Ads (728x90)


---------------------------------------------------------------------------------

၂၀၁၄ မြန်မာ နေရှင်နယ်လိဂ် (Week-13) ပွဲစဉ်အမှတ် (၇၄) အဖြစ် နေပြည်တော် အသင်းနှင့် ကမ္ဘောဇ အသင်းတို့ ဇွန်လ (၂၁) ရက်နေ့၊ ညနေ (၄) နာရီတွင်
နေပြည်တော် အားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင် နေပြည်တော် အသင်းက ကမ္ဘောဇ အသင်းကို ခက်ခက်ခဲခဲ ကစားပြီး (၂) ဂိုး၊ (၁) ဂိုးဖြင့် အနိုင်
ရယူနိုင်ခဲ့ကာ ချန်ပီယံလမ်းကြောင်း တွင် ဆက်လက် တည်ရှိစေရေးအတွက် လိုအပ်နေသည့် နိုင်ပွဲတစ်ပွဲ ပြန်ရှာနိုင်ခဲ့သည်။
အဆိုပါပွဲတွင် နေပြည်တော် အသင်းသည် ပြီးခဲ့သည့် မြန်မာနေရှင်နယ် လိဂ် သုံးပွဲဆက် ရှုံးနိမ့်ခဲ့သည့် ရလဒ်ဆိုး များအား ချေဖျက်နိုင်ရေး အတွက် အတောင့်
တင်းဆုံး ပွဲထွက်လူစာရင်း ကို အသုံးပြုခဲ့သည်။ ကမ္ဘောဇ အသင်းကလည်း အဝေးကွင်းမှာ ရလဒ်ကောင်းတစ်ခု ပိုင်ဆိုင် နိုင်ရေးအတွက် အဓိက ကစားသမား
အစုံအလင် ဖြင့် နေပြည်တော် အသင်းကို ရင်ဆိုင်ကစား ခဲ့သည်။ ပွဲစ, စချင်းပင် ကမ္ဘောဇအသင်း က ဖိကစားခဲ့ပြီး အိမ်ရှင်အသင်း နောက်တန်းကို တရစပ်
ခြိမ်းခြောက်ခဲ့သည်။ ပွဲချိန် (၁၀) မိနစ်တွင် ကမ္ဘောဇ အသင်းမှ နံပါတ် (၂၀) ဇစ်ကိုဗစ် နေပြည်တော် နောက်ခံလူတွေ ကြားမှ အပိုင် ခေါင်းတိုက် ခွင့်ရခဲ့သော်
လည်း ဂိုးတိုင် ထိထွက်သွားခဲ့ သဖြင့် ဦးဆောင်ဂိုးနှင့် လွဲချော်ခဲ့သည်။ (၂၆) မိနစ်မှာ ကမ္ဘောဇ နံပါတ် (၇) ကန် ရဲ့ ဘယ်တောင်ပံ ဖြတ်တင်ဘောကို ရှေ့တန်း
ကစားသမားများ ကောင်းစွာ အသုံးမချနိုင် ခဲ့သဖြင့် ဦးဆောင်ဂိုး နှင့် ထပ်မံ လွဲချော်ခဲ့သည်။ မိနစ် (၄၀) တွင် နေပြည်တော် အသင်း နံပါတ် (၁၉) အောင်ကျော်
နိုင် ညာတောင်ပံ ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီး အိမ်ရှင် အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့သည်။
ဒုတိယပိုင်း စ,စချင်းမှာပဲ နေပြည်တော် အသင်းဖိကစား ခဲ့ပြီး ပွဲချိန် (၄၆) မိနစ်မှာ နံပါတ် (၁၇) ဒီပီဒီ ဘယ်တောင်ပံက ဖန်တီးပေးမှုကို အပိုင်ကန်သွင်းယူ ပြီး
ဒုတိယမြောက် ဂိုး ရယူနိုင်ခဲ့သည်။ ကမ္ဘောဇ အသင်းကလည်း ချေပဂိုး ပြန်လည်ရရှိရေး လူစားလဲမှုတွေ ပြုလုပ်ခဲ့ရာ ပွဲချိန် (၆၀) မိနစ်တွင် လူစားဝင် ကစားသ
မား နံပါတ် (၃၀) ကျော်ဇေယျာဝင်း လိုအပ်နေသည့် ချေပဂိုးသွင်း ယူပေးခဲ့သည်။ (၈၈) မိနစ်တွင် နေပြည်တော် အသင်းမှ နံပါတ် (၉) ရန်ကျော်ထွေး အပိုင်
ကန်သွင်းခဲ့ ရသော်လည်း ဂိုးဘားတန်း ထိထွက်သွား ခဲ့သည်။ လက်ကျန် ပွဲချိန်များတွင် ကမ္ဘောဇအသင်း ချေပဂိုးရဖို့ အင်တိုက်အားတိုက် ကစားခဲ့သော်လည်း
ဂိုးမသွင်း နိုင်ခဲ့သည့်အတွက် နေပြည်တော်အသင်း (၂ - ၁) ကမ္ဘောဇအသင်း ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

Ref ; #MNL



Myanmar Sports New's

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...