Ads (728x90)

Photo: မိုးထဲရေထဲမှာ အောင်ပွဲဆင်နိုင် ခဲ့တဲ့ ရန်ကုန် ယူနိုက်တက်
========================================

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)က ကြီးမှူးကျင်းပ လျက်ရှိသော MNL Myanmar 2014 အမှတ်ပေးပြိုင်ပွဲ ကြီး၏ Week-13 ပွဲစဉ်အဖြစ် မနောမြေ အက်ဖ်စီနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့သည် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစား ခဲ့ကြသည်။ ပွဲမကစားမီတွင် ရန်ကုန် ယူနိုက်တက်နှင့် တစ်မှတ်လျော့ အနေအထားမှ မနောမြေက ကပ်လိုက်နေသဖြင့် ဤပွဲကို နှစ်သင်းစလုံးက အနိုင်ရလဒ် ရည်မှန်း၍ ပွဲထွက်လာခဲ့ ကြသည်။
ရန်ကုန် ယူနိုက်တက်သည် Week-12 ပွဲစဉ်တွင် ဧရာဝတီ ယူနိုက်တက် ကို (၂-၃) ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး မနောမြေ အသင်းမှာမူ အမှတ်ပေးဇယား အဆင့် (၂) မကွေး အက်ဖ်စီကို အနိုင် ကစားနိုင် ခဲ့သည်။ ပွဲစစချင်း ရန်ကုန်အသင်းသည် ရန်အောင်ကျော်၊ အောင်မိုး၊ အီမာဆင်၊ ဆီဇာနှင့် ကျော်ကိုကို အစရှိသော ကစားသမား များ၏ အပေးအယူ မျှတသော တိုက်စစ်ဖြင့် မနောမြေကို ဖိအားပေးခဲ့သလို မနောမြေကလည်း အဆာလီ၊ ကမ်ဘူး၊ အီဗရာဟင်တို့ဖြင့် တုန့်ပြန်ခဲ့သည်။ သို့ရာတွင် ပထမပိုင်း ပွဲချိန်(၂၇)မိနစ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ ရပြီး နာရီဝက် အကြာတွင်မှ ပြန်လည် စတင်နိုင်ခဲ့သည်။ ကျော်ကိုကို၏ တစ်ကိုယ်တော် တိုက်စစ်ကို မနောမြေနောက်တန်း ကစားသမား များက မာမာထန်ထန် တုန့်ပြန်ရာမှ ပွဲချိန် (၃၄)မိနစ်တွင် ရန်ကုန်ယူနိုက်တက် ပင်နယ်တီ ကန်သွင်းခွင့် ရရှိသွားခဲ့ပြီး အဆိုပါဂိုးကို ရန်ကုန် ကျောနံပါတ် (၁၃) ဆီဇာက အမှားအယွင်း မရှိ ကန်သွင်းကာ ပွဲကို (၀-၁)ဂိုးရလဒ်ဖြင့် ဦးဆောင်ခွင့် ရစေခဲ့သည်။
ပွဲချိန် ဒုတိယပိုင်းတွင် လည်း ရန်ကုန်ယူနိုက်တက် က ဆက်လက်ဖိကစား ခဲ့ပြီး မနောမြေ၏ တန်ပြန်ထိုးဖောက်မှု များကို ရန်ကုန်ဂိုးသမား Acton က အကောင်းဆုံး ဟန့်တားနိုင်ခဲ့သည်။ မနောမြေသည် ချေပဂိုးရရှိရေး နှင့် ရန်ကုန်ထံမှ အမှတ်ခွဲယူ နိုင်ရေးတို့ အတွက် အားထည့်ကစား ခဲ့သော်လည်း ပွဲချိန်(၈၃)မိနစ်တွင် မနောမြေ နောက်တန်း၏ ဘောလုံးထိန်းသိမ်းမှု အားနည်းချက်ကို ကောင်းကောင်း အသုံးချလိုက်နိုင်သော ဆီဇာက ဘောလုံးရသွား ခဲ့ပြီး မနောမြေ ဂိုးသမား မွန်ထွယ်အောင်နှင့် တစ်ယောက်ချင်း အတွေ့တွင် လှလှပပ လိမ်ခေါက်ကာ ဂိုးထပ်မံ သွင်းယူနိုင် ခဲ့သောကြောင့် ရှုံးပွဲကြုံခဲ့ရ တော့သည်။

မနောမြေ ပွဲထွက်လူစာရင်း
-----------------------------
မွန်ထွယ်အောင် (ဂိုး)၊ ကမ်ဘူး (အသင်းခေါင်းဆောင်)၊ ကျော်စွာလင်း(၁)၊ ဇန်ဘိုထွန်း၊ သိန်းဇော်၊ ကျော်စွာလင်း(၂)၊ နိုင်ဦးလွင်၊ ထွန်းမင်းစိုး၊ မောင်သန့်၊ အဆာလေ၊ အီဗရာဟင်။
အရန်ကစားသမား စာရင်း-
တင်ဝင်းမြင့်၊ ၀ါးရယ်၊ ၀င်းမြင့်၊ ဇော်ဇော်ဖြိုး၊ မျိုးဇော်လင်း၊ သူရိန်ထွန်း၊ အောင်အောင်မျိုး(ဂိုး)။

ရန်ကုန် ယူနိုက်တက် ပွဲထွက် လူစာရင်း
------------------------------------------
အပ်တန် (ဂိုး)၊ ရာဇာဝင်းသိန်း (အသင်းခေါင်းဆောင်)၊ အောင်ဇော်၊ အလက်ဇန္ဒား၊ ကျော်ကိုကို၊ အောင်မိုး၊ သက်လွင်ဝင်း၊ ဆီဇာ၊ အီမာဆင်၊ ပြည့်ဖြိုးအောင်၊ ရန်အောင်ကျော်။
အရန်ကစားသမား စာရင်း-
အောင်ဝေဖြိုး (ဂိုး)၊ အောင်သိုက်၊ ဇော်ဝင်း၊ ဇာနည်ထက်၊ သန်းထက်အောင်၊ ရန်နိုင်အောင်၊ ဆက်ဖြိုးဝေ။

ပွဲပြီးရလဒ်
-----------
Manaw Myay FC 0 - 2 Yangon United FC
Cezar 34'(Pen), 83'

Ref ; #YUFC

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...