Ads (728x90)

Photo: ဦးဝီရသူ အသက်အန္တရယ် ခြိမ်းခြောက်ခံရမှု ဒေါ်စု၊ ဒဲရစ်မစ်ချယ် နှုတ်ဆိတ်
~~~~~~~~~~~~~~~~~~~~~~

မန္တလေးမြို့ အထင်ကရ မစိုးရိမ်တိုက်အုပ်ဆရာတော် ဦးဝီရသူအား ဗလီသို့ ထွက်လာခိုင်းပြီး လုပ်ကြံရန် ခြိမ်းခြောက်သည့် ရုပ်သံဖိုင် လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သော်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည် နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ် တို့မှ နှုတ်ဆိတ်နေကြောင်း သတင်းရရှိသည်။ 

ဗုဒ္ဓဘာသာ ဆရာတော်ဦးဝီရသူမှာ ဇူလိုင်လ ၁ ရက်နေ့ခန့်က ခြိမ်းခြောက်ခံခဲ့ရခြင်းဖြစ်ပြီး မျိုးစောင့်ဥပဒေ ကန့်ကွက်သူများ ခြိမ်းခြောက်ခံရသည်ဆိုစဉ်က ဒေါ်အောင်ဆန်းစုကြည် မှ လွှတ်တော်အထိ ခေါ်ယူမေးမြန်း တွေ့ဆုံကာ  ဒဲရစ်မစ်ချယ်မှလည်း အထူးစိုး ရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဦးဝီရသူ ခြိမ်းခြောက်ခံရမှုတွင် သာမက NDF ပါတီမှ ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက် ခံရသည့်အပြင် နေအိမ်အဖောက်ခံရမှုများ ဖြစ်ပွားခဲ့သော်လည်း အဆိုပါ ၂ ဦးမှာ မစိုးရိမ်ခဲ့ကြခြေ။ အလားတူ မန္တလေးတွင် မငြိမ်းမချမ်းဖြစ်နေချိန်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်မှာ ပါတီညီလာခံကျင်းလျှက်ရှိသည်။ မနေ့ မန္တလေးတွင် အစ္စလမ်အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သူ ကိုထွန်းထွန်း ဇာပနအား သောင်းချီသော လူအုပ်ကြီးမှ လိုက်ပို့ခဲ့ပြီး ဦးဝင်းတင်ဇာပနထက် လူများကြောင်း သတင်းရရှိသည်.။

From : .. Myanmar Watch

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...