Ads (728x90)

Photo: မကွေး FC နှင့် ပွဲတွင် ကိုယ်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ဦးကိုကိုနိုင်နှင့်ပတ်သက်၍ အဖွဲ့ချုပ်သို့ ဧရာဝတီ စာတင်မည်
=======================================================ဧရာဝတီယူနိုက်တက် FC သည် ပြီးခဲ့သည့် ၂၂.၆.၂၀၁၄ (တနင်္ဂနွေနေ့) က အောင်ဆန်းကွင်းတွင် ကစားခဲ့သော မကွေး FC နှင့် ပွဲအား ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင် ဦးကိုကိုနိုင် နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အား စာတင်၍ တောင်းဆိုမှုပြုလုပ်မည်ဖြစ်သည်။

စာတင် တောင်းဆိုမှု ပြုလုပ်မည့် အကြောင်းအရင်းမှာ မကွေး FC နှင့် ကစားခဲ့သော ပွဲတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက် များအား ကန့်ကွက်သည့် စာမျိုးမဟုတ်ဘဲ နောင် ဧရာဝတီယူနိုက်တက် FC ၏ ပွဲများတွင် ၄င်း ကွင်းလယ်ဒိုင်အား တာဝန်ချထားမှု မပြုပါရန် မေတ္တာရပ်ခံ တောင်းဆိုမည့် စာမျိုးဖြစ်သည်။

“ဦးကိုကိုနိုင်က အရင် တိုင်းနှင့် ပြည်နယ် ပွဲတွေ ကစားခဲ့စဉ်တုန်းက ဧရာဝတီတိုင်း အသင်းရဲ့ ပြိုင်ပွဲ တစ်ခုမှာ ဧရာဝတီအသင်းဘက်ကို အငြင်းပွားဖွယ် ပင်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ပေးခဲ့လို့ အသင်းကစားသမားတွေနဲ့ အကြီးအကျယ် ပြဿနာတက်ခဲ့ဖူးပြီး သူလည်း ဒဏ်ရာရ၊ ဧရာဝတီတိုင်းအသင်းရဲ့ ကစားသမား တော်တော်များများလည်း ရာသက်ပန် ပစ်ဒဏ်ပေးခံခဲ့ရတဲ့ ကစားသမားတွေ ရှိသလို တခြား ပြစ်ဒဏ်တွေ ပေးခံခဲ့ရတဲ့ ပြဿနာမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။

တစ်ခါ မြန်မာနေရှင်နယ်လိဂ်ပွဲတွေ စပြီး Delta United တုန်းက ပွဲတစ်ပွဲမှာ တစ်ဘက်အသင်းကို အငြင်းပွားဖွယ် ပင်နယ်တီ ကန်ခွင့်ပေးခဲ့လို့ အဲ့ဒီ့ပွဲမှာ Delta United ၁ - ၀ နဲ့ ရှုံးခဲ့ဖူးပါတယ်။ အခု မကွေးနဲ့ ကန်တဲ့ပွဲမှာလည်း တစ်ဘက်အသင်းကို ပယ်နယ်တီ ကန်ခွင့်ပေးခဲ့ပါတယ်။ တိုက်ဆိုင်မှုလို့ပဲ ဆိုဆို သူကိုယ်တွယ်တဲ့ ပွဲတိုင်း ကျနော်တို့အသင်းက ပင်နယ်တီဂိုး ၁ ဂိုး ခွင့်ပြု ခဲ့ရတာပါပဲ။ ဒီ မကွေးနဲ့ပွဲမှာ သူ့ ဆုံးဖြတ်ချက်တွေ မှားတယ်၊ မှန်တယ်လို့ မဝေဖန်ချင်ပေမယ့် နောက်ခံ သမိုင်းကြောင်းကို သိထားတဲ့ ကျနော်တို့ အနေနဲ့ရော ကစားသမားတွေ အနေနဲ့ပါ သူကိုင်တွယ်ရင် ကစားရတာ ခက်ခဲတယ်လို့ မြင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဖြစ်နိုင်မယ်ဆိုရင် ဧရာဝတီယူနိုက်တက် ပွဲတွေမှာ သူ့အစား အခြား ဒိုင်လူကြီး တစ်ဦးဦးကို တာဝန်ချထားပေးဖို့ မေတ္တာရပ်ခံပြီး တောင်းဆိုမှု ပြုလုပ်မှာပါ။” ဟု ဧရာဝတီယူနိုက်တက် FC ၏ နည်းပြချုပ် ဦးဆန်းဝင်းက ဖွင့်ဟ ပြောကြားခဲ့သည်။

ဧရာဝတီယူနိုက်တက် သည် ၄င်း မကွေး FC နှင့် ပွဲတွင် ပထမပိုင်း (၇) မိနစ်တွင် ပေးလိုက်ရသော ပင်နယ်တီဂိုးကြောင့် နောက်မှ လိုက်ကစားခဲ့ရပြီး ပထမပိုင်းတွင် ၀ - ၂ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ရာမှ ဒုတိယပိုင်းတွင် ၃ ဂိုး သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ၃ - ၂ ဖြင့် အနိုင်ရရှိခဲ့သည်။

Ref ; #AUFC

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...