ဒီအချိန်မှာ ဒေါ်စုကြည်ဟာ မန္တလေးပဋိပက္ခအတွက် သူမရဲ့နုတ်ကနေပြီး လူထုကြီးကို တစ်ခုခုတော့ ပြောဆိုသင့်နေပါပြီ ။
လူထုခေါင်းဆောင်လို့ မိမိကိုယ်ကိုယ် ခံယူထားသူဟာ ဒီလို ပဋိပက္ခမျိုးမှာ နုတ်ဆိတ်နေတာဟာ တကယ်တမ်းတော့ ရှက်ဖို့သိပ်ကောင်းနေပါတယ်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ အလွန်အမင်း သမ္မတဖြစ်ချင်နေသူ တစ်ယောက်အနေနဲ့ ယနေ့ယခု
အချိန်အထိ ငြိမ်သက်မနေသင့်တော့ပါဘူး။
သူမရဲ့ခရီးစဉ်တိုင်းကို လှိုက်လှိုက်လည်းလည်း ထောက်ခံကြိုဆိုခဲ့တာ ဒီမန္တလေးက လူထုပါ။
သူမကို အောင်ပင်လယ်မှာ လူပင်လယ်ကြီးလို ကြိုဆိုခဲ့ကြတာ ဒီမန္တလေးက လူထုပါ။
နောက်ဆုံး ၄၃၆ လက်မှတ်လေးတွေ လိုပါတယ်ဆိုလို့
ဗိုလ်ချုပ်မျက်နှာနဲ့ ပေးလိုက်ရတာကလည်း ဒီမန္တလေး လူထုကြီးပါ။
အဲဒီတော့ !!!!
ဒေါ်စုကြည်ဟာ ဒီပဋိပက္ခကြီးမှာ စိတ်ထိခိုက်နေတဲ့ မန္တလေးက ပြည်သူလူထုကြီးကို တစ်ခုခု ပြောမှကို ရပါတော့မယ်။
ဒီမိုကရေစီမယ်တော်ကြီး အနေနဲ့ အမှန်တရားကို ချစ်မြတ်နိုးပါတယ်ဆိုရင်တော့ မိမိစိတ်ထဲမှာ မှန်တယ်ထင်တာကို လူထုကြီးကို ပြောပြသင့်ပါတယ်လို့ ကျုပ်တို့ မန္တလေးသားတွေက တောင်းဆိုပါတယ်။
ဒါမှမဟုတ်ဘဲနဲ့ တိတ်ဆိတ်ငြိမ်သက် နေမယ်ဆိုရင်တော့ လူထုခေါင်းဆောင်ကြီးရဲ့ မပြီးဆုံးသေးသော အခန်းဆက် ခေါင်းရှောင်ခြင်းလို့ဘဲ မှတ်ယူရမှာပေါ့ဗျာ ။
မန္တလေးသား
ကုလားအုပ်
Post a Comment
Blogger Facebook DisqusComment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။