Ads (728x90)


-------------------------------------------------------------------------------------

ရန်ကုန် ဇွန် ၂၃။

မြန်မာနေရှင်နယ်လိဂ် ၂ အသက် ၁၈ နှစ်အောက် လူငယ် ပြိုင်ပွဲ ၊ ပွဲစဉ် ၂ အား ယခုတစ်ပတ် တွင် ကစားခဲ့ကြရာ ဟံသာဝတီယူနိုက်တက် လူငယ်အသင်းနှင့် ရခိုင်ယူနိုက်တက် လူငယ် အသင်းတို့ ၂၁.၆.၁၄ ရက် ညနေ ၃း၃ဝ အ ချိန်က ပဒုမ္မာကွင်းတွင် ကစားခဲ့ကြပါသည်။ ထို့ပွဲစဉ် တွင် နှစ်သင်းစလုံး ကြိုစား ကစားခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြော င့် ကစားကွက်ကောင်းစွာ တည်မရခဲ့ဘဲ တစ်ဖက် တစ်ဂိုးစီ( ၁း၁) ဂိုး ဖြင့် သရေ ဖြစ်ခဲ့ပါသည်။
ဟံသာဝတီ အသင်းသည် ပွဲစဉ် ၁ တွင် ငွေကြယ်ပွင့်လေးများ အသင်းအား ၈ဂိုးပြတ်အနိုင်ရခဲ့သော လူစာရင်းအား အောင်ဖြိုးကို နေရာတွင် ဟန်လင်းဌေး အား အသုံးပြုကာ ရခိုင်လူငယ်အသင်းအား ကစားခဲ့ပါသည်။ ပွဲစသည်နှင့် လူငယ် အသင်းများ ပီပီ လျှင်မြန်မှု၊ မာဂုဏ်တို့ဖြင့် ကစားခဲ့ကြသဖြင့် ပွဲမှာ အပြန်အလှန်ရှိခဲ့ပါသည်။ ပထမ ပိုင်းတွင် ဂိုးသွင်းခွင့်များ အသီသီး ရရှိခဲ့ပြီး ဟံသာဝတီ အသင်းမှ ကန်သွင်းသော ဘောလုံးမှာ ဂိုး ဘားတန်း အားနှစ်ကြိမ်ထက် မနည်း ထိကာ ဂိုးရရန်နီးစပ်သော အခြေအနေထိ ဖြစ်ပေါ်ခဲ့ပါသည်။ထို့ကြောင့် ဦးဆောင်ဂိုး ရရန် ဖွင့်ကစားခဲ့သော်လည်း ရခိုင် အသ င်းဂိုးသမား ခုခံကာကွယ်မှု ကောင်းပုံကြောင့် ပထမ ပိုင်းတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ဂိုးမရှိသရေ ဖြစ်ခဲ့ပါသည်။ ထို့နောက် ဒုတိယ ပိုင်းအား ပြန်လည်စတင်ခဲ့ရာ ပွဲစပြီးခြောက်မီနစ်ခန့် အ ကြာတွင် မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ပွဲအား ဆယ်မိနစ်ခန့် ရပ်နားခဲ့ရပါသည်။ ထို့နောက် ပွဲအား ပြန်လည်စတင်ခဲ့ရာ မိုးအခြေအနေကြောင့် နှစ်သင်းစလုံး အ တွက် အခက်အခဲဖြစ်ခဲ့ရပါသည်။ သို့သော်လည်း ကစားသမားများမှာ အားကစားစိတ်ဓါတ်ပီသစွာ အကောင်းဆုံး ကစားခဲ့ကြပါသည်။ ထို့သို့ ကစားနေရင်း ပွဲချိန် မိနစ် ၇၀ ခန့်တွင် ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပြီး ထိုဘောလုံးအား ဂိုးရှေ့ကန်တင်လိုက်ရာ ပြန်အကျတွင် နှစ်ဖက် ကစားသမားများ ရှုပ်ယှက်ခတ်နေသည့်ကြားမှ ဟံသာဝတီ ဘယ်တောင်ပံ ကစားသမား မျိုးဆက်ပိုင်မှ ကန်ချက်ပြင်းပြင်းကန်သွင်းခဲ့ရာ ရခိုင်ဂိုးသမား မည်သို့မှ မတတ်နိုင်ဘဲ ခွင့်ပြုလိုက်ရပြီး ဟံသာဝတီ အသင်းမှ ဦးဆောင်ဂိုး ရရှိခဲ့ပါသည်။ ဟံသာဝတီ အသင်းအတွက် ဂိုးသွင်းယူခဲ့သော မျိုးဆက်ပိုင်မှာ လူငယ် လိဂ် နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်သော ကစားသမားဖြစ်ခဲ့ပြီး အလားအလာကောင်းများရှိနေသော လူငယ်ကစားသမားလေး ဖြစ်ပါသည်။ ထို့ကြောင့် ထိုး ဦးဆောင်ဂိုးအား ထိမ်းသိမ်းရန် ကြိုးစားခဲ့သောလည်း ပွဲချိန် ၈၀ မိနစ်ခန့်တွင် မလိုအပ်သော ပြစ်ဒဏ်ဘောမှ တစ်ဆင့် ရခိုင်လူငယ်ကစားသမား ကန်သွင်းသော ဘောလုံးမှာ ဟံသာဝတီ ဂိုးသမားလက်မှ ပြုတ်ကျပြီး ချေပဂိုး ပြန်လည်ပေးခဲ့ရပါသည်။ နောက်ပိုင်းအချိန်များတွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ (၁း၁) ရလဒ်ဖြင့် ပြီးဆုံးခဲ့သော်လည်း ဟံသာဝတီ အသင်းမှာ တစ်ပွဲနိုင် တစ်ပွဲသရေ ရမှတ် ( ၄) မှတ်တူညီစွာ ဂိုးကွာခြားချက်အသာ ဖြင့် အမှတ်ပေးဇယားထိပ်တွင် ရပ်တည်လျှက်ရှိပါကြောင်း အသင်းပရိသတ်များအား အသိပေးအပ်ပါသည်။

Ref ; #Hantharwady United football Club
(4 photos)
 
 

Post a Comment

Blogger Disqus

Comment ပေးရန် ညာဘက်ထောင့်မှ Blogger or Facebook or Disqus ကိုနှိပ်ပါ။

Voted This Post

Related Posts Plugin for WordPress, Blogger...