ ရက် နေ့လယ် သုံးနာရီအချိန်တွင်သံဃာတော်များနှင့် ပြည်သူများမှ "ဂျီဟက်ကြေညာထားသော မန္တလေးမှဗလီများ ချက်ချင်းအရေးယုပေး" ဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လှည့်လည် တောင်းဆိုခဲ့ ကြသည်။

ယင်းသို့လှည့်လည်ရာတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အခြားသောအဖွဲ့အစည်းများမှ လာရောက် ပုး ပေါင်းခဲ့သည်ကို တွေ့ရှိရပြီး လှည့်လည်ရာ၌ခွင့်ပြုချက်ကို သက်ဆိုင်ရာသို့ ပေးပို့ထားကြောင်း သိရသည်။

“ဘုရားဆိုတာ ဗုဒ္ဒဘာသာ ဘယ်သူမျိုးမဆို ဆုတောင်းလို့ရတယ်။ ဒါကြောင့်ခွင့်ပြုမိန့်ဆိုတာ မလိုပါဘူး။ အကြောင်း ကြားစာတော့ပေးပို့ထားတယ်”ဟုမျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ မှ ဦးသုစိတ္တ က မိန့်ကြားခဲ့သည်။

အဆိုပါလှည့်လည်ရာတွင် ဂျီဟတ်ကြေငြာသော မန္တလေးမှ ဗလီများကို ချက်ချင်းအရေးယူပေး၊ ဗလီမှဂျီဟတ် ကြေငြာခြင်းသည် နိုင်ငံတော်၏ဥပဒေကို ဆန့်ကျင်ယုံမျှမကအချုပ်အခြာအာဏာကိုပါ စိန်ခေါ်ခြင်းဖြစ်သည်၊ ဂျီဟတ်ဝါဒီများကို ချက်ချင်းအရေးယူပေး ၊ မန်းလေးမြို့ရှိရဟန်း သံဃာတော်များဘေး အန္တရာယ်ကင်းရှင်းကြပါစေဟူ သောဆိုင်းဘုတ်များကိုင်ဆွဲ၍မေတ္တာပို့လှည့်လည်
ဆုတောင်းခဲ့ကြသည်။

လှည့်လည်ရာတွင်သံဃာတော်အပါးလေးဆယ်ဝန်းကျင်နှင့်ပြည်သူလေးဆယ်ခန့်မှလှည့်လည်၍ဆုတောင်းခဲ့ ကြသည်ကိုတွေ့ရှိရသည်။

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ မန္တလေးခရိုင်အုပ်ချုပ်ရေးဦးစီးဌာနမှ ဇူလိုင်သုံးရက်နေ့ ရက်စွဲဖြင့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ကြေငြာခဲ့သည်။
 

From : .. Myanmar Age

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...